အပင်ရွက်မှာ အနားဝါ၊ အစက်ပြောက်၊ အရောင်ပျက်နဲ့ တွန့်လိမ်ထွတ်နေတာမျိုး မြင်ရပြီဆိုရင်
ဓာတုဆေးများနဲ့ အမြဲထိတွေ့နေရတဲ့ တောင်သူများ၊ စိုက်ပျိုးရေးကို လုပ်ကိုင်နေကြတဲ့ မိတ်ဆွေများသတိပြုနိုင်ကြဖို့ မိမိကွင်းဆင်းအတွေ့အကြုံအရ တွေ့ရှိခဲ့တာလေးများကိုတင်ပြပေးလိုက်ပါတယ်။
အပင်မှာ -
- အရွက်နားဝါခြင်း၊
- ပုံမမှန်အစက်အကွက်များ အရွက်မျက်နှာပြင်တွင် ဖြစ်ပေါ်ခြင်း၊
- အရောင်ပျက်ခြင်း၊
- တွန့်လိမ်ခြင်း၊
- အရွက်ထွတ်ခြင်း စတဲ့လက္ခပုံစံတွေ မြင်ရပြီဆိုရင်

အပင်၏အပွင့်၊ အရွက်တို့ကို ထိခိုက်လွယ်စေတဲ့ ဟော်မုန်းအုပ်စုပေါင်းသတ်ဆေးများ သုံးစွဲမှုမှားယွင်းခြင်း၊ များခြင်း၊ ပိုးသတ်ဆေး ဖော်မြူလာများအနက် ဒဗလူပီ(WP)၊ အမှုန့်များထက် အီးစီ (EC)ဆေးများကို အပူချိန်မြင့်နေချိန် နှုန်းထားမြင့်မြင့် ဖျန်းထားတာမျိုး ဖြစ်နိုင်ပါတယ်။
သတ္တုဓာတ်များ (heavy metals) ခဲ၊ အာဆင်းနစ်၊ ကက်မီယံ၊ အလူမီနီယံ ၊ ကော့ပါး၊ ဇင့် စသည်တို့ကို အပင်သီးနှံများတွင် သုံးစွဲမှုမှားခြင်း၊ များခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။

ကော့ပါးဓာတ်များသွားပါက
ဘော်ဒိုမစ်ချာ အပါအဝင်၊ ကော့ပါးအုပ်စုများကို ဖရဲ၊ သခွားမျိူးနွယ်များတွင် အထူးသတိပြု သုံးစွဲသင့်ပါတယ်။ အပင်ကြီးထွားမှုတန့်ခြင်းကို ဖြစ်စေတာပါ။ အထူးသဖြင့် ရာသီဥတု စိုစွတ် ထိုင်းမှိုင်းပြိး အရွက်များစွတ်စိုနေချိန်တွင်လည်းကောင်း၊ ခြောက်သွေ့လွန်းသော ရာသီဥတုအခြေအနေတွင်လည်းကောင်း၊ ကော့ပါးအုပ်စုများ အသုံးပြုပါက ဖရဲ၊ သခွား၊ ဇီးပန်းသီး၊ မက်မွန်စသော သစ်သီးဝလံများတွင် အရွက်ကြွေတဲ့အထိ ဖြစ်ပါတယ်။
ဇင့်ဆာလဖိတ်ဓာတ်များသွားပါက
သစ်သီးဝလံများတွင် ဖျန်းမိပါက အရွက်ကြွေတတ်ပါတယ်။
နှင်းဆီအပါအဝင် ပန်းအလှပင်များတွင် အသုံးပြုပါက အရွက်များ၊ ပန်းပွင့်များ အရောင်ပျက်ခြင်း၊ လောင်ခြင်း ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ဖရဲ၊ သခွားမှာ အပူချိန် ၈၅ ဒီဂရီ ဖာရင်ဟိုက်ကျော်ရင် ဆာလ်ဖာ မသုံးသင့်ပါ။
ငရုတ်သီးကင်းများတွင် ဆာလ်ဖာကို EC ပိုးသတ်ဆေးများဖြင့်ရောပြီး နေပူချိန်ဖျန်းပါက အသီးများ အပူလောင်ဒဏ်ရာဖြစ်တတ်ပါတယ်။
ပိုးသတ်ဆေး ဖျန်းနည်းအမှားများ
- Emulsifiable formulation ပိုးသတ်ဆေးများကို နှုန်းထားများများသုံးခြင်း
- ပန်းပွင့်ချိန် နေပူပြင်းချိန်ဖျန်းခြင်း
- ဆေး သုံး/လေးမျိုး ရောဖျန်းခြင်း
- ပေါင်းသတ်ဆေး သုံးထားသော ဆေးဖျန်းပုံးကို သေချာစွာမဆေးဘဲ သုံးမိခြင်းဖြစ်ပါတယ်။
(တူးဖိုးဒီ ပေါင်းသတ်ဆေးသုံးပြီးပါက ဆေးဖျန်းပုံးကို ဆပ်ပြာနဲ့ဆေးရုံဖြင့် မရပါ။ ရွှံ့ရည်ဖြင့် ၂ကြိမ်ခန့် အရင်ဆေးပြီးမှ ဆပ်ပြာဖြင့်ဆေးပါ)
အညွှန်းစာကို သေချာစွာမဖတ်ဘဲ ရွေးချယ်မဲ့ပေါင်းသတ်ဆေးသုံးမိခြင်း
ရွေးချယ်ဆေးဆိုသော်လည်း သီးနှံမှားယွင်းသုံးခြင်းစသည်တို့ကြောင့် အရွက်လောင်ခြင်း၊ အပွင့်အသီးမတင်ခြင်း သီးနှံပျက်စီးခြင်း များဖြစ်တတ်ပါတယ်။
ဇိုး အုပ်စုများ (အထူးသဖြင့် ပရိုပီကိုနာဇိုး၊ ဟက်ဇာကိုနာဇိုး)ကို အပင်ငယ်စဉ်/အရွက်နုစဥ် နှုန်းထားများထည့်ခြင်းကြောင့်လည်း အညွန့်များ တွန့်လိမ်ခြင်း၊ အရွက်နုဖျားခြောက်ခြင်း များဖြစ်တတ်ပါတယ်။ သီးနှံအမျိုးအစားပေါ်မူတည်ပြီး ထိခိုက်မှု အနည်းအများကွာပါတယ်။ (ဥပမာ စပျစ်ဖူးထောင်အရွယ်တွင် ပရိုပီကိုနာဇိုးဖျန်းခြင်း၊ မန်ကိုဇက်ကို မနက်ခင်း နှင်းသီးချိန်ဖျန်းခြင်းက အညွန့်ခြောက်စေနိုင်ပါတယ်။)
မက်တယ်လက်ဇီး မှိုဆေးကို ဖရဲ၊ သခွား၊ ခရမ်းချဥ်၊ ကွမ်းပင်စည်များတွင် နှုန်းမြင့်မြင့်ဖျန်းခြင်း၊ ရေဖျော်သုတ်ပေးခြင်းကြောင့် ပင်စည်လောင်တတ်ပါတယ်။
(အမြစ်ပုပ်/ပင်စည်ပုပ်ခြင်းကို မက်တလက်ဇီးအသုံးပြုလိုပါက မန်ကိုဇက် နှင့် (၈း၁)သို့မဟုတ် (၄း၁)ရောပြီး သီးနှံအမျိုးအစားအလိုက် တွဲဖက်အသုံးပြုရပါမယ်)
မြေသြဇာ ကျွေးနည်းစနစ်မှားခြင်း
ကွမ်းခြံ၊ ဖရဲ၊ သခွားခြံများတွင် ယူရီးယားများသော မြေဆီများ၊ ပိုတက်စီယံကလိုရိုဒ်များကို နှုန်းထားများများဖြင့် အပင်ခြေ ကြဲပက်ခြင်း/အပင်ခြေကပ်ကျွေးခြင်းကြောင့် အပင်ရဲ့ အောက်ရွက်များ လောင်တတ်ပါတယ်။ အပင်ညှိုးသေနိုင်ပါတယ်။
ငရုတ်၊ ဖရဲ၊ ခရမ်းချဥ်ကဲ့သို့သော ပျိုးပင်ရွှေ့ပြောင်းစိုက်သီးနှံများတွင် အပင်ချမစိုက်မီ စိုက်ကျင်းအတွင်း ကြက်ချေးထည့်ခြင်း၊ ၁၅ပတ်လည်ထည့်ခြင်းတို့ကြောင့် ရေသောက်မြစ်နှင့် မြေသြဇာ တိုက်ရိုက်ထိတွေ့ချိန် အမြစ်ပုပ်ပြီး ညှိုးသေတတ်ပါသည်။
အစိုဓာတ်မလုံလောက်ချိန် ယူရီးယားကို အပင်ပေါ် တိုက်ရိုက်ကြဲပက်ခြင်း သည်လည်း အပင်ကိုလောင်ကျွမ်းစေပါတယ်။
ပေါင်းသတ်ဆေးများကြောင့်အပင်ထိခိုက်ခြင်း
ဟော်မုန်းအမျိူးအစားဖြစ်သော တူးဖိုးဒီများ ဖျန်းပြီးသော ဆေးဖျန်းပုံးမှတဆင့်လည်း အပင်ကိုထိခိုက်နိုင်ပါတယ်။ မှားယွင်းသုံးစွဲမိခြင်း၊ လေတင်လေအောက်ဆေး ထိမှန်ခြင်းများကြောင့်လည်း သီးနှံများ ထိခိုက်လောင်ကျွမ်းနိုင်ပါတယ်။
အချို့တောင်သူတွေဟာ စပါးခင်းပေါင်းနှိမ်နင်းရာမှာ ရွေးချယ်မဲ့ ပင်လုံးပြန့်ပေါင်းသတ်ဆေး ဂလိုင်ဖိုဇိတ်များကို နှုန်းထားလျော့ပြီး ဖျန်းကြသည်ကိုတွေ့ရပါတယ်။ စပါးပင်မနာဘူးဟု ထင်ရပေမယ့် အပင်ဇီဝကမ္မပျက်စီးသွားတာကြောင့် အထွက်နှုန်းလျော့ခြင်းက သိသာစေပါတယ်။
အချို့ ပဲစိုက်တောင်သူတွေဟာဆိုရင်လည်း ပဲမကြဲမီ ဂလိုင်ဖိုဇိတ်ဖျန်းပြီး ပဲကြဲသည်ကိုလည်း တွေ့ရပါသည်။
ပေါင်းကြမ်းသေရန်အတွက်ကောင်းသော်လည်း ပဲပင်ကြီးထွားမှုနှုန်းနှေးခြင်း/ အားဆေးဖျန်းသော်လည်း အပင်မတက်ခြင်း ဖြစ်စေနိုင်ပါတယ်။
ပင်ဒီမီသလင်းကဲ့သို့ ပေါင်းအုပ်ဆေးများကို တိုက်ရိုက်စပါးကြဲခင်းများအတွက် ဒေါင်းမြီးပျံ၊ လက်သည်းဇောင်း၊ ဝါးရုံမြက်များ မပေါက်အောင် ကြိုတင်ရှင်းလင်းရာတွင် အသုံးပြုလျှင် ပိုကောင်းပါတယ်။
သို့သော် အချို့တောင်သူများသည်၊ စပါးပင်အညှောက်ဖောက်ကြဲခြင်း၊ စပါးပင် အပင်ပေါက်ပြီးမှ ပေါင်းအုပ်ဆေးဖျန်းခြင်းက စပါးပင် အရွက်ဖျားခြောက် လောင်တတ်ပါသည်။
ဟိုမုန်းအားဆေးများကြောင့်
ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်းသီးနှံများတွင် အပင်အကြီးမြန်ရန် လိုအပ်သဖြင့် ဟိုမုန်းအားများသော ရွက်ဖျန်းဆေးများ အသုံးပြုကြပါတယ်။
သို့သော် အောက်ဇင်ဟိုမုန်း၊ ဂျီဘရယ်လစ် ဟိုမုန်းများတဲ့ အားဆေးများကို နှုန်းထားများများဖျန်းခြင်း၊ အကြိမ်ရေများများဖျန်းခြင်းဟာ အရွက်များ ရွက်သားထူပြီး တွန့်ခြင်း၊ အရွက်ပြားကြီးပြီး အစိမ်းပုပ်ရောင်ဖြစ်ကာ မသီးမပွင့်နိုင်ခြင်း အညွန့်ရှည်ပြီး နွယ်ထွက်လာတတ်ခြင်းများဖြစ်လာနိုင်ပြီး အထွက်ဆုံးရှုံးနိုင်စေပါတယ်။
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဆုမြတ်နိုး
လွန်ခဲ့သော ၂ နှစ် ကဘယ်လိုအကြောင်းအရာမျိုးကို တင်စေချင်လို့လဲရှင့် အခုဆောင်းပါးလေးက အစိမ်းရောင်လမ်းရဲ့အမေးအဖြေကဏ္ဍမှာ အမေးများတဲ့မေးခွန်းလေးတစ်ခုကို ပြန်ဆွေးနွေးထားတဲ့အဖြေတစ်ခုပါ ဓာတုဆေးနဲ့ယဉ်ပါးနေတဲ့ တောင်သူတွေသတိထားသင့်တဲ့ အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ် တင်စေချင်တာမျိုးရှိရင်လည်း အကြံပြုလို့ရပါတယ်ရှင့်
ကိုကို
လွန်ခဲ့သော ၂ နှစ် ကဘာတေ တင်နေမှန်းမသိဘာဗဟုသုတမှ မရ
ဆက်စပ်မေးခွန်းများ
လယ်ယာစိုက်ပျိုးရေးဗဟုသုတရချင်လို့ပါကများအခုလက်ရှီကျွန်နော်လယ်ယာလုပ်ကိုင်ပါတယ်တောင်သူပါကမျာ့
မောင်အောင်ဆန်းဦး • ဖြေကြားချက် 1 ခု
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာဒူးရင်းစိုက်ချင်ပါတယ်မြေအနေထားနဲ့အပူချိန် ရေကောင်းမကောင်း သိချင်ပါတယ် အပင်ပြုစုတက်ပါတယ် #
Aung myo win • ဖြေကြားချက် 1 ခု
မြေတစ်ဧကမှာ မူးဘယ်နှစ်မူးရှိလဲဖြေပေးကြပါအုန်း ဗျ ဒီနယ်မြေ မှာ မူး နဲ့ပဲ သုံး ကြလို့ မသိလို့ပါ ဗျ🥰
ye min htet • ဖြေကြားချက် 1 ခု
မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ
ဇော်လင်းအောင် • ဖြေကြားချက် 1 ခု
နှမ်း ပေါက်စျေး နေ့စဥ် တင်ပေးတဲ့ နေရာရှိလားဗျ ဒီမှာက စျေးနူန်းတင်တာရပ်ထား သလား???ဗျ မသိလို့ သိတဲ့သူဖြေပေးကြပါအုံး
Htet Wai Yan Kyaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....