အစိမ်းရောင်လမ်း
မိုးနည်း​ရေရှား ​ဒေသနှင့်ကိုက်ညီ​သော စိုက်ပျိုးနည်းစနစ်

မိုးနည်း​ရေရှား ​ဒေသနှင့်ကိုက်ညီ​သော စိုက်ပျိုးနည်းစနစ်

အစိမ်း​ရောင်လမ်း ရဲ့အ​မေးအ​ဖြေကဏ္ဍမှာ အညာ​ဒေသ ​တောင်သူအများကိုယ်စား ​မေးခွန်းအရှည်ကြီးနဲ့

​မေးလာတဲ့သူက​တော့..... နွားထိုးကြီးက kyaw lwin.ဆိုတဲ့  ​တောင်သူမိတ်​ဆွေတ​ယောက်ဖြစ်ပါတယ်။

သူ​မေးထားတဲ့​မေးခွန်းကို အရင်းအတိုင်းချပြရရင်..

"မိုး​ခေါင်​ရေရှား​ဒေသ​တွေမှာ တွင်း​ရေနဲ့(​မြေမပျက်စီး​အောင်)စိုက်ပျိုးနည်းကိုသိချင်ပါတယ်။

စိုက်ပျိုး​ရေ စမ်းသပ်နည်း၊ အ​လေအလွင့်နည်း​အောင် အသုံးပြုနည်း၊ ထိန်းသိမ်းနည်းနဲ့ တွင်း​ရေ/​မြေမပျက်စီး​အောင် ဘယ်လိုစိုက်ပျိုးရမလဲ?

အပူပိုင်းမိုးခေါင်​ရေရှား​ဒေသနဲ့ သင့်​တော်ပြီး အမြတ်ကျန်နိုင်တဲ့/စိုက်ပျိုးသင့်တဲ့သီးနှံနဲ့စိုက်ပျိုးနည်းစနစ်​တွေကို သိချင်ပါတယ်ခင်ဗျ။

ဒို့ဦး​လေး အပါအဝင် ပညာရှင်များ​ဖြေကြား​ပေးပါခင်ဗျာ..

အများလိုအပ်​နေလို့ပါ မိုးကိုမှီခိုပြီး လုပ်ကိုင်​နေရတာ..သီးနှံ​အောင်မြင်ပြီး အကျိုးအမြတ်ရဖို့ မ​သေချာတာ​ကြောင့်ပါ...

ဓာတ်ပုံက​တော့ ရှိတာထည့်​ပေးလိုက်ရတာပါ.."တဲ့ဗျာ။

​ကျွန်တော်ကတော့ မေးခွန်းကို မ​ဖြေခင်၊ ဖတ်ရုံနဲ့ပဲ အ​တော်​လေး ​မောသွားပါတယ်။

​မေးခွန်းထဲမှာ မြန်မာနိုင်ငံအထက်ပိုင်း​ဒေသ မိုးနည်းဧရိယာ​တွေရဲ့ တောင်သူ​တွေ ​တွေ့ကြုံ​နေရတဲ့ ​မြေ/​ရေ/စိုက်စနစ်/မျိုး စတဲ့

အခက်အခဲ​တွေကို ခြုံငုံပြီး အားလုံးကိုယ်စား ​မေးခွန်း​လေးနဲ့​မေးသွားတာ ပညာသားပါလှပါတယ်။

ဒါ​ကြောင့်လည်း စာဖတ်ပရိတ်သတ်အပါအဝင် ​တောင်သူမိတ်​ဆွေအများသိ​အောင် ဆောင်းပါးတစ်ပုဒ်အဖြစ် ထုတ်နုတ် ​ဖော်ပြ​ပေးလိုက်ရခြင်းဖြစ်ပါတယ်။

နွားထိုးကြီးမြို့က  ကိုkyaw lwin.​ရေ..

ဦး​လေးလည်း အညာ​ဒေသက တောင်သူ့ သားတစ်ဦးမို့ အညာ​တောင်သူ​တွေရဲ့ စိုက်ပျိုး​ရေ အခက်အခဲ တောင်သူလုပ်ငန်း အကျပ်အတည်း​တွေကို သ​ဘော​ပေါက်ပါတယ်ကွယ်။

​မေးခွန်းရဲ့ ပထမအချက်က..

တွင်း​ရေနဲ့ ​ရေတင်စိုက်ပျိုးရာမှာ၊ ​မြေမပျက်​အောင် ဘယ်လိုစိုက်ရမလဲ?

အထက်အညာ​ဒေသမှမဟုတ်ပါဘူး၊ ဘယ်​ဒေသမဆို ​မြေ​အောက်​ရေကို စက်နဲ့စုပ်တင်ပြီး ရေသွင်းစိုက်ပျိုးရင် မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ ​ပြောင်းလဲတတ်တာ သဘာဝပါပဲ။

​မြေ​အောက်​ရေထဲမှာ ပါဝင်လာတဲ့ ဆိုဒီယံကာဘွန်နိတ်​တွေနဲ့အခြား သတ္တုဆား​တွေ မြေမျက်နှာပြင်​ပေါ်မှာ ကျန်ခဲ့ပြီး ထယ်ခဲ​တွေ​ ထွန်​ရေး​တွေ ​ခေါင်း​ဖွေး(အဖြူရောင်အ​ပွေးတက်)လာပါတယ်။ မြေသား​တွေလည်း ကြွပ်ဆပ်ပြီး ​မြေသားဖွဲ့စည်းပုံပျက်လာတတ်ပါတယ်။

မြေသားပျက်စီးမှုက​တော့ ဒေသတစ်ခုနဲ့တစ်ခု အနည်းအများ၊ အနှေးအမြန်ကွာခြားနိုင်ပါတယ်။

ဘာလို့လဲဆို​တော့..​ရေအရည်အ​သွေး ကွာခြားလို့ပါပဲ။

ဒါဆိုစိုက်ပျိုး​ရေရဲ့ အရည်အ​သွေးကို ဘယ်လိုစစ်ရမလဲ?

အခု​​ခေတ်လို အရာရာဖွံ့ဖြိုးတိုးတက်​နေတဲ့ အိုင်တီ ​ခေတ်မှာ ရေအရည်အ​သွေးကို တိုင်းတာဖို့  ဒစ်ဂျစ်တယ်ကိရိယာ​တွေ​ပေါ်​နေပါပြီ။

Water test kitလို့​ခေါ်တဲ့ ​ရေအရည်အ​သွေးတိုင်းတဲ့ကိရိယာ​လေးပါ။

4 in 1 parameterလို့လည်း​ခေါ်ကြတယ်။

  • pH​ရေရဲ့ အချဥ်အငန်ကိန်း
  • TDS (total dissolved solids ) ရေထဲမှာ​ပျော်ဝင်​နေတဲ့ ဓာတ်သတ္တုppm
  • EC(electrical conductivity) လျှပ်စစ်စီးကူးမှု
  • Temperature အပူချိန်

အထူးသဖြင့် ငါး​မွေးကန်​တွေ၊ သောက်​ရေသုံး​ရေ၊ ​မြေမဲ့စိုက်ပျိုး​ရေး၊​ မြေ​အောက်​ရေ လုပ်ငန်း​တွေနဲ့ စား​သောက်ကုန်လုပ်ငန်း​တွေမှာ အသုံးတွင် ကျယ်ပါတယ်။

ဒီနည်းစနစ်က ဦး​လေးတို့  အ​ခြေခံ ​တောင်သူလယ်သမား​တွေနဲ့ လက်လှမ်းမမီသေးဘူး​ပေါ့ကွယ်။(Us ​ဒေါ်လာ 40 ​လောက် ရှိတယ်)

ရိုးရာ​ဒေသနည်းဖြင့် စစ်​ဆေးလို့မရလား?

စိုက်ပျိုး​ရေ ​ကောင်းမ​ကောင်း အလွယ်စစ်​ဆေးဖို့ဆိုရင် ဆပ်ပြာ(​ရွှေဝါဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ)နဲ့ လက်​ဆေးကြည့်ရင် သိနိုင်ပါတယ်။

ဆပ်ပြာအမြှုပ်ထွက်ရင် ​ရေသွက် (Soft water)

စိုက်ပျိုး​ရေ၊ သုံး​ရေကောင်းတယ်​ပေါ့။

ဆပ်ပြာအမြှုပ်မထွက်ရင်​တော့ ​ရေ​စေး​(Hard water)ပေါ့။

​မြေ​အောက်​ရေထဲမှာ ဓာတ်ဆား​တွေ(ကယ်လ်စီယံ၊ မဂ္ဂနီစီယံ၊ အိုင်းရွန်း၊ အလူမီနိယံ...စသည်)သတ္တုများ​ပျော်ဝင်​နေပါတယ်။

ဒီလိုရေမျိုးကို စိုက်ပျိုး​ရေးသုံးရင်၊ ​မြေဆီလွှာ ဖွဲ့စည်းပုံပျက်​စေတယ်။ ​ကျွေးလိုက်တဲ့​မြေသြဇာကို အပင်​တွေက မစားနိုင်လို့ သီးနှံဖြစ်ထွန်းမှုနည်းပါလိမ့်မယ်။

​ရေ​စေး(Hard water)ကို စိုက်ပျိုး​ရေးအတွက် ​မြေမပျက်​အောင် ဘယ်လို ပြုပြင်ထိန်းသိမ်းရမလဲ?

​မြေ​အောက် ​ရေထဲပါလာတဲ့ နိုက်ထရိတ်​တွေ ကာဘွန်နိတ်​တွေ အနည်ထိုင် ချိန်ရ​အောင် ယာယီရေ​လှောင်ကန်ပြုလုပ်ပါ။

(မိုးကာ တာလဗတ်စကို တိုင်၄တိုင် ချည်ပြီး ရေကန်ပြုလုပ်သို​လှောင်ထားပါ။​ ရေ​လှောင်ကန်ထဲကတဆင့်စိုက်ခင်းကို အသုံးပြုနိုင်ပါတယ်။)

သို​လှောင်ကန်ထဲကို ဂျစ်ဆန်မှုန့်(ကယ်လစီယံ ဆာလဖိတ်)ထည့်​ပေးသင့်ပါတယ်။

စိုက်ခင်း​မြေပြင်ရာတွင်လည်း၊ ​သွင်း​ရေ​ကြောင့် ​မြေမပျက်​အောင် သဘာဝမြေသြဇာ၊ အီးအမ် ဘိုကာရှီ၊ များများထည့်ပါ။

ဂျစ်ဆန်​ကျောက်မှုန့်ကို အခြားစိုက်ခင်းများထက် ၂ဆ ပိုထည့်​ပေးပါ။

ယူရီးယား ၁၅ပတ်လည်ဓာတ်​မြေသြဇာ များများသုံး​လေ မြေပိုပျက်​လေဖြစ်လို့ သဘာဝ​မြေသြဇာနဲ့ မဖြစ်အ​နေ တွဲဖက်အသုံးပြုပါ။

​နောက် ​မေးခွန်းထဲက အချက်တစ်ချက်က

မိုးနည်း​ဒေသနဲ့ ကိုက်ညီမယ့် သီးနှံ အမျိုးအစားနဲ့ စိုက်ပျိုးနည်းစနစ်၊ တစ်နှစ်ပတ်လုံးမိုး​ရေချိန်စုစု​ပေါင်း လက်မ ၃၀​လောက်သာရရှိတဲ့ မိုးနည်း​ဒေသအတွက်၊ အပူကြိုက်သီးနှံ၊​ ရေငတ်ခံသီးနှံကို​ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။

ဥပမာ..မိုးသီးနှံ  >>>> စပါး စိုက်မယ်ဆိုရင် ​ရေနည်းနည်းနဲ့ ​​အောင်နိုင်တဲ့  ..ယာစပါးမျိုး (ယာ-၂/ယာ-၄/၇၄၇/....) ရက်၁၀၀မျိုး​တွေ စိုက်သင့်ပါတယ်။

စိုက်စနစ် အ​နေနဲ့လည်း..ပျိုး​ထောင်စိုက်ထက် ကုန်ကျစရိတ်လည်းသက်သာ အထွက်နှုန်းလည်းရနိုင်တဲ့ တိုက်ရိုက်အ​စေ့ချစနစ်(DSR)ကို အသုံးပြူပါ။

တိုက်ရိုက်အ​စေ့ချစနစ်ရဲ့အားနည်းချက်က ပေါင်းမနိုင်တဲ့ ပြသနာတစ်ခုရှိပါတယ်။​ ပေါင်းအမျိုးအစား​တွေများလာသလို၊ ပေါင်းသတ်​ဆေးဒဏ်ခံနိုင်တဲ့ ​ပေါင်းမြက်​တွေ များလာပါတယ်။

(​ပေါင်းအုပ်​ဆေး မဖြစ်မ​နေ အသုံးပြုပါ)

ယာသီးနှံ အ​နေဖြင့် . မိုးရာသီမှာ၊​ မြေပြုပြင်ခြင်း၊ နွား​ချေးချခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း စတဲ့ .​မြေပြင်လုပ်ငန်းကို အဓိကထားပါ

(အကုန်အကျနည်းပြီး၊​ မြေသြဇာထိန်းနိုင်တဲ့ ပဲတစ်မျိုမျိုးစိုက်ပါ)

အဓိက သီးနှံအဖြစ် ​ဆောင်းသီးနှံကို အမိအရယူပါ။ (ကုလားပဲ၊ပဲတီစိမ်း၊မတ်ပဲ၊​မြေပဲ၊​ဆောင်းနှမ်း..)

မိုးနည်း​​ဒေသ စိုက်ပျိုးသီးနှံ​အောင်မြင်​ရေးရဲ့ အဓိက သော့ချက်က" ထွန်​ရေး"ပါ။

ရှားရှားပါးပါး ရလာတဲ့ မိုး​ရေကို ​မြေဆီလွှာက ပြည့်ပြည့်ဝဝ စုပ်ယူထားနိုင်မှသာ ဆောင်းသီးနှံအတွက် လက်ကျန်အစိုဓာတ်(Residual.moisture)နဲ့ အထွက်နှုန်း ရနိုင်ပါတယ်။

ဦး​လေး အမြင်နဲ့ အ​ကောင်းဆုံး အကြံ​ပေးချင်တာက​တော့ မိုးလယ် စိုက်သီးနှံကို အပိုင်​ရွေးပါ။(ငရုတ်/နှမ်း...)

ဥပမာ...​ဆောင်းနှမ်း(နှမ်းကြီး)ဆို မိုးတွင်း အပင်ကြီး၊ ဆောင်းတွင်း.သီး..ဖြစ်လို့ အညာရာသီဥတုနဲ့ ကိုက်ညီပါတယ်။

အဓိက အချက်က မျိုး.နဲ့ စိုက်ချိန် ပါ။

မျိုး   = စမုံနက်မျိုး၊ သိပ္ပံနှမ်းနက်၊... (​ဆောင်းနှမ်း တမျိုးမျိုး)

စိုက်ချိန် =​ဖျောက်ဆိတ် ကြယ်လွဲ၊ နှမ်းကြီးကြဲ..တဲ့

(ကြယ်လွဲမိုးရွာပြီးရင် ၊နှမ်းကြဲလို့ရပါပြီ)

ကြယ်လွဲမိုး။    ။​ရှေးလူကြီးများ၊ဆိုစကားအရ,

​သောက်၊​ ရေ၊ အိုး၊  ကြယ်လွဲမိုး..ဟုဆိုပါတယ်။

အဓိပ္ပာယ်က

​နေ့သင့်နံသင့်အရ> ​သောက်=​သောကြာ=၆

                              ​ရေ    = ဗုဒ္ဓဟူး  = ၄

                              အိုး   = တနင်္ဂ​နွေ = ၁

သင်္ကြန်ကျပြီး ​ရေတွက်​သော် ၁၄၆ ရက်အကြာကြယ်လွဲမိုး ရွာပါသည်) မဎ​ဒေဝ.ကျမ်းမှာ​တော့ ဒီလို​တွေ့ရ ပြန်သကွဲ့။

"အတာပြောင်းတက်နှောင်းတရက်မှ

စ၍တွက်ချိန် ပြက္ခဒိန်ဝယ်.

သုဒ္ဒိန်ပွားကြွယ် ရာ့လေးဆယ်လျင်(၁၄၀)

နံကယ်ခေါ်ထ ဝါခေါင်လ၌

လင်းစရောင်ဝါ အာရုံလာဝယ်.

ကြတ္တိကာဗွေထိပ် တည့်လာရိပ်၍

ဖျောက်ဆိပ်မွန်းမတ်မည်သတတ်...

ရာ့ငါးဆယ်လေး(၁၅၄)

မဝေးသင်္ချာ ဗဒုံကြာနှင့်

ရင်းမာကြိုင်သင်း တော်သလင်းဝယ်.

ကံဆင်းခေါ်မြဲ ဖျောက်ဆိပ်လွဲ၍.

နှမ်းကျဲ ကာလ ဟူကုန်ကြ၏ "တဲ့ ဆို​တော့..၇ရက်တစ်ပတ် ကွာခြားနိုင်ပါတယ်။

မည်သို့ပင်ဆို​စေကာမူ..စက်တင်ဘာလ(​တော်သလင်းလ) မိုးကြီးရွာပြီးသည်နှင့် နှမ်းကြီးကြဲဖို့ အဆင်သင့်ပြင်ထား ဖို့လိုပါမယ်။

ကဲ ဒီ​လောက်ဆိုရင် နွားထိုးကြီးက ကိုkyaw lwinနဲ့တကွ ဒေသအသီးသီးက အစိမ်း​ရောင်လမ်းမိတ်​ဆွေများ မေးခွန်းနဲ့ အ​ဖြေအ​ပေါ်

​ကျေနပ်နှစ်သက်ကြမယ်လို့ ​မျှော်လင့်ပါတယ်။

​စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

4
Kyaw Lwin

Kyaw Lwin

လွန်ခဲ့သော ၂ နှစ် က

ဒို့ဦးလေးကြီး မင်္ဂလာပါနော် ကျွန်တော် နောက်ထက်သိချင်တာလေးတစ်ခုကိုမေးပါရစေ ပြန်လည်ဖြေကြားပေးပါအုံးခင်ဗျာ သီးနှံပင် တစ်မျိုးချင်းစီရဲ့ အဟာရ ကြိုက်နှစ်သက်မှူ အဟာရစားသုံးမှူဟာ မတူကြဘူးလို့သိရပါတယ် ဥပမာ မြေပဲရဲ့ ကယ်စီယမ် စားသုံးမှူဟာ တစ်ခြားအပင်တွေထက် ပိုမိုထူးခြားစွာလိုအပ်တယ်လို့ ဖော်ပြနေတာတွေ ဖတ်ရပါတယ် ကယ်စီယ် ဆာဖာ ပါတဲ့ဂျစ်ပဆန် ကျောက်မှူန့် ကို ဆာဖာကြောက်တယ်ဆိုတဲ့ ဘူး ဖရုံသခွား တို့လိုအခင်းတွေမှာမြေပဲခင်နုန်းထားအတိုင်းထဲ့လို့အဆင်ပြေပါလားခင်ဗျာ တောင်သူတစ်ချို့မှာ ဒီ သီးနှံမှာ ဒီမြေသြဇာသုံးလို့အဆင်ပြေရင် တစ်ခြားသီးနှံတွေလည်း မြေပဲအချိုးတိုင်းသုံးကြတော့တာပါပဲ အဲ့ဒါကြောင့်ပါ ကျွန်တော်သိချင်တာလေးကတော့ မြေပဲ ပစင်းငုံ နှမ်း ကျောက်ဖရုံ ဘူး သင်္ဘော စသဖြင့်ပေါ့ အပင်တစ်မျိုးချင်းစီရဲ့ အဟာရစားသုံးမှူနဲ့ အဟာရလိုအပ်ချက် ​မြေသြဇာကို ၁ မြေခံမှာဘာတွေထဲ့ရမယ် ၂ အပင်ရဲ့သက်တမ်း အလိုက် ဘယ်လောက် ပမာနနဲ့ ဘယ်နှစ်ကြိမ် ကြွေးသင့်တယ် အပင်ရဲ့ ဘယ်လောက်အကွာဝေးက ကြွေးသင့်တယ်ဆိုပြီး သီးနှံတစ်ခုခြင်းစီရဲ့ စိုက်ပျိုးနည်းအကြောင်း တွေကိုပြည့်ပြည့်စုံစုံ ဆောင်းပါးတွေရေးပြီး သင်တန်းတစ်ခု တက်လိုက်ရသိ ပမာ သင်ကြားရေးသားပေးပါအုံးလို့တောင်းဆိုပါရစေ း း း မိုးနည်းရေရှားမှ စိုက်ပျိုး နည်းစနစ်တွေကို တိတိကျကျ နားမလည်သေးသော လေ့လာနေဆဲ တောင်သူလယ်သမား ့ ့ ့

Kyaw Lwin

Kyaw Lwin

လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ ကျွန်တော်နားမလည်တာတွေကို တစ်ခုချင်းစီ အသေးစိတ်ရှင်းပြပေးပါအုံးလို့ တောင်းဆိုဖို့ စဥ်းစားနေတုန်းမှာပဲ း း း စေတနာ ရှေ့ထားပြီး ဆောင်းပါးတစ်ပုဒ်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားပေးလာတဲ့ ဦးလေးကြီးနှင့် ငွေကုန်သက်သာ မြေသြဇာနဲ့ အောင်မြင်အောင် စိုက်ပျိုးနည်းကို ပြည့်စုံအောင်ရေးသားပေးလာတဲ့ အန်ကယ် U Mg Mg Htwe တို့ကိုလည်း ကျွန်တော်က အထူးပဲကျေးဇူးတင်ရှိပါတယ်ရှိနေပါတယ်ခင်ဗျာ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ ဦးလေးကြီး ဆုပေးအတိုင်း ဘေးဘရာတွေဝေးကွာကြပါစေ

U Mg Mg Htwe

U Mg Mg Htwe

လွန်ခဲ့သော ၃ နှစ် က

နထိုးကြီးကကိုကျော်လွင် မိုးန ည်းဒေသနှင့်ကိုက် ညီသောစိုက်ပျိုးရေးစနစ့်ကိုအကြံပေးချင်ပါတယ်ဒီနည်းကမိုးရေချိန် လက်မ၃၀ထက်နည်းသောဒေသတွင်မှာအောင်မြင်စွာသီးညှပ်သီးထပ်တောင်စီုက်နှိုင်တဲ့နည်းပါအကယ်၍ကြည်လွှဲမိုးရွာပြီးမှနှမ်းကြီးတို့မြေပဲတတို့စိုက်မယ်ဆိုထိုသီးနှံများရဲ့ထွက်နိုင်စွမ်းကိုပင်ရမိုင်မယ်ဒီနည်းကမင်းတို့ဒေသတွင်သင်းကြန်မိုးတစ်လက်မ​လောက်ရမယ်ဆိုရင်ပိုက်ဆံလျော်မျိုး​စေ့ငါးပြီခန့်က်ုညီညာစွာကျဲစိုက်ပါသကြန်မိုးနဲ့ပိုက်ဆံလျော်နဲ့ပေါင်းစေ့များပေါ််က်လာမယ်မေလနဲ့ဇွန်လမှာမိုးသုံးလေးလက်မရရင်ပိုက်ဆံလျော်ပင်များလျင်မြန်စွာကြီးထွားလာမယ်အညာဒေသတွင်ဂျူလိုင်လတွင်မိုးနဲသ့ားတတ်တယ်ထို့နောက်သြဂုတ်လတွင်မိုးကြီးလာတတ်တယ်မိုးနှောင်းမှာတစ်သီးထဲစိုက်မယ်ဆိုသြကုတ်လဆန်းတွင်ပိုက်ဆံလျော်ပင်များကလူတရပ်ခန့်ရှိနိုင်ဒါကိုထွန်စက်ကြီးဖြင့်ထယ်ထိုးပြီးသစ်စိမ်းမြေသြဇာပြုလုပ်ပါဆယ်ရက်ခန့်ကြာရင်ပိုက်ဆံလျော်ပင်များဆွေးသွားပြီးစိုက်လိုရာသီးနှံကိုစိုက်ပါပိုက်ဆံလျော်မှနိုက်ထရိုဂျင်နဲ.သဘာဝမြေဆွေးလှည်းအစည်းဆယ်စည်းမကမြေတွင်းထည့်ပေးသလိုမြေဆီမြေသြဇာများရပြီးသီးနှံပင်များဖြစ်ထွန်းပြီးပေါင်းရှင်းခလည်းသက်သာမြေသြဇာလည်းလျော့သုံးသုံးလို့ရတ.ယ်ပိုက်ဆံ​ေလျာ်းြမျိုးဘိုးဘဲကုန်ပေါင်းသင်ခလဲသက်သာပြီးသီးနှံလဲအထွက်ကောင်းပြီးဝင်ငွေလဲကေယင်းမယ်၊ပိုက် ဆံလျော်မျိုးစေ့ကိုပခုတ်ကူနဲ့ရေဇကြိုမှာမေးဝယ်ပါ း

U Aungkyawmin

U Aungkyawmin

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးတင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....