ဓာတုဆေးတွေဖျော်ရင် သတိပြုရမည့် " ရေ” အရည်အသွေး
စိုက်ပျိုးရေးဆေးများ မဖြစ်မနေ အသုံးပြုနေရတဲ့ တောင်သူမိတ်ဆွေများအတွက် ဆေး ဖျော်စပ်ရာမှာ အသုံးပြုတဲ့ ရေရဲ့ အရည်အသွေးပေါ်မူတည်ပြီး ဖျန်းလိုက်တဲ့ဆေးရဲ့ အာနိသင်ထိရောက်မှု အနည်းအများ ကွာခြားကြောင်းကို သတိပြုမိစေဖို့ ဒီစာစုကို ရေးသားရခြင်းဖြစ်ပါတယ်။
သင်္ကြန်မတိုင်မီက တောင်သူတယောက် ဖုန်းဆက်လို့ ကွင်းထဲအထိ လိုက်ကြည့်ဖြစ်ပါတယ်။ Fenoxapropအုပ်စု ပေါင်းသတ်ဆေးဖျန်းထားတာ ၇ ရက်ကျော်ပြီ။ ဒေါင်းမြီးပျံနဲ့ မြေစာမြက်မသေလို့ပါတဲ့။
ဖြစ်စဥ်ကို မေးကြည့်တော့ ဆေးနှုန်းထား၊ အစိုဓါတ်၊ ဆေးဖျန်းရမယ့်ရက် စသဖြင့် အားနည်းချက်မတွေ့ရပါဘူး။ မသေတဲ့ မြက်ပင်ကို နှုတ်ကြည့်တော့ အမြစ်ဇုန်မှာနှစ်ထပ်ဖြစ်နေတယ်။
ပထမတထပ်က အမြစ်သေပေမယ့် ဒုတိယတထပ်က အမြစ်သစ်ပြန်ထွက်လို့မသေတာပါ။
အဲဒီတော့မှ ဆေးဖျော်တဲ့ ရေကို သတိပြုမိသွားတယ်။
( မြောင်းထဲက ရေတွေက နောက်နေပါတယ်)
ရေရဲ့ ပီအိပ်ချ်တိုင်းကြည့်တော့ ၆.၅ ပါ။ ဖျန်းထားတဲ့ ဆေးအုပ်စုက fenoxaprop အုပ်စု။ ဒီအုပ်စု ဆေးက ပီအိပ်ချ် ၄ - ၆အတွင်းမှာ တည်ငြိမ်ပါတယ်။ ethyl ester အက်ဆစ်ပုံစံ ဖြစ်လို့ အချဥ်ကဲတဲ့ အနေအထားမှာ အာနိသင်ပိုရှိပါတယ်။
ဒါတွေကို တောင်သူကိုနားလည်အောင်ရှင်းပြပြီး ကျနော်ကိုယ်တိုင် ဆေးဖျော်ပေးလိုက်ပါတယ်။
ဒီနေရာမှာ ရေရဲ့ ပီအိပ်ချ်ကို ထိန်းညှိခြင်း ဆိုတာလေး ပြောပြဖို့လိုပါမယ်။
ပေါင်းသတ်ဆေး အတော်များများက ပီအိပ် ၅-၆ ကြားမှာ တည်ငြိမ်တာများပါတယ်။ အက်ဆစ်ပုံစံနဲ့ထုတ်လုပ်ကြပါတယ်။
ဒါကြောင့် ပေါင်းသတ်ဆေးဖျန်းရာမှာ ရေကို အချဥ်ဖက်ဦးတည်တဲ့ ထိန်းညှိခြင်းပြုလုပ် ပေးသင့်ပါတယ်။ ဒီအတွက် Buffering agent လို့ ခေါ်တဲ့ ကြားခံပစ္စည်းထည့်ပေးရပါတယ်။
(ဥပမာ ဂလိုင်ဖိုဆိတ် ဖျန်းရင် ယူရီးယားထည့်ပြီးဖျန်းသလိုမျိုးပေါ့)
ဒါကြောင့် ကျနော်လည်း ရေပုံးထဲကို သံပုရာသီးတလုံး အရည်ညှစ်ထည့်ပါတယ်။ပီအိပ်ချ် ပြန်တိုင်းကြည့်တယ်။ ၅.၅ အောက်ဖြစ်သွားတယ်။ အိုကေ။ Fenoxaprop ၇၀ စီစီ ထည့်မွှေ ပြီး တခါပြန်တိုင်းကြည့်တယ်။ pH 5 ဖြစ်သွားပြီ။ ဖျန်းလို့ရပြီ။
ဒီနေ့ တော့ ဖုန်းဆက်လာတယ်၊ ခုမှ အိုကေသွားတယ်ဆရာရေ..တဲ့။
ဒေါင်းမြီးပျံသတ် ဆေး(fenoxaprop..)မှာ စပါးပင်မနာအောင် Isoxadifen ဘေးကင်းပစ္စည်းပါရင်.. ဖျန်းရေကို ပိုပြီးဂရုစိုက်ရပါတယ်။ အငွေ့ပျံလွယ်တတ်လို့ ရေကိုပြုပြင်ဖို့ လိုအပ်တာကြောင့်ပါ။
(ဒါကြောင့် ရှာလကာရည်/သံပုရာရည်ထည့်တာပါ။)
အထူးသဖြင့် ပေါင်းသတ်ဆေးထဲမှာ ဂလိုင်ဖိုဆိတ်( ရွေးချယ်မဲ့) နဲ့ ဖိနောက်ဇာပရော့( ဒေါင်းမြီးပျံဆေး) တွေဟာ ရေသန့်သန့်နဲ့ အက်ဆစ်ပုံစံမှာ အာနိသင်ပိုထက်ပါတယ်။
2-4-d ပေါင်းသတ်ဆေးမှာတောင် ဖော်မြူလာပေါ်မူတည်ပြီး အက်ဆစ်ကြိုက်နဲ့ အယ်လ်ကာလီကြိုက်ခြင်း ကွာခြားပါတယ်။
2-4 d ဆိုပေမယ့် amine လား? esterလား? ကွဲပါတယ်။
Amine ဆိုရင် အယ်ကာလီမှာ တည်ငြိမ်ပေမယ့် ester ဆိုရင် အယ်ကာလီမှာ အငွေ့ပျံလွယ်ပါတယ်။
ပိုးသတ်ဆေးအများစုကတော့ pH - 7 မှာ တည်ငြိမ်ပါတယ်။ (profenofos အုပ်စုကလွဲရင် ပေါ့)
အဓိက သတိပြုရမယ့်အချက်များကတော့...

၁။ ရေကြည် ဖြစ်ရပါမယ်
ရေနောက်ရင်၊ ပျော်ဝင်နေတဲ့ သတ္တုဓာတ်တွေက ...
ပေါင်းသတ်ဆေးနဲ့ဓာတ်ပြုပြီး အာနိသင် လျော့နိုင်ပါတယ်။
(ရေပုံးထဲ လက်ထောက်ကြည့်လို့ ကိုယ့်လက်ကိုယ် ပြန်မမြင်ရရင် ရေနောက်တယ်လို့ယူဆပါ။)
၂။ အရပ်ခေါ် ရေငန်လို့ယူဆရတဲ့ ရေနဲ့ ပေါင်းသတ်ဆေး မဖျန်းသင့်ပါ။
( ရွေးချယ်စရာမရှိပါက Buffering agentအဖြစ် ရှာလကာရည်၊ သံပုရာရည် တမျိုးမျိုး ထည့်သွင်းအသုံးပြုပါ။)
ဂလိုင်ဖိုဆိတ်ဖျန်းမယ်ဆိုရင် အမိုနီယံဆာလဖိတ်ကို ရေတဂါလံ/၁၀ ဂရမ် နှုန်းနဲ့ ထည့်နိုင်ပါတယ်။
၃။ ၂၅ဒီဂရီဆဲစိယပ်ထက်ပူသောရေဆိုရင် ဆေးဖျော်ဖို့မသင့်ပါ။ အာနိသင် ပြယ်နိုင်ပါတယ်။
၄။ ရေစေး(hard water)မဖြစ်ရပါ။
အကြမ်းဖျဥ်း ပြောရရင် ဆပ်ပြာအမြှုပ်မထွက်တဲ့ ရေပါ။ ကယ်လ်စီယံ/မဂ္ဂနီစီယံဘိုင်ကာဘွန်နိတ်တွေ၊ ဆိုဒီယံနိုက်ထြိတ်တွေကြောင့် ဆေးအာနိသင် လျေ့ာစေပါတယ်(ဗီနီဂါ/ရှာလကာရည်ကို ရေတဂါလံ/5စီစီ နှုန်းနဲ့ ထည့်ပေးရပါတယ်။)
ကဲ...ဒီ လောက်ဆိုရင် ဆေးဖျော်ရာမှာ ရေရဲ့အရည်အသွေး ကောင်းခြင်းက ဆေးအာနိသင်အပေါ် ဘယ်လောက်လွှမ်းမိုးနိုင်သလဲ..ဆိုတာ သိလောက်ပြီထင်ပါတယ်။
ဒါ ကြောင့်. တောင်သူမိတ်ဆွေများအနေနဲ့ လိုချင်တဲ့ဆေးအာနိသင်ရဖို့ ဆေးဖျော်ရာမှာ သတိပြုစရာလေးတွေ လုပ်ဆောင်နိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။
စေတနာများစွာဖြင့်...
ပျံလွှား(ပုလဲ)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဆေးဖျော်ရာတွင် ရေအရေးကြီးပုံ
ဒို့ဦးလေး
လွန်ခဲ့သော ၄ နှစ် ကရှာလကာရည်ကို pHနိမ့်အောင်သုံးနိုင်ပါတယ်
UTin Ko
လွန်ခဲ့သော ၄ နှစ် ကမိုးရေဆိုအဆင်ပြေလား
ThetHtetNaing
လွန်ခဲ့သော ၄ နှစ် ကကျွန်တော်တို့လယ်မှာပေါင်းဝေးပေါင်းသတ်ဆေးကိုသုံးမယ်ဆိုရင်ရေမသန့်လျှင်ph 5လောက်ရှိဖို့ဘယ်အရာဝတ္တုများထည့်သွင်းအသုံးပြုနိုင်ပါသလဲခဗျ
Thura Kyaw
လွန်ခဲ့သော ၄ နှစ် ကCopy ယူလို့ရလားခင်ဗျာ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး