စပါးခင်းတွင် စနစ်တကျရေထိန်းသိမ်းနည်း
စပါးတွင် ရေထိန်းသိမ်းမှုကောင်းဖို့လိုသည်။
ဘယ်အထိလဲ?
စပါးမရိတ်သိမ်းမှီ ၇ ရက်မှ ၁၀ ရက်အလို အထိဖြစ်ပါသည်။
ရေထိန်းသိမ်းမှုကောင်းလျှင် ထည့်သွင်းလိုက်သော မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးတို့၏အာနိသင်ကို အကျိုးရှိစေပြီး အထွက်ကောင်းစေသည်။ ထိုမျှမက အရည်အသွေးပါ ကောင်းစေပါသည်။
စပါးစိုက်ပျိုးရာတွင် စိုက်ပျိုးကာစတွင် စပါးပင်သည် ရေအနည်းငယ်သာလိုအပ်၍ စိုက်ခင်းတွင်း ရေမြှုပ်နေရန် မလိုအပ်ပါ။ စိုက်ခင်းအတွင်း ရေပမာဏကို အပင်ကြီးထွားမှု ကာလအလိုက် ထားရှိသင့်ပါသည်။
စပါးပင်ပွားထွက်ချိန်တွင် ခြောက်သွေ့မနေစေရေးဂရုစိုက်ရန်လိုသည်။ စိုက်ခင်းအတွင်းရေ နှစ်လက်မခန့် ရှိနေသင့်ပါသည်။
အပင်ကြီးထွားစဉ်ကာလအတွင်း အထူးသဖြင့် စပါးနှံစထွက်ချိန်မှ ပန်းပွင့်ချိန်ကာလအထိ ရေထိန်းထားသင့်ပါသည်။ လယ်ကွက်အတွင်း ရေကို နှစ်လက်မမှ သုံးလက်မအမြင့်ခန့် အမြဲသွင်းထားသင့်ပါသည်။
စိုက်ခင်းသည် ရေသွင်းရေထုတ်လွယ်ကူပါက ရေသုံးစွဲမှုချွေတာနိုင်ရန် စိုတစ်လှည့် ခြောက်တစ်ခါရေထိန်းစနစ် (Alternate Wetting and Drying-AWD) ကို ဆောင်ရွက်သင့်ပါသည်။ ဤစနစ်သည် စပါးစိုက်ခင်း၌ ရေပေးသွင်းရာတွင် စိုက်ခင်းရေလျော့နည်းတိုင်း ရေပေးသွင်းမည့်အစား အလိုအပ်ဆုံးအချိန်ရောက်မှသာ နောက်တစ်ကြိမ်ရေပေးသွင်းသည့်စနစ် ဖြစ်ပါသည်။
ပန်းပွင့်ပြီး ရက် ၂၀ ခန့်အကြာ၊ စပါးမရိတ်မီ ၇ ရက်မှ ၁၀ ရက်အလိုတွင်တော့ စိုက်ခင်းအတွင်း ရေရှိမနေသင့်တော့ပါ။ မြေအမျိုးအစားပေါ်မူတည်ပြီး လက်ကျန်ရေကို ထုတ်ပစ်ရန်လိုပါသည်။
အစိမ်းရောင်လမ်းရဲ့ "အရေးကြီးဆုံး ပို့ကုန်သီးနှံငါးမျိုး၏ စိုက်ပျိုးနည်းစနစ်များ" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးခင်းရေပေးစနစ်
WinMOETHU
လွန်ခဲ့သော ၃ နှစ် ကမျိုးစပါးကဘယ်စပါးအကောင်းဆုံးလဲခင်ဗျ
WinMOETHU
လွန်ခဲ့သော ၃ နှစ် ကyest
Tun Win
လွန်ခဲ့သော ၃ နှစ် ကနွေစပါးက ဘယ်လစိုက်ပျိုးတာ အထွက်နှုန်းကောင်းဆုံးလည်း ခမျာ
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကစပါးပင်ကသိပ်မကြီးထွားဘဲ မာတတ်တတ်ဖစ်ေနတယ် ဝါလဲဝါတယ် အဲ့တာဘာလုပ်ေပးရမလဲ႐ွင့်
Lin Linn Tun
လွန်ခဲ့သော ၄ နှစ် ကမိုးစပါးတွက်ရေချိန်နည်လေးကိုသိချင်ပါတယ်ဗျာ
ဆက်စပ်မေးခွန်းများ
မှိုရောဂါကြတာလားဘာဆေးဖြန်းပေးရမလဲဓါတ်မြေသြဇာကိုဘယ်အမျိုးအစားသုံးသင့်လဲ
Kyaw Thet • ဖြေကြားချက် 1 ခု
ဒူးရင်းသီး
Soe Kyaw Thu • ဖြေကြားချက် 2 ခု
နာနတ်ပင်ပင်စည်ပုတ် အမြစ်ပုတ်နေလို့ဘာဆေးဖြန်းရမလဲခင်ဗျာ
ထူးကိုကို • ဖြေကြားချက် 1 ခု
စပါးပင်တွေဝါနေလို့ရေသွင်းထားတာရေကိုဘယ်နှစ်ရက်လောက်ထားပြီးမှထုတ်သင့်လဲသိချင်ပါတယ်
Kyaw Gyi • ဖြေကြားချက် 1 ခု
စပါးခင်းရေသွင်းရေထုတ်နည်းနားမလည်လို့သေချာရှင်းပြစေချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....