စိုက်ပျိုးမွေးမြူရေး နှစ်ခုလုံးမှာ အကျိုးများအသုံးချနိုင်တဲ့ အေဇိုလာ ထုတ်လုပ်သုံးစွဲနည်း (၁)
ဓာတ်မြေဩဇာဈေးတွေ ခေါင်ခိုက်လာတဲ့ အခုလိုအချိန်မှာ သူ့အတွက် အစားထိုး အသုံးပြုနိုင်မယ့် သဘာဝမြေဩဇာတွေအကြောင်းကို တောင်သူတွေ ပိုပြီးစိတ်ဝင်စားလာကြပါတယ်။ ဒီအတွက် သဘာဝမြေဩဇာတွေ အမျိုးမျိုးလည်း ထုတ်လုပ်ရောင်းချသူတွေ၊ သုံးစွဲသူတွေ အများအပြားရှိလာပါတယ်။

ဒီထဲကမှ အပင်တွေအတွက် အာဟာရဓာတ်များစွာပါဝင်ပြီး အလွယ်တကူ ထုတ်လုပ်သုံးစွဲလို့ရသလို စီးပွားဖြစ်ပါထုတ်လုပ်အသုံးချနိုင်မယ့် အေဇိုလာ(Azolla) စိုက်ပျိုးမှုလုပ်ငန်းစဉ်တွေအကြောင်းကို တောင်သူတော်တော်များများက မေးမြန်းလာလို့ အေဇိုလာစိုက်ပျိုးပြုစုနည်း၊ မျိုးပွားနည်း၊ လိုအပ်သောပတ်ဝန်းကျင်၊ အသုံးပြုနည်း၊ အကျိုးကျေးဇူးများနဲ့ ပိုးမွှားရောဂါများကာကွယ်နည်း၊ ရိတ်သိမ်းယူနည်း စတဲ့ အသေးစိတ်အချက်အလက်တွေကို ရေးသားဖော်ပြလိုက်ပါတယ်။
Azolla ဆိုတာ ဘာလဲ

Azolla ဆိုတာက ရေထဲမှာနေတဲ့ Fern ပင် အမျိုးအစားဖြစ်ပြီး Duck Weeds သို့မဟုတ် ရေညှိများနဲ့ဆင်တူတဲ့ ရေနေရေပေါ်ပင်များ ဖြစ်ပါတယ်။ အာရှ၊ အာဖရိကနဲ့ အမေရိကတို့ရဲ့ မူရင်းဇာတိရင်းမြစ်များ ဖြစ်ပြီး နာမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်အသုံးပြုကြပါတယ်။
သူတို့ဟာ အောက်ခံအမြစ်များတွဲလောင်းနဲ့ ရေမျက်နှာပြင်ပေါ်မှာမျှောနေကြတာပါ။ ယပ်တောင်လို ပုံစံရှိပြီး အရွယ်အစားသေးငယ်ကာ တစ်ခုနဲ့တစ်ခု ထပ်နေတဲ့အပင်လေးတွေပါ။
ရေစိုခံနိုင်တဲ့ ဒီ Azolla အပင်လေးဟာ ၂ ရက်၊ ၃ ရက်အတွင်း သူ့ရဲ့ဇီဝဒြပ်ထုကို နှစ်ဆတိုးစေနိုင်လို့ 'စူပါအပင် Azolla ' အဖြစ် လူကြိုက်များကြပါတယ်။
သူ့မှာမျိုးစိတ် ၆ မျိုးရှိပြီး လက်ရှိ အာရှမှာ အများဆုံးတွေ့ရှိရတာက A.pinnata မျိုးစိတ်ပါ။ တခြားမျိုးစိတ်တွေကတော့ A.filiculoides, A. nilotica, A. caroliniana, A. Mexicana, A. Microphylle တို့ ဖြစ်ပါတယ်။ မျိုးစိတ်တစ်ခုစီဟာ အပင်အရွယ်အစား ကွဲပြားကြပြီး အမွေးအရောင်တွေက အစိမ်းကနေ ခရမ်းရောင်အထိ ကွဲပြားနိုင်ပါတယ်။
အမွေးများရဲ့ ညွှန်ပြချက်ကိုလိုက်ပြီး သွင်ပြင်လက္ခဏာ- ဇီဝကမ္မမျိုးကွဲသုံးမျိုးအဖြစ် ဖော်ပြကြပါတယ်။
အနီရောင်က ဆားငန်ဓာတ်ကို ခံနိုင်ရည်ရှိပြီး ခရမ်းရောင်ကတော့ အချဉ်ဓာတ်ကို ခံနိုင်ရည်ရှိပါတယ်။ သစ်စိမ်းရောင်ကတော့ မြင့်မားတဲ့အပူချိန်ကို ခံနိုင်ရည်ရှိပါတယ်။
မျိုးစိတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ကွာခြားမှုက Azolla ရဲ့ အာဟာရပါဝင်မှုကို ပြောင်းလဲစေနိုင်ပါတယ်။
ဘယ်လိုဓာတ်တွေပါဝင်ပြီး ဘယ်လိုအသုံးချကြလဲ
မွေးမြူရေးအတွက် အသုံးချခြင်း
Azolla အခြောက်မှာ အောက်ပါဓာတ်များ ပါဝင်ပါတယ်။
- ၁။ ပရိုတင်းဓာတ် (အစိမ်း)
- ၂။ အမျှင်ဓာတ်
- ၃။ ပြာဓာတ် (ပိုတတ်)
- ၄။ နိုက်ထရိုဂျင်
- ၅။ ကယ်လ်စီယမ်
- ၆။ ဖော့စဖရပ် နှင့် အခြားအာဟာရများ
- ၇။ Lysine, Methionine, Cystine
ဆိုတော့ အဲ့လိုဓာတ်တွေ ပါဝင်တာကြောင့် တိရစ္ဆာန် သို့မဟုတ် မွေးမြူရေးအစာအဖြစ် (နို့စားတိရစ္ဆာန်များ၊ ကြက်၊ သိုးနှင့် ဆိတ်များအတွက်) တွင်ကျယ်စွာ အသုံးပြုကြပါတယ်။
စိုက်ပျိုးရေးတွင် အသုံးချခြင်း
*နိုက်ထရိုဂျင် ပြုပြင်ဖမ်းယူပေးနိုင်ခြင်း*
ယေဘုယျအားဖြင့် Azolla ဟာ နိုက်ထရိုဂျင် ဖြည့်တင်းရာမှာ ကူညီပေးနိုင်လို့ အပင်တွေကို ကြီးထွားမှု မြန်ဆန်စေပါတယ်။ သူတို့ဟာ လေထုအတွင်း နိုက်ထရိုဂျင်ကို ပြုပြင်ပေးတဲ့ စိမ်းပြာရောင် ရေညှိမျိုးစိတ်များနဲ့လည်း ပေါင်းသင်းနေထိုင်နိုင်ကြပါတယ်။
ရေညှိမျိုးစိတ်တွေဟာ ဒီ အေဇိုလာ Fern ပင်လေးတွေရဲ့ အပေါ်ဘက်အခြမ်းမှာ နေထိုင်ကြပြီး 'anabaena Azolla' လို့ ခေါ်ပါတယ်။ ဒီရေညှိမျိုးစိတ်တွေဟာ အော်ဂဲနစ်နိုက်ထရိုဂျင်ဓာတ်မြေသြဇာရဲ့ ရင်းမြစ်ဖြစ်ပြီး အထူးသဖြင့် စပါးစိုက်ပျိုးချိန်ဆိုရင် ရေနေသစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုလို့ ရပါတယ်။
Anabaena သုတေသနတစ်ခုမှာတော့ Azolla ရဲ့ ပေါင်းစပ်မှုနဲ့အတူ မြေတစ်ဟက်တာ(၂.၄၇ ဧက)ကနေ သစ်စိမ်းမြေဩဇာ တနေ့ ၁ တန်ခန့် ထွက်ရှိနိုင်တယ်လို့ ဆိုထားပါတယ်။
နိုက်ထရိုဂျင်မရှိတဲ့နေရာမှာ စိုက်ပျိုးကြည့်တဲ့အခါ Azolla ဟာ ၃-၅ ရက်အတွင်း အလေးချိန် နှစ်ဆတိုးနိုင်တာတွေ့ရပါတယ်။ နိုက်ထရိုဂျင်ကတော့ 0.1-0.2% နီးပါး ပါဝင်နိုင်ပါတယ်။ Azolla အခြောက်မှာဆိုရင်တော့ နိုက်ထရိုဂျင်က 3-5% အထိ ပါဝင်ပါတယ်။
အရောင်ကိုကြည့်ရုံနဲ့တော့ နိုက်ထရိုဂျင်ပါဝင်မှုအနေအထားကို ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဖော့စဖရပ်နှင့် ကယ်လ်စီယမ်ချို့တဲ့မှု၊ နွေရာသီအပူချိန် စတာတွေကြောင့် သူက အနီရောင်လည်း ဖြစ်သွားနိုင်လို့ပါ။
အစိမ်းပဲဖြစ်ဖြစ်၊ အနီရောင်ပဲဖြစ်ဖြစ် Azolla မျိုးကွဲနှစ်မျိုးစလုံးမှာ နိုက်ထရိုဂျင်ပါဝင်မှုကတော့ အတူတူလောက်ပါပဲ။
Azolla ရဲ့ အားသာချက်များကတော့..
- ၁။သဘာဝပတ်ဝန်းကျင် အခြေအနေအရ တောရိုင်းများတွင် အလွယ်တကူ စိုက်ပျိုးနိုင်ခြင်း။
- ၂။ ကြီးထွားနှုန်းမြန်ပြီး အမြောက်အမြားထုတ်လုပ်နိုင်ခြင်း။
- ၃။ လေထုထဲက နိုက်ထရိုဂျင်ကို ပြုပြင်ပေးနိုင်စွမ်းရှိခြင်း။
- ၄။ ဇင့်၊ သံ၊ မန်းဂနိစ် စသည်တို့ကဲ့သို့ ဒြပ်စင်များကို ပျော်ဝင်စေပြီး စပါးပင်များ၊ ကန်စွန်းပင်များနှင့် ရေနေစိုက်ပျိုးသော အပင်များကို ရရှိစေခြင်း။
- ၅။ စိုက်ပျိုးမြေများတွင် ပေါင်းမြက်များကို နှိမ်နင်းနိုင်ခြင်း။
- ၆။ အပင်ကြီးထွားမှုကို ထိန်းညှိပေးသော ဗီတာမင်များနှင့် အပင်ကြီးထွားမှုကို အထောက်အပံ့ပေးနိုင်ခြင်း။
- ၇။ ဓာတုနိုက်ထရိုဂျင်ဓာတ်မြေသြဇာ(ယူရီးယား)ကို အစားထိုးအသုံးပြုနိုင်ခြင်း။
- ၈။ စိုက်ပျိုးဧရိယာ၏ ရေငွေ့ပျံနှုန်းကို လျှော့ချပေးနိုင်ခြင်း။
- ၉။ ဓာတ်မြေသြဇာ အသုံးချမှု ထိရောက်မှုကို တိုးစေခြင်း။
- ၁၀။ စိုက်ပျိုးရေးမွေးမြူရေးအတွက် ရင်းနှီးမြှုပ်နှံမှုနည်းခြင်း။
- ၁၁။ အခြားသီးနှံများနှင့်အတူ စိုက်ခင်းငယ်တစ်ခုအတွင်း စိုက်ပျိုးနိုင်ခြင်း။
- ၁၂။ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို မျှတအောင် ကူညီပေးနိုင်ခြင်း။
စတဲ့ အကျိုးကျေးဇူး အများအပြား ရရှိစေပါတယ်။
ဆိုတော့ ဒီလို အကျိုးကျေးဇူးများပြားလှတဲ့ အေဇိုလာတွေကို ဘယ်လိုတွေ စိုက်ပျိုးထုတ်လုပ်မလဲ၊ ဘယ်လိုတွေ အသုံးချလို့ ရလဲဆိုတာတွေကိုတော့ အပိုင်း (၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko Thu ya
လွန်ခဲ့သော ၃ နှစ် ကစပါးမှာဆိုဘယ်လိုအသုံးပြုရမလဲဆိုတာလမ်းညွှန်ပေးပါအုံး
သူရိန်
လွန်ခဲ့သော ၃ နှစ် က09755183914
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကဘယ်ဆက်သွယ်ရမလဲးပြောပြပေးပါလားဗျ
Aမာမွတ်
လွန်ခဲ့သော ၄ နှစ် က09796884042
Aမာမွတ်
လွန်ခဲ့သော ၄ နှစ် ကမျိုးနည်းနည်းလိုချင်ပါတယ်ခင်ဗျ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from Htet Zaw Htun (organic Farming Coach)
အားလုံး
ဈေးကြီးလွန်းသည့်ကြက်စာများနေရာတွင် အေဇိုလာကို အစားထိုးအသုံးချနည်း
18/08/2022
တီကောင်မွေးပြီး စွန့်ပစ်ပစ္စည်းများမှ မြေဆွေးနှင့် တီကျစ်ရည်များ ထုတ်လုပ်နည်း အပိုင်း - ၃
14/08/2022
တီကောင်သုံးပြီး စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်တင်အသုံးချနည်း အပိုင်း - ၂
12/08/2022
တီကောင်သုံးပြီး စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်တင်အသုံးချနည်း အပိုင်း - ၁
10/08/2022
စိုက်ပျိုးမွေးမြူရေး နှစ်ခုလုံးမှာ အကျိုးများအသုံးချနိုင်တဲ့ အေဇိုလာ ထုတ်လုပ်သုံးစွဲနည်း (၂)
31/07/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....