တိုက်ရိုက်စိုက်နွေစပါး ပေါင်းမြက်အလေးထား
စပါးသီးနှံကို မိုးရာသီနှင့် နွေရာသီနှစ်မျိုးလုံးတွင် စိုက်နည်းစနစ်အမျိုးမျိုးဖြင့်စိုက်တာ မြင်တွေ့ရသည်။ ပျိုးထောင်ကောက်စိုက်သည်။ တိုက်ရိုက်မျိုးစေ့ချသည်။
ဘယ်စိုက်နည်းစနစ်က ပိုကောင်းသလဲ။ ပြောရခက်ပါသည်။ စိုက်နည်းစနစ်တိုင်းတွင် အားသာချက်၊ အားနည်းချက်ဆိုတာတွေ ရှိလို့ဖြစ်သည်။ မည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ အားနည်းချက်ကို သိရှိလိုက်နာပြုပြင်မှု မပြုလုပ်လျှင် စပါးအထွက်လျော့နည်းမည်သာဖြစ်သည်။ စိုက်ပျိုးနည်းစနစ်အလိုက် စနစ်တကျဆောင်ရွက်လျှင် ပျိုးထောင်ပဲစိုက်စိုက်၊ တိုက်ရိုက်ပဲကြဲကြဲ စပါးအထွက်မှာ ကွာခြားခြင်းမရှိလို့ သိထားပါသည်။
နွေစပါး
ယခုအခါ နွေစပါးစတင်စိုက်ပျိုးမည့်ရာသီ ရောက်ပြီ။ နွေစပါးကို အများစုက အစိုတမန်းပြင်၌ မျိုးစေ့ကို ကြဲပက်စိုက်သည်။ အချို့မှာ မျိုးစေ့ချကိရိယာများဖြစ်သော IRRI Drum Seeder နှင့် Vietnam Drum Seeder တို့နှင့် စိုက်သည်။ ကြိုးတန်းဆွဲလက်ဖြူးချ စိုက်ပျိုးတာ၊ ကြိုးတန်းဆွဲလက်စုချ စိုက်ပျိုးတာတွေလည်းရှိသည်။ ဒေသအလိုက် သင့်တော်ရာ မျိုးစေ့ချနည်းကို သုံးစွဲလျက်ရှိသည်။ အားလုံးသည် တိုက်ရိုက်မျိုးစေ့ချတာ တွေချည့် ဖြစ်ပါသည်။
အားသာချက်
စပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းသည် ပျိုးထောင်ကောက်စိုက်စနစ်နှင့် နှိုင်းယှဥ်လျှင် အားသာချက်တွေရှိသည်။ လုပ်သားသုံးစွဲရမှုကို သက်သာစေသည်။ စိုက်ပျိုးရေလိုအပ်မှုကိုလျော့နည်းစေသည်။ ကရိကထားများခြင်းမရှိ။
ပျိုးထောင်ကာ ပျိုးပင်ကို ရွှေ့ပြောင်းကောက်စိုက်ရသည်ထက် လွယ်ကူသည်။ စိုက်ဧရိယာအများအပြားကို ကုန်ကျစရိတ်သက်သာစွာဖြင့် လျင်မြန်စွာ စိုက်ပျိုးပြီးစီးစေသည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို သက်သာစေသည်။
ထို့ပြင် တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းသည် ပျိုးထောင်ကောက်စိုက်ခင်းထက် စော၍ ရင့်မှည့်သည်။ ဆက်လက်စိုက်ပျိုးမည့် သီးနှံများအတွက် မြေဆီလွှာ၏ရုပ်သဘာဝကို ကောင်းမွန်စေသည်။ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးစေသည်။ ရေမြေအခြေအနေအမျိုးမျိုးတွင် ဆောင်ရွက်နိုင်ကြောင်း သိရပါသည်။
အားနည်းချက်
အပင်ဖြစ်ထွန်းမှု မညီညာသည့်အပြင် ပင်စည်တောင့်တင်းမှုမရှိ၊ အားနည်းသည်။ ပေါင်းမြက်မျိုးစုံ အလွယ်တကူပေါက်ရောက်မှုကို ဖြစ်စေသည်။ ပိုးမွှားရောဂါများ အလွယ်တကူကျရောက်နိုင်သည်။ အစေ့အဆံမအောင်မြင်သောအနှံများကို ဖြစ်ပေါ်စေသည်။ စပါးမျိုးများတွင် သက်လျင်၊ သက်လတ်ဟူ၍ရှိရာ စပါးမျိုးတိုင်းအတွက် တိုက်ရိုက်မျိုးစေ့ချရန် သင့်တော်ခြင်းမရှိပါ။ စပါးပင်ယိုင်လဲမှုကို ဖြစ်ပေါ်စေနိုင်သည်။
ကြွက်၊ ငှက်၊ ခရု၊ ပုရစ်၊ ပုရွက်ဆိတ်၊ နီမတုတ်စသည့် ဖျက်ကောင်အမျိုးမျိုး ဖျက်ဆီးမှုအန္တရာယ်နှင့် ကြုံတွေ့နိုင်သည်။ ထို့ကြောင့် စပါးအထွက်လျော့နည်းစေနိုင်ပါသေးသည်။
ပေါင်းမြက်
မည်သည့်နည်းဖြင့် တိုက်ရိုက်မျိုးစေ့ချသည်ဖြစ်စေ စပါးပင်နှင့် ပေါင်းမြက်ပင်တို့ တစ်ပြိုင်တည်းအပင်ပေါက်ဖို့ အခွင့်အရေးရသည်။ ပေါင်းမြက်ပင်က နေရောင်ခြည်၊ အပင်အာဟာရနှင့် ရေတို့ကို စပါးပင်နှင့် ယှဉ်ပြိုင်ရယူစားသုံးတော့သည်။
စပါးအထွက်မလျော့ရေးအတွက် ပေါင်းမြက်ပြဿာနာကို မည်သို့ဖြေရှင်းမည်နည်း၊ ကြိုတင်စဉ်းစားဆောင်ရွက်ရန်ဖြစ်သည်။ ပေါင်းသတ်ဆေးကို သုံးစွဲမည်ဆိုပါက- -
(၁) စပါးမစိုက်မီ စိုက်ခင်း၌ပေါက်ရောက်နေသော ပေါင်းမြက်များအား ဆေးဖျန်း (Pre-plant) သတ်မည်လား၊
(၂) စပါးခင်းမှာ စပါးကတော့စိုက်ပြီးပြီ စိုက်သည့်နေ့ကနေ သုံးရက်အတွင်း ပေါင်းမြက်ပင်များမပေါက်မီ ကြိုတင်ဆေးဖျန်း (Pre- emergence) မည်လား၊
(၃) စပါးစိုက်ပြီး ပေါင်းမြက်ပင်များပေါက်ရောက်လာချိန် ဆေးဖျန်းသတ် (Post-emergence) မည်လား၊ ကြိုတင်စဥ်းစားရန် ဖြစ်ပါသည်။
ပေါင်းမြက်ပင်များကို နှိမ်နင်းရန် (သို့မဟုတ်) ကြီးထွားမှုကိုဟန့်တားရန် ပေါင်းသတ်ဆေးအမျိုးအစားမှန်ကို နည်းစနစ်မှန်ဖြင့် သုံးစွဲရမည့်အချိန်မှန်တွင် သုံးစွဲရန်ဖြစ်ပါသည်။
တစ်ခုတော့ပြောလိုပါသည်။ ပေါင်းမြက်ပင်များကိုနှိမ်နင်းရာတွင် ပေါင်းသတ်ဆေးသုံး၍ ကာကွယ််နှိမ်နင်းခြင်း (တနည်းအားဖြင့်) နှိမ်နင်းနည်းတစ်မျိုးတည်း ဆောင်ရွက်ခြင်းဖြင့် ထိရောက်သည့်ကာကွယ်မှုကို ပေးနိုင်မည်မဟုတ်ပါ။
ပေါင်းမြက်ပြဿနာကို ထွန်ရေးတမန်းကောင်းအောင်ပြင်ခြင်း၊ ပေါင်းသတ်ဆေးအသုံးပြုခြင်း၊ စနစ်တကျရေထိန်းသိမ်းခြင်း၊ ပဲမျိုးစုံသီးနှံနှင့် အလှည့်ကျစိုက်ပျိုးခြင်း၊ လက်ပေါင်းလိုက်ခြင်းစသည်တို့ကို တွဲဖက်လုပ်ကိုင်ရန်လိုကြောင်း အသိပေးလိုပါသည်။
စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးကြရာတွင် ပေါင်းမြက်ပြဿနာကြောင့် စပါးအထွက်လျော့နည်းခြင်း မရှိစေရန် စပါးစိုက်ပျိုးရန် မြေပြုပြင်သည်မှစ၍ စပါးအပင်ပွားစည်းမှုကာလ ကုန်ဆုံးသည်အထိ ဘက်စုံပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းစနစ်ကို ကျင့်သုံးဆောင်ရွက်ဖို့ တိုက်တွန်းလိုပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးပင်နှင့်ပေါင်းမြက်
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
shine htet aung
လွန်ခဲ့သော ၄ နှစ် ကပေါင်းသတ်ဆေး ၏အာနိသင် နဗင်ဆေးပမာဏမည်သိ့ထည့်ရမည်လေး ရှင်းလင်းပေးပါဆရာ
ကိုအောင်ဇော်
လွန်ခဲ့သော ၄ နှစ် ကနွေစပါ ကြဲ ခင်ပါ မျိုးစေ့ချပြီး ၁၊၂၊၃အတွင်းဖျန်းတဲ့ပေါင်းမြတ်သေးတဲ့ဆေးသုံးမလို့ပါ စိုက်ပျိုးရေးဆေးဆိုင်တွေကတော့ဖျန်းပြီး၅ရက်အတွင်းရေပြန်သွင်းဖို့ပြောပါတယ် ၅ရက်ဆိုစပါးအပင်ငယ်တေ့ာခရုကိုက်ပြန်ရော စပါးပင်၁၄ရက်or၁၅ရက်လောက်မှရေသွင်းခြင်လို့ရမရဖြေကြားပေးပါ
ကိုအောင်ဇော်
လွန်ခဲ့သော ၄ နှစ် ကhi
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....