အစိမ်းရောင်လမ်း
နေကြာ(သဘာဝဝတ်မှုန်ကူးအထွက်ကောင်းမျိုး) မျိုးသန့်ထိန်းသိမ်းနည်း

နေကြာ(သဘာဝဝတ်မှုန်ကူးအထွက်ကောင်းမျိုး) မျိုးသန့်ထိန်းသိမ်းနည်း

ဆင်းသီဟ
ဆင်းသီဟ 13/01/2023

လက်ရှိတောင်သူများစိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးများကို စပ်မျိုး(Hybrid)နှင့် သဘာဝဝတ်မှုန် ကူးအထွက်ကောင်းမျိုး(Open pollinated variety-OPV)ဟူ၍ အုပ်စုနှစ်မျိုးခွဲခြားနိုင်သည်။ ဥပမာအားဖြင့် ရေဆင်းစပ်မျိုးနေကြာ-၁ သည် စပ်မျိုးဖြစ်ပြီး ဆင်းရွှေကြာ-၂ သည် သဘာဝဝတ်မှုန်ကူးအထွက်ကောင်းမျိုး ဖြစ်သည်။

သဘာဝဝတ်မှုန်ကူးအထွက်ကောင်းမျိုးများသည် စပ်မျိုးများကဲ့သို့မဟုတ်ပါ။ နှစ်စဉ် မျိုးသန့်ထိန်းသိမ်းပြီး ဆက်လက်စိုက်ပျိုးနိုင်ပါသည်။ 

နေကြာသီးနှံသည် ပင်ကြားဝတ်မှုန်ကူးသည့်သီးနှံဖြစ်ရာ စနစ်တကျ မျိုးရွေးချယ်ထိန်းသိမ်းခြင်းမပြုဘဲ ဆက်လက်စိုက်ပျိုးပါက (၃)နှစ်မှ (၄)နှစ်အတွင်း မူလမျိုး၏ ကောင်းမွန်သောအရည်အချင်းများ တဖြည်းဖြည်းကျဆင်းနိုင်ပြီး အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။ 

သို့ဖြစ်၍ နေကြာသီးနှံမျိုးကောင်းမျိုးသန့်များကို မျိုးရိုးဗီဇမပျက်စေဘဲ ကောင်းမွန်သော အရည် အချင်းများ ဆက်လက်တည်ရှိစေရန် ထိန်းသိမ်းနည်းကို အသိပေးဖေါ်ပြလိုပါသည်။

အပင်များရွေးချယ်သတ်မှတ်ခြင်း

မိမိနေကြာစိုက်ခင်းအတွင်းမှ မျိုးထိန်းအပင်များသတ်မှတ်ရွေးချယ်ရန် ဖြစ်သည်။

ရွေးချယ်နည်းမှာ -

  • ပန်းစပွင့်ခါနီးအချိန်တွင် မမြင့်လွန်း၊ မနိမ့်လွန်းဘဲ အပင်အမြင့်ညီညာသည့် အပင် (၁၀၀၀)ခန့်အား ရွေးချယ်ပါ။ (ရောဂါကင်း၍ ပန်းပွင့်ချိန်ညီညာပြီး ပင်စည်တုတ်ခိုင်သော အပင်များ ဖြစ်ရမည်။ အရွက်အရေအတွက်များ၍ ဖွံ့ဖြိုးထွားကြိုင်းပြီး အပေါ်ပိုင်းအရွက် ပိုများသော အပင်ဖြစ်ပါက ပို၍ကောင်းမွန်ပါသည်)

မလိုလားအပ်သောအပင်များဖယ်ရှားခြင်း

  • ရွေးချယ်ထားသောအပင်များထဲမှ ကိုင်းခွပါသောအပင်များ၊ ခေါင်ပွင့်တစ်ပွင့်အပြင် အခြားအပွင့်သေးလေးများပါသော အပင်များတွေ့ရှိပါက ဖယ်ရှားပစ်ပါ။

ပင်ကြားဝတ်မှုန်ကူးပေးခြင်း

  • ရွေးချယ်သတ်မှတ်ထားသည့်အပင်များရှိအပွင့်မှ အပြင်ဘက်ဆုံးကွင်းရှိ အပွင့်ကလေးများ ဝတ်မှုန်ပေါက်ကွဲချိန်တွင် ပင်ခြားဝတ်မှုန်ကူးပေးခြင်းကို စတင်ပြုလုပ်ပေးပါ။ ပြုလုပ်ရမည့်အချိန်မှာ နံနက်(၇)နာရီမှ (၁၁)နာရီအတွင်း ဖြစ်သည်။
  • ပြုလုပ်ပုံမှာ နေကြာပင်တစ်ပင်မှ အရွက်ကိုဆွတ်ယူ၍ ရွေးချယ်ထားသည့်အပင်ရှိ နေကြာပွင့်မှ ဝတ်မှုန်များကိုခါယူရမည်။ ၄င်းဝတ်မှုန်များကို အခြားနေကြာပွင့် တစ်ပွင့်ပေါ်ရှိ အမဝတ်မှုန်ခံတိုင်များပေါ်သို့ ခါချပြီး နေကြာရွက်ဖြင့် ညင်သာစွာပွတ်ပေးရန် ဖြစ် သည်။ 
  • ဤကဲ့သို့ ပင်ခြားဝတ်မှုန်ကူးခြင်းကို နီးစပ်ရာ အပင်အချင်းချင်း ပြုလုပ်ပေးရမည်။ ဝတ်မှုန်ယူသည့်အပင်တွင်ရှိသော အမဝတ်မှုန်ခံတိုင်များပေါ်သို့လည်း အခြားရွေးချယ်ထားသည့်အပင်မှ ဝတ်မှုန်ဖြင့် ဝတ်မှုန်ကူးပေးရပါမည်။
  • ပင်ခြားဝတ်မှုန်ကူးပေးခြင်းကို နေ့စဉ်မပြုလုပ်နိုင်ပါက တစ်ရက်ခြားပြုလုပ်ပေးပြီး အပွင့်၏ အလယ်ဗဟိုရှိ ပန်းပွင့်များပြည့်စုံစွာပွင့်ပြီးသည်အထိ ပြုလုပ်ရပါမည်။ 
  • နေကြာပွင့်တစ်ပွင့်မှရသည့် ဝတ်မှုန်များကို ၄င်းအပွင့်ပေါ်သို့ ပြန်တင်ပေးခြင်း (ပင်တည်းဝတ်မှုန်ကူးပေးခြင်း)ကို လုံးဝမပြုလုပ်မိစေရန် အထူးဂရုစိုက်ရပါမည်။ 
  • နေကြာပွင့်အရွယ်အစားကိုလိုက်၍ ပန်းပွင့်ချိန် (၅ - ၁၀) ရက်ထိကြာနိုင်ပါသည်။

မျိုးထိန်းအပင်များရိတ်သိမ်းခြင်း

  • နေကြာပွင့်များရင့်မှည့်၍ ရိတ်သိမ်းသည့်အခါ အောက်ခြေသို့ ငိုက်လွန်းသော အပွင့်များ၊ အပေါ်လန်နေသောအပွင့်များ၊ ခွက်လွန်း၊ ခုံးလွန်းသောအပွင့်များနှင့် တွန့်လိမ်နေသောပုံသဏ္ဍာန်ရှိ အပွင့်များကို ပယ်ပစ်ပါ။
  • ရွေးချယ်ရရှိသောအပင်များ၏ အပွင့်များမှ မျိုးစေ့များကို မျိုးအဖြစ် ရယူပါ။
  • ဤသို့အဆင့်ဆင့်ရွေးချယ်ဆောင်ရွက်ပြီး အပင် (၅၀၀)ရိတ်သိမ်းနိုင်ပါက မျိုးစေ့(၁)တင်းခန့် ရရှိနိုင်သည်။ ၄င်းမျိုးစေ့ တစ်တင်းကို (၄) ဧကစိုက်ပျိုးရန် မျိုးအဖြစ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ 
  • စတင်ဆောင်ရွက်သည့်နှစ်၌ လိုလားသည့်အရည်အချင်းနှင့် ပြည်စုံသောအပင်များ ရွေးချယ်ရာတွင် ခက်ခဲခြင်း၊ အဆင့်များခြင်းနှင့် ပဏာမရွေးချယ်ရသည့် အပင်ဦးရေများခြင်း ရှိနိုင်သော်လည်း ရွေးချယ်ပြီးမျိုးများကို နှစ်စဉ်စိုက်ပျိုးလာပါက ရွေးချယ်ရသည့် အပင်ဦးရေနည်းလာပြီး လုပ်ငန်းလွယ်ကူလျင်မြန် အောင်မြင်နိုင်ပါသည်။

အကျိုးရလဒ်

  • တောင်သူများ မိမိစိုက်ခင်းများမှ ထိုကဲ့သို့ နှစ်စဉ်ရွေးချယ်ထိန်းသိမ်းပြီး ရရှိလာသောမျိုးများကို စိုက်ပျိုးခြင်းဖြင့် ရောဂါကင်း၍ အပင်မြင့်ညီညာပြီး ပန်းပွင့်ချိန်ညီညာသည့်အပွင့်များ ရရှိလာနိုင်မည်ဖြစ်သည်။ 
  • ထို့ပြင် လက်ရှိအသုံးပြုနေသည့် နေကြာမျိုးကောင်းမျိုးသန့်များအား မူလဗီဇနှင့် အရည်အချင်းမပျက်ဘဲ နှစ်စဉ်ထိန်းသိမ်းစိုက်ပျိုးသွားနိုင်မည် ဖြစ်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

5
Daw moo ra

Daw moo ra

လွန်ခဲ့သော ၂ နှစ် က

မေးခွန်း အားပြန်ဖြေစေချင်

Daw moo ra

Daw moo ra

လွန်ခဲ့သော ၂ နှစ် က

မနှစ်ကလို ရေဆင်းစပ်မျိုးတွေမျိုးမအောင်တော့လယ်သမားတွေအရန်းနစ်နာပါတယ်ကျေးဇူးပြု၍အောင်သောမျိုးစေ့များကိုကူညီလို့ရရင်ကူညီပေးစေချင်ပါတယ်ပင်ရင်းကမေးတော့မျိုးထုပ်လုပ်မှုအပိုင်းမှာလိုအပ်လို့တဲ့

ဦးသန်းထိုက်

ဦးသန်းထိုက်

လွန်ခဲ့သော ၃ နှစ် က

မရပါ

ဌေးဝင်း

ဌေးဝင်း

လွန်ခဲ့သော ၃ နှစ် က

စပ်မျိုးကိုမျိုးပြန်ယူ၍မရပါ။

Lwin Lwin Oo

Lwin Lwin Oo

လွန်ခဲ့သော ၃ နှစ် က

စပ်မျိုး ကိုရော မျ်ုးစေ့ ပြန်ယူလို့ရလားရှင်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ

Ko Shwe Lin • ဖြေကြားချက် 2 ခု

ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာ‌တွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ

ဇော်လင်းအောင် • ဖြေကြားချက် 2 ခု

စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်

မြူလွှာ • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....