မျောက်ငိုသီးပင် စိုက်ပျိုးနည်း
အစိမ်းရောင်ရှိပြီး ဓညင်းသီးနဲ့ ပုံစံဆင်တူတဲ့ မျောက်ငိုသီးတွေကို အရှေ့တောင်အာရှတဝိုက်နဲ့ အခုနောက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံမှာပါ တွင်ကျယ်စွာ စားသုံးလာကြပြီ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ဆိုရင် Stink bean/ Bitter bean/ Twisted cluster bean လို့ခေါ်ကြပြီး မလေးရှားဘာသာစကားအတိုင်း Petai လို့လည်း အမည်တွင်ပါတယ်။ မြန်မာမှာတော့ မျောက်ငိုသီးကို သစ်လိမ်သီး၊ သစ်ကဇော်၊ ဇောင်းသ စသဖြင့် ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ ရုက္ခဗေဒအမည်ကတော့ Parkia speciose ဖြစ်ပါတယ်။ ပဲမျိုးရင်းဝင် အုပ်စု (Fabaceae) မှာပါဝင်ပါတယ်။
မူရင်းဒေသ - မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင်။
ရုပ်သွင်ပြင်လက္ခဏာ
မျောက်ငိုပင်ဟာ ထောင်မတ်ရှည်လျားတဲ့ သစ်မာပင် အမျိုးအစား ဖြစ်ပါတယ်။ နှစ်ရှည်ပင်ဖြစ်ပြီး အပင်တစ်ပင်ကို ပေ ၅၀ ကနေ ပေ ၁၀၀ အထိ အမြင့်ရှိပါတယ်။ အစိမ်းရောင်ရှိတဲ့ အသီးတောင့်ဟာ ရှည်ပြီး အပြားလိုက် လိမ်ကောက်နေပါတယ်။ တချို့က မျောက်ငိုသီးကို ဘောစကိုင်း (အဝေယာ) သီးနဲ့ လွဲတတ်ကြပါတယ်။
ရာသီဥတု
အပူအအေး သမ မျှတတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ ပျမ်းမျှအပူချိန်ကတော့ ၂၀-၂၈ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါတယ်။ သို့ပေမယ့် ၁၆-၃၆ ဒီဂရီ စင်တီဂရိတ်အထိ ခံနိုင်ရည် ရှိတယ်လို့လည်း သိရပါတယ်။ သင့်တော်တဲ့ တစ်နှစ်ပတ်လုံးအတွက် ပျမ်းမျှ မိုးရေချိန်ကတော့ ၃-၆ လက်မဖြစ်ပါတယ်။
မြေအမျိုးအစား
ရေစီးရေလာကောင်းတဲ့ နုန်းမြေ၊ ရွှံ့နုန်းမြေတွေမှာ ကောင်းစွာ ဖြစ်ထွန်းနိုင်ပါတယ်။ ဒါ့အပြင် ရေလွှမ်းတဲ့ မြေတွေမှာလည်း ပေါက်ရောက်နိုင်ကြောင်း တွေ့ရှိရပါတယ်။ သင့်တော်တဲ့ pH ကတော့ ၅.၅-၇ ပဲဖြစ်ပါတယ်။
စိုက်ပျိုးခြင်း
များသောအားဖြင့် အစေ့ကနေ ပျိုးထောင်ပြီး စိုက်ပျိုးကြပါတယ်။ ကိုင်းဖြတ် ဆက်နည်း/ အဖူးမြှုပ်ခြင်းနည်းတို့နဲ့လည်း စိုက်ပျိုးနိုင်ပါတယ်။ မျိုးစေ့များကို မြေသြဇာကောင်းစွာ ထည့်သွင်းထားတဲ့ ပျိုးဘောင် (သို့) ပျိုးအိတ်များထဲသို့ ပျိုးထောင်စိုက်ပျိုးထားနိုင်ပါတယ်။ ပျိုးထောင်မယ့်မြေဟာ နွားချေးဆွေး၊ ဖွဲပြာ၊ မြေကြီး တို့ကို ဆတူရောနှောထားတဲ့ မြေမျိုး ဖြစ်ဖို့ လိုအပ်ပါတယ်။ ပျိုးသက် ၁၀လ-၁နှစ် ရှိတဲ့အခါ အမြင့် ၃ပေခန့် ရှိလာတဲ့ ပျိုးပင်ငယ်များကို မြေဆွေးအပြည့် ထည့်ထားတဲ့ ၂ပေ ၃ပေပတ်လည် စိုက်ကျင်းတွေထဲသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီပဲ ဖြစ်ပါတယ်။ သင့်တော်တဲ့ ပင်ကြားတန်းကြားကတော့ ပေ၃၀ ပေ၃၀ ဖြစ်ပါတယ်။
ငှက်ပျောကဲ့သို့သော စီးပွားဖြစ် သီးနှံတွေနဲ့ သီးညှပ်စိုက်ပျိုးနိုင်သလို ကော်ဖီစိုက်ပျိုးခြင်းနဲ့ အခြားသောပျိုးခင်းတွေအတွက်လည်း အရိပ်ပင်အဖြစ် အသုံးပြုစိုက်ပျိုးနိုင်ပါတယ်။
မြေသြဇာကျွေးခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ခြင်း
အပင်ငယ်စဉ်မှာ ကွန်ပေါင်းဓာတ်မြေသြဇာ ၁၅ပတ်လည် (NPK - 15:15:15) ကို ၆လတစ်ကြိမ် ကျွေးပေးရပါမယ်။ မျိုးပွားအဆင့်ဖြစ်တဲ့ ပန်းပွင့်ပြီး အသီးသီးတဲ့ အချိန်မျိုးမှာတော့ ကွန်ပေါင်းဓာတ်မြေသြဇာ (NPK - 12:24:12) ကို ၆လတစ်ကြိမ် ကျွေးပေးနိုင်ပါတယ်။ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် ပေါင်းရှင်းခြင်းကို လည်းလုပ်ဆောင်ပေးရပါမယ်။
ခူးဆွတ်ရန် သင့်တော်တဲ့ အမြင့်ရှိနေဖို့အတွက် ကိုင်းချိုင်ခြင်းကို အစောပိုင်း အဆင့်တွေမှာ လုပ်ဆောင်ပေးထားသင့်ပါတယ်။ သီးကိုင်းများစေရန်အတွက်လည်း အပင် ငယ်စဉ်ကတည်းက ခေါင်နှိမ်ပြုပြင်ပေးသင့်ပါတယ်။
သီးပွင့်ခြင်းနှင့်ရိတ်သိမ်းခူးဆွတ်ခြင်း
မျောက်ငိုပင်ရဲ့ ဝတ်မှုန်ကူးခြင်းလုပ်ငန်းစဉ်ဟာ အဓိကအားဖြင့် လင်းနို့တွေနဲ့ လုပ်ဆောင်ပါတယ်။ မျောက်ငိုပင်ဟာ အပင်သက်တမ်း ၅နှစ်-၇နှစ်ဆိုရင် အသီးအပွင့်များ စတင်ရရှိပါတယ်။ ပန်းစပွင့်တဲ့အချိန်ကစပြီး ခူးဆွတ်တဲ့ အချိန်အထိ ကာလဟာ ၂လ ကျော်ကျော်ခန့် ကြာမြင့်တတ်ပါတယ်။ အပင်သက်တမ်းနဲ့ ဖြစ်ထွန်းမှုအပေါ် မူတည်ပြီး တစ်ပင်လျှင် သီးခိုင်ပေါင်း ၅၀ မှ ၂၅၀ အထိ ရှိပါတယ်။ သီးခိုင်တစ်ခုလျှင် အစေ့ ၁၀ စေ့မှ ၁၈ စေ့ ပါပြီး အသီးတောင့် ၇တောင့်မှ အတောင့် ၃၀ အထိ ပါရှိတတ်ပါတယ်။
တောင်ပေါ်ဒေသတွေမှာ သြဂုတ်လမှစတင်သီးပွင့်လေ့ရှိပြီး၊ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိဟာ အသီးများ လှိုင်လှိုင်ထွက်ကြတဲ့ ကာလပဲ ဖြစ်ပါတယ်။ မြေပြန့်ဒေသတွေမှာတော့ အသီးအပွင့် နောက်ကျတတ်ပါတယ်။
ကျရောက်လေ့ရှိသော ဖျက်ပိုးများ
-
ပင်စည်သစ်ခေါက်ထိုးပိုး
-
သီးတောင့်ထိုးပိုး
-
အရွက်စားပိုး
-
ငှက်
စားသုံးမှုနှင့် ဈေးကွက်အခြေအနေ

မျောက်ငိုသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မျှတစွာပါဝင်တာမို့ အာဟာရလည်းဖြစ်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ ဆေးဘက်ဝင် သီးနှံ တစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ဆီးချို၊ သွေးချိုရောဂါတွေကို ကာကွယ် ထိန်းညှိပေးပါတယ်။ မျောက်ငိုသီးကို ပုံမှန် စားသုံးရင် ဆရာဝန်နဲ့ ကင်းဝေးတယ် လို့တောင် ပြောကြပါတယ်။
မျောက်ငိုသီးဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ လာအို၊ စင်္ကာပူနိုင်ငံတို့မှာ လူကြိုက်များပြီး နှစ်ခြိုက်ကြတဲ့ သီးနှံတစ်မျိုးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထွက်တဲ့ မျောက်ငိုသီးတွေကို အိန္ဒိယနိုင်ငံမှ နှစ်စဉ်ဝယ်ယူလေ့ရှိတယ်လို့လည်း သိရပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံတဝှမ်း မျောက်ငိုသီးစားသုံးမှုဟာ တဖြည်းဖြည်း တိုးပွားလာလျက်ရှိပါတယ်။ ဒါကြောင့် မကြာခင်မှာ မျောက်ငိုသီးရဲ့ ပြည်တွင်းဈေးကွက်ဟာလည်း ကျယ်ပြန့်လာနိုင်ဖွယ်ရှိပါတယ်။ ဤသို့ ဈေးကွက်အလားအလာကောင်းပြီး ကျန်းမာရေးအတွက်လည်း အကျိုးပြုတဲ့ မျောက်ငိုသီးပင်ကို စိုက်ပျိုးထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေရန် အလို့ငှာ ယခုဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါတယ်။
အိစက်ဝေ
References
http://animagro.blogspot.com/2011/11/nama-lain-petai.html
https://uses.plantnet-project.org/en/Parkia_speciosa_(PROSEA)
http://tropical.theferns.info/viewtropical.php?id=Parkia+speciosa
ခင်မောင်ဝင်း (စက်မှုသီးနှံ)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
u sein thwin
လွန်ခဲ့သော ၁ နှစ် ကငါးပင်လောက်တော့စိုက်ထားပါသည်၊ဘာမှမသိခဲ့ပါယခုဆောင်းပါးဖတ်ပြီးမှမျောက်ငိုပင်အကြောင်းကိုသိခွင့်ရပါသည်၊
Myo Thet Wai
လွန်ခဲ့သော ၂ နှစ် က၄နှစ် ၅နှစ်နဲ့အသီးသီးအောင် လုပ်လို့ရတဲ့နည်းလမ်းများ ရှိလားခဗျ
Daw Khin Myint
လွန်ခဲ့သော ၄ နှစ် ကမျိုးဝယ်ယူချင်ပါတယ် ဘယ်မှာဝယ်လို့ရမှာလဲရှင့်
ko kyaw oo
လွန်ခဲ့သော ၅ နှစ် ကမျိုးဘယ်မှာဝယ်ရမလဲ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အိစက်ဝေ
အားလုံး