အစိမ်းရောင်လမ်း
ကြံသီးနှံပညာပေး စာစဉ်-၄(ခ)  ကြံသီးနှံအတွက် စီးပွားရေးတွက်ခြေကိုက်သော ပုလဲဓာတ်မြေဩဇာနှုန်း

ကြံသီးနှံပညာပေး စာစဉ်-၄(ခ) ကြံသီးနှံအတွက် စီးပွားရေးတွက်ခြေကိုက်သော ပုလဲဓာတ်မြေဩဇာနှုန်း

U San Thein (Agri)
U San Thein (Agri) 23/06/2022

ပြီးခဲ့သော စာစဉ် - ၄ တွင် မည်သည့်ဓာတ်မြေဩဇာကို မည်သည့်အခြေအနေတွင် မည်သို့သုံးစွဲရန်လိုအပ်သည်ကို ဖော်ပြခဲ့ပါသည်။ ယခု ၂၀၂၂ ခုနှစ်တွင် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်မားလာသဖြင့် စီးပွားရေးတွက်ခြေကိုက်သော ပုလဲ(ယူရီးယား) ဓာတ်မြေဩဇာနှုန်းကို တွက်ချက်ပြပါမည်။ 

၅၀ ကီလို ပုလဲ(ယူရီးယား) ဓာတ်မြေဩဇာဈေးနှင့် ကြံဝယ်ဈေးတို့ကို အောက်ပါဇယား၌ နှစ်အလိုက်ယှဉ်ကြည့်နိုင်ပါသည်။

သွင်းအားစုများအဖက်ဖက်က ဈေးကြီးလာသောအခါ အမြင့်ဆုံးသောကြံသီးနှံအထွက်သည် စီးပွားရေး တွက်ခြေကိုက်သော အထွက်ဟု ပြောလို့မရတော့ပါ။ ဓာတ်မြေဩဇာနှုန်းထားအမျိုးမျိုးပေါ် သီးနှံအထွက်နှုန်းတုံ့ပြန်ပုံကို ကမ္ဘာအရပ်ရပ်တွင် နှစ်အဆက်ဆက်သုတေသနပြုခဲ့ကြရာ ဓာတ်မြေဩဇာနှုန်းထားကို တိုးကျွေးလာသည်နှင့်အမျှ သီးနှံအထွက်တိုးလာသော်လည်း အမြင့်ဆုံးတစ်နေရာရောက်ပြီး သီးနှံအထွက်သည် လေးကိုင်းကွေးသဖွယ် ကျဆင်းလာသည်ကို တွေ့ရသည်။ ထိုနည်းတူစွာ ပျဉ်းမနားကြံသုတေသနခြံ၌ နိုက်ထရိုဂျင်ဓာတ်မြေဩဇာနှုန်းထား အမျိုးမျိုး၏ ကြံအထွက်နှုန်းပေါ်အကျိုးသက်ရောက်ပုံကို ဆက်တိုက်စမ်းသပ်ခဲ့ရာ  အောက်ပါဂရပ်ပုံအတိုင်း လေးကိုင်းကွေးတုံ့ပြန်မှုကို တွေ့ရသည်။

ဦးထွန်းလှိုင်၏ ၁၉၆၀ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ စမ်းသပ်ချက်အဖြေဖြစ်ပါသည်။

ဇစ်မြစ်။ သက်ရှိသိပ္ပံဂျာနယ်၊ အတွဲ-၁၊ အမှတ်-၃၊ ၁၉၆၈ ခုနှစ်။

 

ကြံသီးနှံ၏ နိုက်ထရိုဂျင်နှုန်းထားအမျိုးမျိုးကိုတုံ့ပြန်ရာတွင်  လေးကိုင်းကွေးပုံစံ (Curvilinear) တုံ့ပြန်သဖြင့် ၎င်းဖြစ်စဉ်မှ သင်္ချာညီမျှခြင်းတစ်ခုတွက်ချက်ရရှိသည်။ 

ကြံအထွက် = ၂၁.၇၇ + ၀.၂၁၁၅ (နိုက်ထရိုဂျင်နှုန်း) - ၀.၀၀၁၁ (နိုက်ထရိုဂျင်)၂

၎င်းညီမျှခြင်းမှ စီးပွားရေးတွက်ခြေကိုက်သော နိုက်ထရိုဂျင်နှင့် ပုလဲ(ယူရီးယား) ဓာတ်မြေဩဇာနှုန်းကို အောက်ပါအတိုင်းတွက်ချက်ရရှိပါသည်။

၂၀၂၂ ခုနှစ်အတွက်...

၁။ အမြတ်အများဆုံးရစေသောနှုန်းထား = တစ်ဧကလျှင် နိုက်ထရိုဂျင် ၄၀ ကီလိုဂရမ် (သို့မဟုတ်) ယူရီးယား ၄/၅ အိတ်

၂။ ယူရီးယား ၄/၅ အိတ် ထည့်ပေးခြင်းသည် ဘာမျှမထည့်သည်ထက် ကြံတန် (၁၀) တန်ပိုထွက်ပါသည်။

၃။ စီးပွားရေးအကျိုးအမြတ်မှာ ကျပ် ၄၃၀,၀၀၀/ဧက ခန့် ရပါမည်။

၄။ ဓာတ်မြေဩဇာဈေးကြီးမြင့်သဖြင့် တောင်သူကချေးငွေယူ၍ ဝယ်ယူရလျှင် အတိုးနှုန်း အနည်းဆုံး ၁၂ % ကိုပါ ကျခံရနိုင်ပါမည်။

၅။ ကြိုတင်မမျှော်မှန်းနိုင်သော ဆုံးရှုံးမှုနှင့် ငွေကြေးစွန့်စားရမှုများ ရှိသဖြင့် အကျိုးအမြတ်ရရှိမှုအပေါ် ၁၀% အလျော့တွက် (Discount rate) ကို တွက်ထားသင့်ပါသည်။

၆။ အမှတ်စဉ် - ၃ ၌ ဖော်ပြပါ ကျပ် ၄၃၀,၀၀၀/ဧက သည် အမှန်တကယ် အသားတင်အမြတ်မဟုတ်သေးပါ။

၇။ ဓာတ်မြေဩဇာထည့်သွင်းလုပ်အားခ၊ အတိုးနှုန်း ၁၂ % နှင့် တန်ဖိုးလျှော့ ၁၀% တို့ကို တွက်ချက်ရာ တောင်သူအတွက် ပုလဲ(ယူရီးယား) ၅၀ ကီလိုဝင်အိတ် ၄/၅ အိတ် ထည့်ခြင်းဖြင့် တစ်ဧကအသားတင်အမြတ် ၃၆၂,၁၈၄ ကျပ် ရရှိနိုင်ပါကြောင်း တွက်ချက်ပေးလိုက်ပါသည်။

စံသိန်း(စိုက်ပျိုးရေး)

(ပညာပေးစာစဉ် ၄-ဂ ၌ ကြံပင်ကလိုအပ်ကြောင်းပြသနေသော အာဟာရဓာတ်တစ်မျိုးစီ ချို့တဲ့မှုလက္ခဏာများကို ဓာတ်ပုံများကို ဖော်ပြပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
U Soe Myay Tun

U Soe Myay Tun

လွန်ခဲ့သော ၄ နှစ် က

မွဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်

မြူလွှာ • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....