အသီးယူနေတဲ့သရက်ပင်တွေကို ဘာကြောင့် ကိုင်းပြင်၊ ကိုင်းရှင်းပေးသင့်တာလဲ?
အသီးယူနေတဲ့သရက်ပင်တွေကို ကိုင်းပြင်၊ ကိုင်းရှင်းခြင်း ပြုလုပ်ပေးရတဲ့အကြောင်းအရင်းကို မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယဥက္ကဌ ဦးမြင့်မော် အား ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဘာကြောင့် ကိုင်းပြင်၊ ကိုင်းရှင်းပေးသင့်တာလဲ?
(၁) အပင်ရဲ့အရပ် (အမြင့်) ကို ထိမ်းသိမ်းပေးခြင်း
သရက်ပင်ရဲ့အရပ် (အမြင့်) ကို ထိမ်းသိမ်းနိုင်ဖို့အတွက် ခေါင်နှိမ်ခြင်း၊ ခေါင်ဖွင့်ခြင်းတွေကို ပြုလုပ်ပေးရပါတယ်။ အသီးခူးပြီးနောက်မှာ အပင်ရဲ့အရပ်ကို (၁ဝ)ပေ အမြင့်မှာ ပြန်ချပြီး၊ အသီးခူးချိန်မှာ (၁၂/၁၃) ပေ အမြင့်မှာရှိနေအောင် ထိမ်းသိမ်းထားသင့်ပါတယ်။ ဒီလိုမျိုး အရပ်အမြင့်တွေကို စနစ်တကျထိန်းသိမ်းပြုပြင်ပေးမှလည်း ဆေးဖြန်းခြင်း၊ အသီးရွေးချယ်ခြင်း၊ အသီးအိတ်စွပ်ခြင်း၊ အသီးခူးဆွတ်ခြင်းဆိုတဲ့ လုပ်ဆောင်ချက်တွေမှာ လျင်မြန်ချောမွေ့ပြီး ကုန်ကျစရိတ်သက်သာမှာ ဖြစ်ပါတယ်။
(၂) နေရောင်ခြည်ရရှိပြီး လေဝင်လေထွက်ကောင်းမွန်ကာ ရောဂါပိုးမွှားအန္တရာယ်မှ ကာကွယ်ပေးခြင်း
ခေါင်နှိမ်ခြင်း၊ ခေါင်ဖွင့်ပေးခြင်း လုပ်ငန်းစဉ်တွေ လုပ်ကိုင်တဲ့အခါ ရောဂါရနေတဲ့ ကိုင်းများ၊ ကိုင်းသေကိုင်းခြောက်များနဲ့ လင်းရိပ်ကျရောက်ပြီး အပင်အတွက် အကျိုးမပြုတဲ့ ကိုင်းသိမ် ကိုင်းမွှားတွေကို ဖယ်ရှားဖြတ်တောက် ရှင်းလင်းပေးရပါမယ်။ ဒါမှသာ ကျန်းမာသန်စွမ်းပြီး အရည်အသွေးကောင်းသရက်တွေ သီးနိုင်မှာပါ။
(၃) အရည်အသွေးကောင်းမွန်သော အသီးများထုတ်လုပ်ပေးနိုင်ခြင်း
ဆေးဖျန်းခြင်းကို လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်တဲ့အတွက် ရောဂါပိုးမွှားတွေကို နိုင်နင်းစွာ ထိန်းချုပ်လာနိုင်မှာပါ။ အပင်အရပ်က လူရဲ့လက်တကမ်းမှာရှိလို့ အသီးများကို လွယ်ကူစွာရွေးချယ်နိုင်ပါလိမ့်မယ်။ သရက်သီးကြီးထွားမှုလည်း ပိုလာနိုင်ပါတယ်။ အသီးခူးယူရာမှာ လိုက်နာသင့်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို တိကျစွာလိုက်နာနိုင်မှာဖြစ်လို့ ဒါဏ်ရာအနာအဆာမရရှိအောင် ခူးဆွတ်နိုင်လာပါမယ်။ လုံးပိန်၊ လုံးညှပ်တွေနဲ့ ပုံမမှန်အသီးမျိုးတွေကို ချွေချပြီး အရည်အသွေးကောင်းမွန်တဲ့ အသီးမျိုးကို ရွေးချယ်နိုင်လာမှာ ဖြစ်ပါတယ်။
စတဲ့ အကျိုးကျေးဇူးတွေရရှိစေဖို့အတွက် ကိုင်းပြင်၊ ကိုင်းရှင်းခြင်းကို ပြုလုပ်ပေးသင့်ပါတယ်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အောင်
လွန်ခဲ့သော ၂ နှစ် ကသရက်အချောတွေအတွက်ပါ
U Palin Sein
လွန်ခဲ့သော ၄ နှစ် ကနေကြာအကြောင်းပြောပြပါလား
မောင်ဆန်းချမ်းနိုင်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးအထူးတင်ပါတယ်
U Han Htun
လွန်ခဲ့သော ၄ နှစ် ကဒီနှစ်သရက်ခြံကိုလှည့်မကြည့်နိုင်တဲ့အခြေအနေအမျိုးမျိုးကြောင့်ပစ်ထားရတာ၊ဘာမှပြုပြင်မှုမလုပ်ရဘူး၊
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကစာပေဖတ်ရှုရတဲ့အတွက်ကျေဇူးတင်ပါတယ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022