အစိမ်းရောင်လမ်း
မြေစာဥပင် စိုက်ပျိုးခြင်း

မြေစာဥပင် စိုက်ပျိုးခြင်း

အိစက်ဝေ
အိစက်ဝေ Greenovator 30/06/2020

    တချို့ဒေသတွေမှာ ဝက်မြေဥလို့လည်းခေါ်ကြတဲ့ ဒီမြေစာဥဟာ ချိုစိမ့်စိမ့်အရသာရှိပြီး အစိမ်းအတိုင်း အခွံခွာပြီးစားလို့ရသလို၊ ဟင်းအနေနဲ့လည်း ချက်ပြုတ်၊ သုပ်စားနိုင်ပါတယ်။ ဆေးဘက်ဝင်တဲ့ သီးနှံတစ်မျိုးလည်းဖြစ်တာကြောင့် မြေစာဥစိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းမှာလည်း တွင်ကျယ်လာပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ မြေစာဥစိုက်ပျိုးခြင်းအတွက် နည်းလမ်းတွေကို မျှဝေပေးလိုပါတယ်။

    မြေစာဥပင်ဟာ အပူပိုင်းဒေသအပင်ဖြစ်ပြီး အအေးဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။ တစ်ရာသီခံပင်ဖြစ်ကာ ထောင်မတ်၊ ကျဉ်းမြောင်းပြီး ပြွန်ပုံသဏ္ဌာန်အရွက်တွေနဲ့ တစ်မီတာခန့် ရှည်လျားတဲ့ အပင်ဖြစ်ပါတယ်။ မြေစာဥအပင်ဟာ မြေအောက်ပင်စည်အားဖြင့် ပြန့်ပွားပြီး ပင်ပွားတွေကို ထုတ်လုပ်ပေးပါတယ်။

    မြေစာဥပင်ကို အမြဲရေလွှမ်းတဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုးရပါတယ်။ တချို့က စပါးနဲ့လည်း သီးလှည့်စိုက်ပျိုးကြတာမျိုး ရှိပါတယ်။ မျိုးဥတွေကို စိုစွတ်တဲ့ပျိုးခင်းမှာ အရင်ပျိုးပြီးမှ စိုက်ကွင်းကို ပြောင်းရွှေ့စိုက်ပျိုးကြပါတယ်။ ထို့နောက် စိုက်ကွင်းကို ရေသွင်းပေးရပါတယ်။ (၆)လအကြာမှာ ရေထုတ်ပြီး မြေစာဥများကို ရိတ်သိမ်းနိုင်ပါတယ်။ 

မြေဆီလွှာ

    မြေစာဥပင်ဟာ သဲနဲ့ ထုံးဆန်တဲ့မြေကို ကြိုက်နှစ်သက်ပါတယ်။ မစိုက်ခင် ရက်သတ္တပတ် အနည်းငယ်အလိုမှာ မြေဆွေးနဲ့ မြေသြဇာကောင်းကောင်းထည့်ပြီး မြေပြင်ပေးဖို့လိုပါတယ်။ မြေစာဥပင်ကို လက်နဲ့ရိတ်သိမ်းရတဲ့အတွက် လက်ကို ထိခိုက်ဒဏ်ရာရရှိမှုမှကာကွယ်ရန် မြေပြင်ကတည်းက အမှိုက်သရိုက်အကြီးစား (ကျောက်တုံးကျောက်ခဲ၊ မာကျောတဲ့ အပင်အကြွင်းအကျန် စသည်) တွေကို ဖယ်ရှားပေးထားရမှာပဲ ဖြစ်ပါတယ်။

    အာဟာရဓာတ်အနေနဲ့ နိုက်ထရိုဂျင်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ်တို့ကို အများစုလိုအပ်ပြီး ပိုတက်ဆီယမ်နဲ့ ဖော့စဖောရပ်စ်ဓာတ်ကို အနည်းငယ်သာ လိုအပ်ပါတယ်။ သဘာဝအော်ဂဲနစ်ဖြစ်တဲ့ ရေမှော်/ရေညှိပင်ထွက် အရည်မြေသြဇာများကိုလည်း အသုံးပြုဖို့ သင့်တော်ပါတယ်။ pH ကတော့( ၆ - ၇.၅) က အသင့်တော်ဆုံးဖြစ်ပါတယ်။ အက်ဆစ်ဆန်တဲ့မြေဟာ မှိုရောဂါကိုဖြစ်စေဖို့ အားပေးပါတယ်။ ဒါကြောင့် မဂ္ဂနီဆီယမ်ပါဝင်တဲ့ dolomite ကို pH ထိန်းညှိဖို့အတွက် အသုံးပြုနိုင်ပါတယ်။ 

ကြီးထွားမှုနှင့် ရိတ်သိမ်းခြင်း

    မြေစာဥပင်ကို (၂)မီတာ ပတ်လည်စိုက်ကွက်မှာ ဥ (၃)ဥ နှုန်းဖြင့် စိုက်ပျိုးနိုင်ပါတယ်။ နွေရာသီ အစောပိုင်းလောက်မှာ စတင်စိုက်ပျိုးပြီး ပင်စည်ကို (၇-၁၀) စင်တီမီတာ၊(၃-၄ လက်မ) ခန့် ရေမလွှမ်းခင် ပင်စည်ဟာ အနည်းဆုံးအမြင့် (၂၀) စင်တီမီတာ၊(၈လက်မ) ခန့် ရှိနေရပါမယ်။ စိုက်ပျိုးထားတဲ့ တစ်ရာသီလုံးမှာ ရေအနက်ကို  (၃-၄) လက်မ အခြေအနေမှာပဲ ထိန်းထားရမှာ ဖြစ်ပါတယ်။ ရေ level မြင့်လွန်း/နိမ့်လွန်းခြင်း မဖြစ်အောင် အထူးဂရုပြုရမှာပဲ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ကာလ ၆-၇ လ ခန့်ရောက်ပြီး မြေစာဥများ ကောင်းစွာရင့်မှည့်တဲ့အခြေအနေ ရောက်ပြီဆိုရင် စတင်ရိတ်သိမ်းနိုင်ပြီ ဖြစ်ပါတယ်။ မရိတ်သိမ်းခင်မှာ ရေထုတ်ပေးရမှာပဲ ဖြစ်ပါတယ်။

    သင့်တော်တဲ့ အခြေအနေမှာဆိုရင် မျိုးဥတစ်ဥဟာ အပင်ရဲ့ တစ်မီတာပတ်လည်အထိ ပြန့်ပွားနိုင်ပြီး ခန့်မှန်းချေ အထွက်နှုန်း (၃) ကီလိုဂရမ် ရရှိပါတယ်။  နွေရာသီအစောပိုင်းမှာ စတင်စိုက်ပျိုးထားတဲ့ အပင်တွေဟာ ဆောင်းဦးလောက်မှာ အရွက်တွေစတင် အဝါရောင်ပြောင်းလာပြီး မြေအောက်ပင်စည် (သို့မဟုန်) ဥတွေဟာလည်း အပြီးသတ်အခြေအနေကို ရောက်ရှိပြီဖြစ်ပါတယ်။ အရွက်တွေ အညိုရောင်ပြောင်းပြီး တစ်ပင်လုံး ညှိုးခြောက်သွားကာ မြေစာဥလည်း အညိုရင့်ရောင် ပြောင်းသွားပြီဆိုရင် စတင်ရိတ်သိမ်းနိုင်ပြီပဲ ဖြစ်ပါတယ်။ မြေစာဥတစ်ဥဟာ အကြီးဆုံးအနေနဲ့ နှစ်လက်မခန့် အချင်းရှိပါတယ်။

    မြေစာဥပင်ကို အနံကျယ်တဲ့ ပလတ်စတစ်ပုံးတွေ၊ ရေကန်ငယ်တွေထဲမှာလည်း အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။ ပန်းအိုး၊ ရေအိုး၊ ရေပုံးတွေထဲမှာလည်း အိမ်တွင်းတနိုင်တပိုင် စိုက်ပျိုးနိုင်ပါတယ်။ ဒါ့အပြင် ရေကန်ထဲ ပေါလောပေါ်ထားတဲ့ ဝါးဖောင်တွေပေါ်မှာလည်း စိုက်ပျိုးနိုင်ပါတယ်။ 

စားသုံးခြင်း

    မြေစာဥဟာ အရှေ့တိုင်းဟင်းလျာတွေမှာ အသုံးများတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ နူးညံ့ချိုမြိန်တဲ့ အရသာရှိတာကြောင့် လူကြိုက်များတဲ့ သီးနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ တချို့က မြေစာဥရဲ့အရသာကို အုန်းသီးနဲ့ ပန်းသီးရောစပ်ထားတဲ့အရသာရှိတယ်ဟုလည်း တင်စား ပြောဆိုကြပါတယ်။ မြေစာဥကို ဆေးကြောလှီးဖြတ်ပြီး အစိမ်းအတိုင်းလည်း စားသောက်ကြပါတယ်။ ဒါ့အပြင် မြေစာဥကို ပြုတ်၍သော်လည်းကောင်း၊ ကြော်၍ သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်း စားသောက်ကြသလို ရှာလကာရည်၊ ဝိုင် စသည်တို့ ပြုလုပ်ရာတွင်လည်း အသုံးပြုကြပါတယ်။ ဒါတင်မကဘဲ မြေစာဥကို အခွံနွှာပြီး စည်သွပ်ဘူးထဲထည့်ကာ တာရှည်ခံတဲ့ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်လည်း ထုတ်လုပ်ကြပါသေးတယ်။ မြေဟာဥမှာ ကာဘိုဟိုက်ဒြိတ်(ကစီဓာတ်) ၃၀ ရာခိုင်နှုန်းနဲ့ ပရိုတင်း (အသားဓာတ်) ၁.၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒါကြောင့် မြေစာဥဟာ အရသာနူးညံ့ကောင်းမွန်တဲ့အပြင် ဆေးဘက်လည်းဝင်၊ အာဟာရဓာတ်လည်း ပြည့်စုံပြီး ဈေးကွက်လည်း တွင်ကျယ်လာပြီဖြစ်တဲ့အတွက် မြေစာဥပင်စိုက်ပျိုးခြင်းနည်းလမ်းများကို မျှဝေပေးလိုက်ရခြင်း ဖြစ်ပါတယ်။

References

https://www.permaculturenews.org/2008/11/29/water-chestnuts/

https://www.wikihow.com/Grow-Water-Chestnuts

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

ဦးသန်းစိုး

ဦးသန်းစိုး

လွန်ခဲ့သော ၄ နှစ် က

where can we get the seeds to do plantation?

U Myo Naing

U Myo Naing

လွန်ခဲ့သော ၅ နှစ် က

09/250549422

U Myo Naing

U Myo Naing

လွန်ခဲ့သော ၅ နှစ် က

မျိုးဘယ်မှာရနိုင်မလဲ လိုချင်ပါတယ်ဘယ်လိုဆက်သွယ်ရမလဲဖြေကြာပေးစေချင်ပါတယ်ဖုန်နံပါတ်ထဲ့ပေးလိုက်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....