အစိမ်းရောင်လမ်း
သံပုရာပင် ဘာလို့အသီးမတင်တာလဲ

သံပုရာပင် ဘာလို့အသီးမတင်တာလဲ

Thein Soe Min
Thein Soe Min 09/06/2021

    တစ်ခါတစ်ရံမှာ သံပုရာပင်က အပင်ကောင်းပြီး အသီးမတင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ အသီးမတင်တဲ့အပင်ကိုကြည့်ပြီး စိတ်ညစ်နေမယ့်အစား ဒီငါးချက်ကို စစ်ဆေးကြည့်ပေးပါ။

၁။ အာဟာရထည့်ပေးဖို့လိုအပ်တာ

    သံပုရာအသီးသီးဖို့အတွက် လိုအပ်တဲ့အာဟာရတွေ ရရှိနေဖို့လိုအပ်ပါတယ်။​ အာဟာရတစ်ခုခု ချို့တဲ့နေပြီဆိုရင်တော့ ပန်းမပွင့်တာ အသီးမတင်တာမျိုး ဖြစ်တတ်ပါတယ်။ နိုက်ထရိုဂျင်လည်း လိုအပ်သလို ဖောစဖောရပ်လည်း လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ မြေကြီးရဲ့ ချဉ်ငန်ဓာတ် (pH) ကိုလည်း စစ်ကြည့်ဖို့ လိုအပ်နေပါသေးတယ်။ သံပုရာပန်းပွင့်ဖို့အတွက် ဖော့စဖောရပ် (တီစူပါ) ဓာတ်က အထူးအရေးပါပါတယ်။​

၂။ လုံလောက်တဲ့ အပူချိန်မရတာ

    သံပုရာရဲ့အပူချိန်လိုအပ်ချက်က အခြား ရှောက်သံပုရာမျိုးနွယ်တွေထက် မြင့်ပါတယ်။​ ဒီနှစ်အသီးမတင်တာ မသီးတာက အရင်နှစ်က လိုအပ်တဲ့အပူချိန်ပမာဏကို မရလို့ဖြစ်နိုင်ပါတယ်။​ ဒါမှမဟုတ် သံပုရာပင်ကို နေရောင်မရအောင် ကွယ်ထားတဲ့ အခြားအပင်တွေ၊ အမိုးအကာတွေရှိနေလား စစ်ပေးပါ။ 

၃။ စနစ်တကျကိုင်းမချိုင်တာ

    ကိုင်းချိုင်ပေးတာ၊ ရှင်းပေးတာ၊ ကိုင်းသိမ်ကိုင်းညှက်တွေ ဖယ်တာ၊ ရောဂါရနေတဲ့ကိုင်းပိုးကျတဲ့ကိုင်းတွေ ခုတ်တာတွေက လုပ်ဖို့လိုအပ်ပါတယ်။​ တစ်ခါတစ်ရံ အပင်ကြည့်ကောင်းအောင်ဆိုပြီး အဖူးထွက်မယ့်ကိုင်းတွေပါ ခုတ်ပစ်တာမျိုးတော့ မလုပ်သင့်ပါဘူး။ သံပုရာကိုင်းတွေရဲ့ အဖျားပိုင်းတွေမှာ အဖူးထွက်မယ့်ကိုင်းတွေရှိပါတယ်။ ဒါတွေကို ဖြတ်လိုက်ရင် နောက်နှစ်မှာ အသီးမတင်တော့ဘဲ ဖြစ်သွားတတ်ပါတယ်။ 

၄။ ရေသွင်းရေထုတ် ကောင်းကောင်းမလုပ်တာ

    သံပုရာပင်က ရေကြိုက်ပါတယ်။ ဒါပေမယ့် အရမ်းစိုနေတာ၊ အချိန်ပြည့်ရေအိုင်နေတာမျိုး မကြိုက်ပါဘူး။ အပွင့်တွေ ကြွေကျတာမျိုး၊ အရွက်တွေ ကြွေကျတာမျိုး ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ရေကို ညီညီမျှမျှလောင်းမပေးတာမျိုးဆိုရင်လည်း အပွင့်ကြွေ၊ အရွက်ကြွေတာတွေ ဖြစ်တတ်ပါတယ်။​

၅။ သဘာဝအရကို ဖြစ်တာ

    တစ်ခါတစ်ရံမှာ အသီးမတင်တာတွေ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ရာသီဥတုဒဏ်တစ်ခုခု သက်ရောက်မှုရှိလာတဲ့အခါမှာ အပင်ရဲ့သဘာဝအရ ဒီနှစ်အသီးမသီးပဲ နောက်နှစ်အတွက် အားတွေချန်လိုက်တာမျိုးပါ။​ ဒါမျိုး စောစောကြိုသတိထားမိရင်တော့ အိမ်တွင်းပင်ဆို အရိပ်ကြဲလေးမိုးပေးတာမျိုး၊ စိုက်ခင်းမှာဆိုရင်တော့ ကောက်ရိုးနဲ့ မြေဖုံးပေးတာမျိုး၊ ရေကို စနစ်တကျလောင်းတာမျိုး လုပ်ပေးပါ။ 

သံပုရာပင်အသီးတင်ဖို့ဘာတွေလုပ်ဖို့လိုအပ်လဲ ဆောင်းပါးကိုလည်း ဖတ်ကြည့်ဖို့ အားပေးပါတယ်။

Ref: Gardeningknowhow

5
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၁ နှစ် က

အသီးတင်ရန်နည်းလမ်းကောင်းများပြေပြပါ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၁ နှစ် က

အသီးတင်ရန်ဘာလုပ်ရမလဲ

Ko Bo Bo

Ko Bo Bo

လွန်ခဲ့သော ၅ နှစ် က

အစေ့စိုက်ဆို ၂-၃ နှစ်။ ကိုင်းကူးဆိုရင် ၆လလောက်ဆို အသီးစထားလို့ရပြီ

မျိုးမင်းပိုင်

မျိုးမင်းပိုင်

လွန်ခဲ့သော ၅ နှစ် က

သံပုရာပင်ဟာ အသီးဝင်ဖို့ ဘယ်နှနှစ်သား အရွယ်ထိ စောင့်ရပါသလဲဗျာ့

ဘိုက​ံ

ဘိုက​ံ

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါဗျာ သိချင်နေတာ

You

ဆက်စပ်မေးခွန်းများ

လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့

မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #

Aung myo win • ဖြေကြားချက် 1 ခု

မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰

ye min htet • ဖြေကြားချက် 1 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဇော်လင်းအောင် • ဖြေကြားချက် 1 ခု

နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး

Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....