ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း အပိုင်း(၁)
စိုက်ပျိုးရေးနည်းစနစ်များနှင့် သီးနှံစိုက်ပျိုးမှုပုံစံတို့ကို နည်းလမ်းများစွာဖြင့် ခွဲခြားနိုင်ပါ သည်။ ထိုကဲ့သို့ အမျိုးအစားခွဲခြားမှုကို တောင်သူလယ်သမားတို့၏ နေထိုင်မှု၊ ရေလိုအပ်ချက်၊ လုံခြုံမှု၊ လုပ်ငန်းမတူကွဲပြားမှု၊ လူမှုအဖွဲ့အစည်းအခြေအနေ၊ သီးနှံသက်တမ်း၊ စီးပွားရေး အစရှိသည်တို့ပေါ်တွင် မူတည်၍ ခွဲခြားနိုင်ပါသည်။ စိုက်ပျိုးနည်းစနစ်များနှင့် သီးနှံစိုက်ပျိုးမှုပုံစံတို့သည် မိုးရေချိန်၊ ရာသီဥတု၊ မြေဆီသြဇာ၊ မြေအမျိုးအစား စသည်တို့အပေါ်တွင် မူတည်၍ ပြောင်းလဲနေပါသည်။
တောင်ပေါ်ဒေသတွင် နေထိုင်သော တောင်သူလယ်သမားတို့၏ စိုက်ပျိုးမှုကို ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်းနှင့် တည်မြဲသောစိုက်ပျိုးခြင်းဟူ၍ အုပ်စု (၂) စု ခွဲနိုင်ပါသည်။ ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်းသည် အမြဲရွှေ့ပြောင်းနေသော်လည်း နောက်ပိုင်းတွင် တစ်နေရာတည်း၌ တည်မြဲသွားလေ့ရှိပါသည်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းကို တောခုတ်မီးရှို့ခြင်းနှင့် ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းခြင်းဟူ၍ (၂) မျိုးခွဲခြားနိုင်ပါသည်။ ၎င်းတို့သည် ရှေးကျသောပုံစံများဖြစ် သော်လည်း အချို့နေရာများတွင် ယနေ့တိုင် အသုံးပြုနေကြပါသည်။ တောခုတ်မီးရှို့ခြင်းသည် မိုးရေ ပေါများ၍ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သောနေရာများတွင် ပြုလုပ်လေ့ရှိပါသည်။ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းခြင်းကို မိုးရေရှားသောနေရာများတွင် ပြုလုပ်လေ့ရှိပါသည်။
တောင်ယာကွက်အသစ်ဖော်ရန် မီးရှို့ရှင်းလင်းခြင်း
ရွှေ့ပြောင်းတောင်ယာစနစ်ကို မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသတွင် အများဆုံးတွင် ကျင့်သုံး ကြပါသည်။ တောင်သူလယ်သမားတို့သည် တောင်ယာစိုက်ပျိုးရန်မြေနေရာကို ဆောင်းကာလ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ရှာဖွေကြပါသည်။ ၎င်းတို့စိုက်ပျိုးရန် သင့်တော်သော မြေနေရာကို ရှာတွေ့ပါက တောင်စောင်းတွင်ပေါက်နေသော ဝါးရုံပင်များနှင့် ခြုံနွယ်ပိတ်ပေါင်းတို့ကို ခုတ်ထွင် ရှင်းလင်းပြီး တောင်ယာကွက်အသစ်ဖော်ရန် ဒီဇင်ဘာလမှ မတ်လအတွင်း သန့်ရှင်းရေးလုပ်ကြပါသည်။ ထိုကဲ့သို့ ခုတ်ထွင်ရှင်းလင်းထားသော အပင်ခြောက်များကို ဖေဖော်ဝါရီလအဆုံးမှ နွေဦးကာလ ဧပြီလအစတွင် မီးရှို့ကြပါသည်။ တောင်ယာအကွက်အသစ်ဖော်ရန် မီးရှို့ခြင်းသည် မြန်မာနှစ်ကူး ကာလမတိုင်မီ ပြီးဆုံးလေ့ရှိပါသည်။ မီးရှို့ရှင်းလင်းပြီးနောက် ကျန်ရှိနေသောအမှိုက်သရိုက်များကို စုပုံ၍ နောက်တစ်ဖန် မီးရှို့ပါသည်။ ထိုသို့ပြုလုပ်ခြင်းကို “ကျွန်းကွေး” ဟုခေါ်ပါသည်။ ထိုကာလ တွင် တောင်ပေါ်ဒေသ၏ ကောင်းကင်တစ်ခုလုံး မီးခိုးများ၊ ပြာများဖြင့် ဖုံးလွှမ်းလျက်ရှိပါသည်။
တောင်ယာစိုက်ခြင်းနှင့် ပေါင်းပြဿနာ
မီးရှို့ရှင်းလင်းသည့်လုပ်ငန်း ပြီးဆုံးသည့်အခါ စိုက်ပျိုးခြင်းမစတင်မီ အစောပိုင်းကာလတွင် လက်ပေါင်းလိုက်ခြင်းကို ပြုလုပ်ကြပါသည်။ ထိုသို့ပြုလုပ်ပြီး မိုးဦးကျသည့်အခါ တောင်ယာစပါးကို စူးထိုး၍ စိုက်ပျိုးကြပါသည်။ အတန်းလိုက်စိုက်ခြင်းမှာ ရှားပါးပါသည်။ မတ်စောက်သော တောင်စောင်းများဖြစ်ပါက စူးထိုးမျိုးစေ့ချနည်းဖြင့် စိုက်ကြပါသည်။ မြေပြင်ညီညာသော နေရာများတွင် ကြဲပက်၍ စိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်၏ အချို့နေရာများတွင် တစ်ကောင်ဆွဲထယ်ကို အသုံးပြုကြပါသည်။ အချို့နေရာများတွင် ကျွဲ၊ နွားတို့ဖြင့် ထယ်ထိုးစိုက်ပျိုးကြပါသည်။
တောင်ယာစိုက်ပျိုးခြင်းတွင် သီးနှံအမျိုးမျိုးစိုက်ပျိုးသော်လည်း ယေဘူယျအားဖြင့် ယာစပါး၊ ပြောင်း၊ လူးဆပ်၊ နှံစားပြောင်း၊ ဝါပင်၊ မျောက်ဥ၊ ပိန်း၊ အာလူး၊ နှမ်းနှင့် အခြားသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပါသည်။ တောင်ယာစိုက်ပျိုးခြင်းတွင် ပုံမှန်အနေဖြင့် သီးနှံ (၂) ခုမှ (၅) ခုအထိ အတူတကွစိုက်ပျိုးပါသည်။
တောင်ယာစိုက်ပျိုးသောနေရာတွင် သီးနှံပင်များ ကြီးထွားလာချိန်၌ ပေါင်းပင်ပြဿနာရှိလာ ပါသည်။ တောင်ယာကွက်တွင် ပေါင်းရှင်းပေးရမှုသည် အဓိကလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ပေါင်းမရှင်းလျှင် သီးနှံအထွက် ကျဆင်းတတ်ပါသည်။ ပထမဆုံးစိုက်ပျိုးသောနှစ်တွင် မီးရှို့ရှင်းလင်းထားမှု ကြောင့် ရောဂါပိုး၊ အဖျက်ပိုးနှင့် ပေါင်းပြဿနာ ကင်းဝေးလေ့ရှိပါသည်။ တောင်ယာစိုက်ခြင်းကို ပထမနှစ်စိုက်ပျိုးပြီးလျှင် ဒုတိယနှစ်ကိုဆက်၍ စိုက်ပျိုးကြပါသည်။ ဒုတိယနှစ်စိုက်ပျိုးရာတွင် ပေါင်းပြဿနာသည် ပထမနှစ်ထက်ပို၍ ကြီးမားလာပါသည်။
တောင်ယာစိုက်ပျိုးသော သီးနှံများ
ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသော တောင်သူလယ်သမားတို့သည် တစ်နှစ်စိုက်ပျိုးပြီးလျှင် နောက်တစ်နေရာသို့ ရွှေ့ပြောင်းပြီး တောင်ယာခုတ်မီးရှို့ကြပါသည်။ ရှေးယခင်က ရွှေ့ပြောင်း တောင်ယာစနစ်စိုက်ပျိုးရာတွင် စိုက်ပြီးသားအခင်းဟောင်းကို (၁၀) နှစ်ကျော်ချန်လှပ်ထားလေ့ရှိခဲ့ကြ သော်လည်း ယနေ့အချိန်တွင် (၅) နှစ်ခန့်သာ ချန်လှပ်လာကြသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ ရွှေ့ပြောင်းတောင်ယာလုပ်ရင်း တောင်ယာကွက်များသည် ရွာများနှင့်ပို၍ ဝေးကွာလာကြပါသည်။ သီးနှံအထွက်နှုန်းများလည်း တဖြည်းဖြည်းလျော့ကျလာပါသည်။
ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းတွင် တမူထူးခြားသော သီးနှံစိုက်ပျိုးမှုပုံစံ (သို့) စိုက်ပျိုးမှုစနစ်များလည်း ရှိပါသည်။ ဥပမာ - သရက်မြို့ပတ်ဝန်းကျင်တွင် နှမ်း - ဝါသီးနှံ (သို့မဟုတ်) စပါး - ဝါသီးနှံ စသည့် သီးရောပုံစံဖြင့် စိုက်ပျိုးခြင်းဖြစ်ပါသည်။ ချင်းပြည်နယ်တောင်တန်းဒေသများ တွင်လည်း ပြောင်း - လူးဆပ်ပုံစံစိုက်ပျိုးမှုများ ရှိပါသည်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၏ ပထမနှစ်ကို “ယာကျွန်း” ဟု ခေါ်၍ ဒုတိယနှစ်ကို “ဖုန်းဇိုး” (သို့) “မုဆိုးမယာ” ဟုခေါ်ပါသည်။ တတိယနှစ်ကို “ဖုန်းခါး” ဟုခေါ်ပါသည်။ အကယ်၍ တောင်ယာစိုက်ပျိုးမှုတွင် ယာစပါး၊ နှမ်းစသည် တို့ကို စိုက်ပျိုးလျှင် တောင်ယာကွက်ကို ပြန်လည်သန့်ရှင်းရေးလုပ်ပေးရပါသည်။ နှစ်ရှည်ပင်များ စိုက်ပျိုးပါက နောက်ထပ်တစ်သီးထပ်မစိုက်ဘဲ ပေါင်းရှင်းခြင်းကိုသာ ပြုလုပ်သင့်ပါသည်။
တောင်ယာစိုက်ပျိုးခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ
ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုတွင် ကောင်းကျိုးနှင့်ဆိုးကျိုးများရှိပါသည်။
ကောင်းကျိုးများမှာ
(၁) မီးရှို့ထားသောမြေကြောင့် မြေကြီးမှာမွနေပြီး စိုက်ပျိုးရာတွင် လွယ်ကူပါသည်။
(၂) ပထမစိုက်ပျိုးသောနှစ်တွင် ပေါင်းမြက်များ ကင်းဝေးပါသည်။
(၃) မီးရှို့ရှင်းလင်းထားရာမှ ကျန်သောပြာများကြောင့် ကယ်လ်ဆီယမ်၊ ဖော့စဖောရပ်၊ မဂ္ဂနီဆီယမ် အစရှိသည့် အာဟာရဓါတ်များကို အပင်များမှရရှိနိုင်ပါသည်။
(၄) ပေါင်းအန္တရာယ်ကင်းဝေး၍ ပိုးသတ်ဆေးကုန်ကျစရိတ် သက်သာပါသည်။
(၅) သီးနှံ (၂) မျိုးမှ (၅) မျိုးအထိ စိုက်ပျိုးခြင်းကြောင့် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေ မကောင်းလျှင်လည်း အနည်းဆုံးသီးနှံ (၁) မျိုးဖြစ်ထွန်းလေ့ရှိသည်။
(၆) တောင်ယာစိုက်ပျိုးသည့်အခါ မီးရှို့ရှင်းလင်းရသောကြောင့် မြေကြီးကိုလည်း ပိုးသန့်စေသလို ရောဂါနှင့် အဖျက်ပိုးကျရောက်မှုသည်လည်း ပထမစိုက်သောနှစ်တွင် ကင်းဝေးပါသည်။
ဆိုးကျိုးများမှာ
(၁) သစ်တော၊ သစ်ပင်များဆုံးရှုံးပြီး မြေဆီလွှာတိုက်စားမှု ဖြစ်ပေါ်စေပါသည်။
(၂) အထွက်နှုန်းကောင်းရန် ထည့်ရမည့်သွင်းအားစုများ အစားထိုးမရပါ။
(၃) ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် (၁) နှစ်မှ (၃) နှစ်အထိ စိုက်ပျိုးသောကြောင့် နောက်ပိုင်းတွင် မြေကြီးမှာ ရောဂါနှင့်ပိုးမွှားတို့ ပေါက်ဖွားရာနေရာဖြစ်လာပါသည်။
(၄) တစ်နိုင်တစ်ပိုင် မိသားစုအတွက်သာ စိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကျလာပါသည်။
(၅) တောင်ယာစိုက်ပျိုးခြင်းသည် အိမ်နှင့်အကွာအဝေးတစ်ခုတွင် ရှိသောကြောင့် သွားလာချိန် ကြာမြင့်ပါသည်။
(၆) သားရဲ၊ ကြက်၊ ငှက်နှင့် သေးငယ်သောသတ္တဝါများမှ စိုက်ခင်းများဖျက်ဆီးခြင်းကို ကာကွယ်ရန် အခက်အခဲရှိပါသည်။
(၇) တောင်ယာစိုက်ပျိုးခြင်းဖြစ်၍ ကားလမ်း၊ ရထားလမ်း၊ ဈေး စသည်တို့နှင့် ဝေးကွာပါသည်။
(၈) တောင်ယာစိုက်ရန် မီးရှို့ရခြင်းကြောင့် လေထုညစ်ညမ်းစေပါသည်။
(၉) တစ်နှစ်ထက်ပို၍ စိုက်ပျိုးခြင်းကြောင့် မြေဆီသြဇာအာဟာရဓါတ်များ ခမ်းခြောက်လာပါသည်။
(၁၀) တောင်ကတုံးများ ပိုမိုများလာပါသည်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ပြန်လည်ထိန်းသိမ်းခြင်း
ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းသည် လယ်သမားတစ်ဦးချင်းစီအတွက် အဆင်ပြေသည်ဟု ထင်ရပါသည်။ သို့သော် တောင်ယာစိုက်ပျိုးခြင်းကြောင့် ပတ်ဝန်းကျင်နှင့် ရာသီဥတု၊ သစ်တော၊ သစ်ပင်နှင့် မြေကြီးစသည်တို့ကို ထိခိုက်မှုများရှိပါသည်။ ထို့ကြောင့် ယခုနောက်ပိုင်းတွင် သစ်တောဌာနဆိုင်ရာ တာဝန်ရှိသူများက ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသော တောင်သူများကို ၎င်းတို့သတ်မှတ်၊ ကန့်သတ်ပေးထားသော သစ်တောကြိုးဝိုင်းနှင့် မြေနေရာများတွင်သာ ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရန် စည်းရုံးလာခဲ့ကြပါသည်။ ထိုကဲ့သို့ သတ်မှတ်ထားသောနေရာများတွင် စိုက်ပျိုးပြီးနောက် ၎င်းနေရာမှ နောက်တစ်နေရာသို့ မရွှေ့ပြောင်းမီ နှစ်ရှည်ပင်များနှင့် သစ်မာပင်များကို စိုက်ပျိုးပေးခဲ့ရန် တာဝန်ရှိသူများက စီစဉ်ပေးလာပါသည်။ ကျွန်း၊ သစ်ယာကဲ့သို့သော သစ်မာအပင်ပေါက်များကို အလကားပေး၍ ကုန်ကျစရိတ်များလည်း ထောက်ပံ့ပေးကာ စိုက်ပျိုးစေပါသည်။ ထိုကဲ့သို့ ပြုလုပ် ပေးခြင်းအားဖြင့် မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ရုံသာမက သစ်တောများလည်း စနစ်တကျ ဖွံ့ဖြိုးလာပြီး တောင်သူနှင့်ပတ်ဝန်းကျင် နှစ်ဦးနှစ်ဖက်အကျိုးရှိစေပါသည်။ အထက်ဖော်ပြပါ နည်းလမ်းကို နိုင်ငံတော်တော်များများတွင် အသုံးပြုကြပါသည်။ တချို့နိုင်ငံများတွင် တောင်ယာစိုက် ပြီး နောက်တစ်နေရာမပြောင်းခင် ရော်ဘာနှင့်အခြားသီးနှံပင်များကို စိုက်ပျိုးကြပါသည်။ နှစ်ရှည်ပင်များ စိုက်ပျိုးပြီး လွတ်နေသောမြေနေရာများတွင် တစ်ရာသီခံသီးနှံများ စိုက်ပျိုးနိုင်ခြင်းကြောင့် တောင်သူလယ်သမားတို့အတွက် အပိုဝင်ငွေရရှိနိုင်ပါသည်။
ဇင်ထူးနိုင်
ကျမ်းကိုးစာရင်း
http:// www.greenwaymyanmar.org.
http://www. welthungerhilffe.de/ projects.html.
Principle of Agronomy Handbook, Department of Agronomy, Yezin Agricultural University.
Scott, J. C. 2009. The Art of Not Being Governed. Yale University Press, New Haven.
Spencer, J. E. 1966. Shifting cultivation in southeastern Asia, University of California Press, ISBN 978 – 0520035171.
Wojtkowski, P. A. 2002.Agro-ecological Perspectives in Agronomy, Forestry and Agro forestry.Science Publishers Inc., Enfield, NH, 256p.
www. welthungerhilfe.de>Myanmar – news.
သိန်းစု (စိုက်ပျိုးရေးတက္ကသိုလ်) - ရေရှည်တည်တံ့သော စိုက်ပျိုးရေး။
မြေယာ အသုံးချဌာနခွဲ၊ တောင်စောင်းစိုက်ပျိုးနည်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026