ကြံသီးနှံခင်းအထွက်နှုန်းမြင့်ရေး အရေးကြီးသည့် သွင်းရေလိုအပ်ချက်
ကြံသီးနှံပညာပေးစာစဉ် - ၅
ကြံသီးနှံအထွက်နှုန်း တိုးမြင့်စေရေးအတွက် အရေးကြီးဆုံး လိုအပ်ချက်ကြီး (၃) ခု ရှိပါသည်။
- (၁) အထွက်ကောင်း အရည်အသွေးမီမျိုး
- (၂) စိုက်ထယ်ရေးနက်နက်ညက်ညက်နှင့် မြေတွင်းအစိုဓာတ်ကိုနှပ်ထားနိုင်သည့် မြင်းကောင်ရေ ၅၅ အထက် ထွန်စက်ဖြင့်ပြုပြင်ပေးနိုင်သည့်ထယ်ရေး
- (၃) အပင်ကြီးထွားမှုအလိုက် သွင်းရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး တို့ပင်ဖြစ်ပါသည်။
ယခုနောက်ဆုံးအချက် အမှတ်စဉ် (၃) ကို ပြောပါမည်။
ရာသီမီပုံမှန်ကြံစိုက်ချိန်ကာလသည် နိုဝင်ဘာလမှ ဇန်နဝါရီလ(ပြာသိုလ)အတွင်းဖြစ်သည်။ အောက်တိုဘာလ မိုးကုန်အပြီး ထယ်ရေးကွက်လပ်ရှိသောအကွက်တွင် နိုဝင်ဘာလသည် မြေပြင်ရန်သင့်လျော်သည်။ မုတ်သုံမိုးကုန်ပြီးနောက် သင်္ကြန်မိုးမရွာမီအထိကာလအတွင်း အထက်ကဆိုခဲ့သော မြေအစိုဓာတ်ကို ထိန်းထားနိုင်သည့် နှပ်ထယ်ရေးရအောင်ထွန်ယက်ပြီး စိုက်ပျိုးပါမှ ကြံပင်ပေါက်စုံညီကောင်းမွန်ပြီးနွေရာသီကာလကို ဖြတ်သန်းနိုင်ပါမည်။
ကြံပင် ပင်ပွား ပွားစည်းမှုနှေးနေပါက ဧပြီလနှင့်မေလဆန်း၌ သွင်းရေအနည်းဆုံး (၂)ကြိမ်ပေးရန်လိုအပ်သည်။ သို့မှသာ အထွက်နှုန်းကို သိသိသာသာတိုးမြှင့်ပေးနိုင်မည်။ သင်္ကြန်မိုး အလုံအလောက်မရပါက မေလဝက်၌ သွင်းရေထပ်ပေးသင့်သည်။ ရာသီနှင့် ကြံပင်သက်တမ်းကိုချိန်ညှိ၍ လုပ်ဆောင်သင့်ပေသည်။
ကြံသီးနှံသက်တမ်းတစ်ခုလုံး၏ ရေလိုအပ်ချက်ကို ကျွန်တော်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ၁၉၈၈ ခုနှစ်တွင်လည်းကောင်း၊ ပျည်းမနားကြံ သုတေသနဗဟိုခြံတွင် ၂၀၀၈ ခုနှစ်တွင်လည်းကောင်း၊ လိုင်စီမီတာ (ခေါ်) ရေလိုအပ်ချက် တိုင်းတာရေးကိရိယာနှင့် အဆောက်အအုံ (ပုံ-၁) ကိုတည်ဆောက်၍ တိုင်းတာခဲ့ဘူးပါသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးစမ်းသပ်ချက်ဖြစ်ပါသည်။ တစ်နှစ်တာအတွင်း ကြံခင်းကစုပ်ယူသော လစဉ် ရေလိုအပ်ချက်ကို ဇယား(၁) ၌ ဖေါ်ပြထားပါသည်။


ကြံသီးနှံပင်သည် တစ်နှစ်ကာလ၌ ၁,၃၇၃.၄၃ မီလီမီတာ(၅၄ လက်မ) ရေစုပ်ယူ၍ တစ်ရက်လျှင် ၃.၇၅ မီလီမီတာ (၀.၁၅ လက်မ)နှုန်း ရေစုပ်ယူသည်။ ကြံပင်၏ရေလိုအပ်ချက်သည် ဇွန်လတွင်အများဆုံးဖြစ်သော်လည်း မိုးရွာချိန်နှင့်တိုက်ဆိုင်လေ့ရှိသဖြင့် ရေသွင်းရန်မလိုပေ။ သို့သော် မိုးဦးမိုးခေါင်လျှင် ကြံခင်းကို ရေမသွင်းနိုင်ပါက အထွက်နှုန်းကို သိသိသာသာကျဆင်းစေမည်။
ဖေဖေါ်ဝါရီလမှမေလအတွင်း ရေလိုအပ်ချက်သည် ၄၁၆ မီလီမီတာ (၁၆.၄ လက်မ) ရှိနေသည်။ ထိုကာလအတွက် ဧက-ပေ နှင့် တွက်လျှင် ၁.၃၆ ပေ ဖြစ်သည်။ တစ်ကြိမ်လျှင် ၅.၅ လက်မနှုန်းဖြင့် (၃)ကြိမ် ရေသွင်းသင့်သည်။ ယင်းသို့ ကြံပင်ရေလိုအပ်ချိန်နှင့်အညီ အလုံအလောက်ရေပေးသွင်း၍ မိုးများသောအချိန်တွင် ရေပိုရေလျှံများကို ထုတ်ပေးနိုင်ပြီး မြေဩဇာအာဟာရဓာတ်ကို အချိုးညီ ပြည့်စုံစွာ ဖြည့်ဆည်းပေးပါက ကြံပင်အထွက်နှုန်းသည် တစ်ဧကလျှင် ကြံတန် (၄၀ မှ ၆၀) အထိပင်ထွက်ရှိနိုင်ပါသည်။
အထက်ပါရေလိုအပ်ချက်အရ သွင်းရေပမာဏကိုတွက်ချက်မှုသည် ပျဉ်းမနားဒေသအတွက်သာ အကျုံးဝင်သည်။ မြန်မာနိုင်ငံ၏ ကျန်ဒေသများအတွက် ကြံပင်၏ရေလိုအပ်ချက်ကို ခန့်မှန်းလိုပါက ဖေါ်ပြပါ ဇယား-၁ ၌ ကြံပင်ကြီးထွားမှုအလိုက် ရေလိုအပ်ကိန်း (Kc) ကို ဖေါ်ပြထားပါသည်။ ကြံစိုက်ဒေသတစ်ခုနှင့်နီးသော မိုးလေဝသစခန်းမှရနိုင်သော E pan မှ ရေခိုးရေငွေ့ပျံနှုန်း (ETo) ကို လစဉ်ယူ၍ ပေးထားသော Kc နှင့် မြှောက်ယူလျှင် ကြံပင်၏ရေလိုအပ်ချက်ကို ခန့်မှန်းနိုင်သည်။ ထိုခန့်မှန်းတန်ဖိုးကိုအခြေခံ၍ ကြံစိုက်မြေ အမျိုးအစား၊ ရရှိသောမိုးရေချိန်နှင့် မြေတွင်းအစိုဓာတ် ထိန်းသိမ်းနိုင်မှု၊ ကြံပင်၏ကြီးထွားမှုနှင့် ရွက်အုပ်မိုး (LAI) တို့ကိုချိန်ဆကာ သွင်းရေလိုအပ်ချက်ကို သိရှိနိုင်ပါသည်။
စံသိန်း(စိုက်ပျိုးရေး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from U San Thein (Agri)
အားလုံး
EM ဖျော်ရာတွင်သုံးသော တင်လဲရည်၊ သကာရည်၊ သကြားရည်တို့ရဲ့ အာနိသင်ကွာခြားချက်
26/03/2025
အီးအမ်ဖျော်ရာတွင် သုံးသော တင်လဲရည်အကြောင်း
28/02/2025
စိုက်ပျိုးရေးကဏ္ဍပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်း (အပိုင်း-၁)
31/05/2023
ကြံပင်ခုတ်သိမ်းပြီးနောက် သကြားဓာတ်ယုတ်လျော့ကျဆင်းခြင်း
22/03/2023
လအလိုက်ကြံအလေးချိန်ကျဆင်းမှု
16/03/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....