တီကောင်သုံးပြီး စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်တင်အသုံးချနည်း အပိုင်း - ၂
တပိုင်တနိုင်နှင့် စီးပွားဖြစ်တီကောင်များမွေးမြူနည်း* #vermiculture and #vermicompost
- *တီကောင်များ မွေးမြူရာတွင် အဓိက မိမိဒေသတွင် တီကောင်ကျွေးရန် အစာများကို အသက်သာဆုံးနှင့်လုံလုံလောက်လောက်ရရှိနိုင်ဖို့က အရေးအကြီးဆုံးဖြစ်ကြောင်း ထပ် ပြောလိုပါသည်။
- တီကောင်မွေးမြူရေးနှင့် တီကျစ်စာထုတ်လုပ်ရေးမှာ အထူးသဖြင့် နွားမွေးမြူသူများ နှင့် ဝက်၊ ကြက်၊ ဆိတ် စသည် တွဲဖက်မွေးမြူသော တောင်သူများအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်ပါသည်။
- အုတ်ကန်များ၊ ပလတ်စတစ်ပုံးများ၊ သစ်သားပုံးများ၊ မြေတွင်းတူး၍ ပလတ်စတစ်ခံပြီး မွေးမြူနည်းများ စသည်ဖြင့် နည်းစနစ်အမျိုးမျိုးဖြင့် မွေးမြူနိုင်ပါသည်။
#တပိုင်တနိုင်တီကောင်မွေးနည်းနှင့် တီကျစ်စာမြေဆွေး၊ တီကျစ်ရည်ထုတ်လုပ်နည်း
- *တပိုင်တနိုင်တီမွေးမြူမည့်ပုံး အောက်ဆုံးတွင် သစ်ရွက်ခြောက် ၄ လက်မထုခံပြီး အပေါ်မှာ မြေဆွေး၊ နွားချေးဆွေး ၂ - ၄ လက်မခန့်ထည့်ပြီး တီအကောင် ၁၀၀ ထည့်မွေးကာ နွားချေးများကို တီများစားနိုင်သလောက် ၃ - ၄ ရက်တခါ ထည့်ပေးပြီး ရေလိုအပ်သလိုဖျန်းပေးရသည်။
- တစ်လခန့်ကြာသောအခါ တီပုံးတွင် တီကျစ်စာများဖြင့် ပြည့်လာသောအခါ တီကျစ်စာများကို ရရှိသကဲ့သို့ တီစွန့်ပစ်ရည်များစွာကိုလည်း ရရှိသည်။
- တပိုင်တနိုင်တီကောင် ၁၀၀ နှင့် စတင်မွေးမြူပါက ၁ လမှ ၆ လခန့်ကြာလျှင် တီကောင်များ ၅ ဆမှ အဆ၂၀ ခန့် ပွားများလာမည်ဖြစ်၍ တီမြေဆွေးပြုလုပ်ရန် အချိန်တိုသွားမည်ဖြစ်သည်။
- တီကျစ်စာများကိုအပတ်စဥ် ထုတ်လုပ်နိုင်ရန် တီများကို ၃ ပေပတ်လည်ရှိ မျက်နှာပြင်တွင် တီကောင် ၃၀၀-၅၀၀ ခန့်ထည့်၍ မွေးမြူကြပါသည်။ တီကောင်များပွားများလာပြီးပါက ပုံးအသစ်များတွင် ခွဲပြီးမွေးခြင်းဖြင့် တီမြေဆွေးနှင့် စွန့်ပစ်ရည်များစွာကို ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။
ပုံတပုံချင်းစီကို လေ့လာကြည့်ပါ။



#စီးပွားဖြစ်တီကောင်မွေးနည်းနှင့် တီကျစ်စာမြေဆွေး၊ တီကျစ်ရည်ထုတ်လုပ်နည်း
- စီးပွားဖြစ်တီကောင်နှင့် တီမြေဆွေးပြုလုပ်မည်ဆိုပါက အမိုးအောက်တွင် တီကန်များကို အနံ ၄ ပေ၊ အမြင့် ၃ ပေ နှင့် အလျားကို ၆ -၂၀ ပေ (သို့်မဟုတ်) မိမိလိုသလို အလျားထား၍ ပြုလုပ်နိုင်ပါသည်။
- အသုံးပြုသည့်တီကန်ကို မိမိကြိုက်နှစ်သက်ရာ ပစ္စည်းများဖြင့် အသုံးပြုနိုင်ပေသည်။ တီမြေဆွေးအတွက် မွေးမြူလိုပါက ၄ ပေ - ၆ ပေ ကန်အရွယ်အစားတွင် တီ ၄ - ၅ ကီလိုစမွေးပါက အချိန်တိုအတွင်းတီမြေဆွေးထုတ်ယူနိုင်ပေမည်။
- အချိန်ပေးမွေးမြူနိုင်ပါက မွေးမြူရန်တီကောင်များကို ပမာဏနည်းနည်းဖြင့်စတင်ပြီး လိုအပ်သော ပမာဏကိုရအောင် ပွားများမွေးမြူထားရန် လိုအပ်ပါသည်။
- တီကန်များအောက်ခြေကို ရေစီးဆင်းနိုင်ရန် တစ်ဖက်ကို အနည်းငယ် ရေထုတ်ပေါက်ပြုလုပ်ထားပြီး အဖွင့်အပိတ်လုပ်နိုင်မည့် တခုခုတပ်ထားပါ။
- အောက်ဆုံးအလွှာတွင် အုတ်ခဲကျိုးများ သို့မဟုတ် အုန်းဆံခွံများကို ရေစိမ့်ကောင်းအောင်စီထည့်ပါ။
- တီများနေသားကျသွားသောအခါတွင် စားဖိုဆောင်မှ ထွက်သော စွန့်ပစ်ပစ္စည်းများကို မှန်မှန်ကျွေးပြီး အစိုဓာတ်လိုလျှင် ရေအနည်းငယ်ကို ဖျန်းပေးပါ။
- တီကောင်များသည် ရေသိပ်များနေသည့် အခြေအနေကို မနှစ်သက်ပါ။ လေဝင်လေထွက် ကောင်းရန်လိုအပ်ပါသည်။ ထို့နောက် တီကောင်နေထိုင်ရန်အလွှာ (Bedding)နှင့် တီအစာများကို အောက်ပါမွေးမြူမည့်စနစ်အရ အလွှာလိုက် အောက်ပါပုံများအတိုင်း တပုံချင်း၊ တဆင့်ချင်းစီ အဆင့်လိုက် အစာထည့်ပေးရပေမည်။
#တီကောင်များအတွက်အစားအစာများ
- *သဘာဝတွင် တီကောင်များသည် မြေကြီးထဲတွင်သာနေပြီး သဘာဝ သစ်ဆွေးများနှင့် မြေကြီး မြေဆီများသာ စားသုံးကာ မြေပေါ်ရှိ လူတို့ စိုက်ပျိုးထားသော သီးနှံပင်များကို စားသောက်ဖျက်ဆီးမှု မရှိပါ။
- အပင်မှ ကြွေကျသော သစ်ရွက်များနှင့် တိရစ္ဆာန်များမှစွန့်ပစ်သော ချေးများကိုသာ အဓိကစားသောက်တက်ကြသည်။
- လတ်ဆတ်သော သစ်ရွက်သစ်သီးခွံများကို တစ်ရက်အတွင်း ၎င်း၏ ခန္ဓာကိုယ် အလေး ချိန်ခန့်ထိ စားသုံးနိုင်သည်။ ယင်းကဲ့သို့ အစားအစာများကို များစွာ စားသုံးမှုကြောင့် အလွန်အကြီးမြန်သော သတ္တဝါများလည်း ဖြစ်သည်။
#တီများကိုမွေးမြူမည်ဆိုပါက ကျွေးနိုင်သော အစားအစာများမှာ -
- ၁။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးအလေအလွင့်များ
- ၂။ တိရစ္ဆာန်ချေးများ (နွားချေး၊ ကျွဲချေး၊ ဆင်ချေး၊ ဝက်ချေး၊ ကြက်ချေး၊ ဆိတ်ချေး)
- ၃။ ဝါစေ့ကြိတ်ဖတ်၊ ဝါအလေအလွင့်များ
- ၄။ ဂျပ်စက္ကူ၊ သတင်းစာစက္ကူစများ
- ၅။ ကော်ဖီ၊ လက်ဖက်ခြောက်ဖတ်များ
- ၆။ ကောက်ရိုးခြောက်များ
- ၇။ သစ်ရွက်ခြောက်များ
- ၈။ ဖွဲနုများ
- ၉။ ငှက်ပျောပင်စည်၊ ငှက်ပျောခွံ နှင့် ဗေဒါများ
- ၁၀။ ဖရဲသီးအခွံများ စသည်တို့ဖြစ်သည်။
ကျွေးမွေးသော ပစ္စည်းများသည် အခြောက်ဖြစ်ပါက ရေတွင်စိမ်ပြီးမှ ကျွေးရမည်ဖြစ်ပါသည်။
အနံ့အသက်ပြင်းသော ပေါင်းများ၊ အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများကို မကျွေးပါကပိုကောင်းပါသည်။
အချို့ကြက်ဥအခွံများကို အမှုန့်ကြိတ်ကျွေးနိုင်ပါက တီမြေဆွေးတွင် ထုံးဓါတ်ပါဝင်မှုများလာနိုင်ပါသည်။
#တီမြေဆွေးပြုလုပ်ရာတွင် သတိပြုရမည့် အချက်များ
- ဒေသနှင့်ကိုက်ညီသော တီများဖြစ်သည့် ဒေသတီနီ (Red Wigglers)၊ ညထွက်သောတီ (African Night Crawler)များ နှင့် အိန္ဒိယတီ India Blue Worm တို့သည် အသင့်တော်ဆုံး တီများဖြစ်သည်။
- နွားချေး၊ ဝက်ချေးနှင့် အပင်မှ ရသော အရာများဆိုပါက ဓာတုလွတ် ဟင်းသီး ဟင်းရွက်၊ သစ်သီးခွံများကိုသာ အသုံးပြုရပါမည်။
- တိရစ္ဆာန်မှ ရသော အစိတ်အပိုင်းများ၊ ဥခွံများ၊ အရိုးများ၊ နို့ထွက်ပစ္စည်းများကို မသုံးပါနှင့်။
- ပိတ်ဇာစဖြင့် ကြွက်၊ ငှက်၊ ချ၊ ဖား တို့ရန်မှ ကာကွယ်ပေးပါ။
- တီကန်ထဲတွင် အစိုဓာတ်လုံလောက်စွာ ထိန်းထားပါ။
- ရေဝပ်ခြင်း၊ ခြောက်သွေ့ခြင်းတို့ မဖြစ်အောင် ရေကို သုံးရက်တစ်ကြိမ် ဖျန်းပေးပါ။
- တီကျစ်စာများကို မှန်မှန်ထုတ်ယူပြီး အသစ်ထပ်မွေးပါ။
မွေးမြူရေး၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများ၊ ငှက်ပျောပင်စိုက်ပျိုးသူများအနေဖြင့် မိမိတို့ လုပ်ငန်းမှထွက်သော စွန့်ပစ်ပစ္စည်းများကို အသုံးချကာ တီကောင်များမွေးပြီး တန်ဖိုးရှိသော တီမြေဆွေးနှင့် တီစွန့်ပစ်ပစ္စည်းများအဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေလည်းရ၊ စိုက်ပျိုးရေးသွင်းအားစု ကုန်ကျစရိတ်များကိုလည်း အတိုင်း အတာတခုအထိ လျှော့ချနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် ရေရှည်ခံပြီး ကိုယ်တိုင်အသုံးချနိုင်သော နည်းပညာတရပ်ဖြစ်သလို သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရန်လည်း အထောက်အကူပြုနိုင်သည့်အတွက် ရေးသားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
အပိုင်း (၃) တွင် တီမွေးမြူရေးမှ ရရှိနိုင်သော အကျိုးအမြတ်များ အကြောင်းကို ပြောပြ ပေးသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Sai Khun Oo
လွန်ခဲ့သော ၃ နှစ် ကကိုအာကာkhwein
Sai Khun Oo
လွန်ခဲ့သော ၃ နှစ် ကဖုန်းနံပါတ် ပေးပါလား
မျိုးလှိုင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
Htet Zaw Htun (organic Farming Coach)
လွန်ခဲ့သော ၃ နှစ် က09445079863 viberကိုဆက်ပေးပါခင်ဗျ
arkar khwein
လွန်ခဲ့သော ၃ နှစ် ကတီကောင်တွေ ရောင်းချင်ဗျ လမ်းညွန်ပါအုံး
ဆက်စပ်မေးခွန်းများ
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ကွမ်းခြံက 2 လရှိပြီး အညွန့်ချိုးခြံပါ အောက်ခြံဆိုတော့စိမ့်ကိုင်နေလို စိမ့်မြောင်းတော့တူးထားတယ် အဲ့ဒါဘယ်လိုဆေးကျွေးပြီး ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပေးပါအုန်းဗျား ""လေးစာစွာတင်ပြပါတယ်""
Kyaw Aye • ဖြေကြားချက် 2 ခု
အီးအန်ဆေးပြုလုပ်ပုံအဆင့်ဆင့်ပြောပြပေးပါအုံး အီးအန်ကဘာတေကောင်းလဲဘယ်လိုအသုံးပြုရလဲရှင်းပြပေးပါအုံး
Ko Gyi Aung • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုထဲကို EMအရည်ထည့်ထားပါတယ် ကြာကြာထားလို့ရနိုင်မလာ နွေမှ အသုံးပြုမှာ မို့လိုပါ ဖြေကြားပေးပါ
bominthu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Htet Zaw Htun (organic Farming Coach)
အားလုံး
ဈေးကြီးလွန်းသည့်ကြက်စာများနေရာတွင် အေဇိုလာကို အစားထိုးအသုံးချနည်း
18/08/2022
တီကောင်မွေးပြီး စွန့်ပစ်ပစ္စည်းများမှ မြေဆွေးနှင့် တီကျစ်ရည်များ ထုတ်လုပ်နည်း အပိုင်း - ၃
14/08/2022
တီကောင်သုံးပြီး စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်တင်အသုံးချနည်း အပိုင်း - ၁
10/08/2022
စိုက်ပျိုးမွေးမြူရေး နှစ်ခုလုံးမှာ အကျိုးများအသုံးချနိုင်တဲ့ အေဇိုလာ ထုတ်လုပ်သုံးစွဲနည်း (၂)
31/07/2022
စိုက်ပျိုးမွေးမြူရေး နှစ်ခုလုံးမှာ အကျိုးများအသုံးချနိုင်တဲ့ အေဇိုလာ ထုတ်လုပ်သုံးစွဲနည်း (၁)
29/07/2022