ဖက်ဖယ်ရွက် ကိုယ်တိုင်စိုက်စားကြရအောင်..
ဖက်ဖယ်ရွက်လို့ ဆိုလိုက်ရင် အရင်ကတော့ သိသူနည်းလိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ တိုင်းရင်းသားရိုးရာအစားအသောက်တွေနဲ့အတူ တွဲသိလာကြသလို စီးတီးမတ်တွေမှာလည်း ဝယ်ယူ ရရှိနိုင်နေပါပြီ။

သူက စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ ငါးသံပုရာပေါင်း၊ ငါးကင်ရဲ့ ဗိုက်ထဲမှာ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကုလားနံနံ၊ ငရုတ်သီးစိမ်းတို့နဲ့ ရောထောင်းပြီး ထည့်ရတဲ့ ဟင်းခတ်အမွှေးအကြိုင်တမျိုးပါ။
ငါးကချင်ချက်တွေ၊ ငါးခူကာလသားဟင်းတွေမှာဆိုရင်တော့ မပါမဖြစ် အဓိက ဇာတ်လိုက်ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးအရဆိုရင်လည်း၊ အဆီကျခြင်း၊ ဝမ်းဖောခြင်း၊ အစာအိမ်လေနာခြင်း၊ ဓာတ်ချုပ်ခြင်း၊ သွေးလေမညီခြင်း စတဲ့ဝမ်းတွင်းရောဂါတွေကို သက်သာပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။
- မြန်မာအမည် = ဖက်ဖယ်ပင်
- အင်္ဂလိပ်အမည် = water pepper, marsh pepper
- သိပ္ပံအမည် = Persicaria hydropiper ( Syn;Polygonum hydropiper)
နာမည်နဲ့လိုက်အောင် ရေကြိုက်တဲ့အပင်မျိုးပါ။
ကန်နံဘေး၊ ကမ်းစပ်တွေမှာ အလေ့ကျ ပေါက်လေ့ရှိပါတယ်။
ရေကန်စွန်း၊ ကနဖော့ပင်တို့နဲ့ ဆင်ဆင်တူပါတယ်။
"ဖက်ဖယ်ပင်စိုက်ချင်ပါတယ်၊ ဘယ်လိုစိုက်ရမှန်းမသိလို့"
ဆိုတဲ့ အစိမ်းရောင်လမ်း ပရိတ်သတ်ထဲက မမများရဲ့တောင်းဆိုချက်အရ ... ဒီ ဆောင်းပါးလေးနဲ့ ဖြေကြားပေးလိုက်ပါတယ်။
ကဲ...ဒီတော့...
ကိုယ့်အိမ်မှာ မိသားစုတွေအတွက် ငါးကာလသားဟင်း၊ ငါးကင်၊ ငါးသံပရာပေါင်း တွေအတွက် ဖက်ဖယ်ရွက်လေးကို အလွယ်တကူ ခူးချက်လိုက်ကြရအောင်..
စိုက်ပျိုးနည်း
ပထမဆုံး..
- စျေးထဲက ဝယ်လာတဲ့ ဖက်ဖယ်ပင်တွေထဲက... အရိုးမာတဲ့ကိုင်းတွေကို အောက်ခြေအရွက်များ သပ်လိုက်ပါ။
- ပြီးရင်..ရေခွက်ထဲမှာ ၃ လက္မခန့်မြုပ်အောင်စိမ်ထားပါ။
- ၃-၄ ရက်ကြာရင် အမြစ်လေးတွေထွက်လာပါမယ်။
စိုက်တော့မယ်ဆိုရင်...
- ၃ ပေ × ၁၀ ပေ အကျယ်၊ ၆ လက္မအမြင့် သစ်သားပြားဘောင်ခတ်ထားပါ
- ဘောင်ထဲကို သဘာဝမြေဆွေး ၃ ဆ၊ ဖွဲပြာ ၁ ဆ၊ သဲ ၁ ဆ ရောထည့်ပါ။
- အိုး သို့မဟုတ် စည်ပိုင်းပြတ်နဲ့ ဆိုရင်လည်း၊ မြေဆွေး အပြည့်ထည့်ထားပါ။
- အမြစ်ဖောက်ပြီး ပျိုးကိုင်းများကို တပင်နဲ့တပင် ၄ လက္မခန့်ခြားပြီး ၄၅ ဒီဂရီ စောင်းစိုက်ပါ။
- မနက်ခင်းတိုင်း ဆန်ဆေးရေ လောင်းပေးနိုင်ပါတယ်။
အကယ်၍... အညွန်သစ်လေးတွေမှာ ပျပိုးလေးတွေ ကျခဲ့ရင်...
- ပိုးသတ်ဆေး လုံးဝမဖျန်းပါနဲ့နော်..
- မီးဖိုပြာကို ရေစိမ်ပြီး အပေါ်ယံ ရေကြည်နဲ့ ဖျန်းပေးတာပဲလုပ်လိုက်ပါ။
စိုက်ပြီး ၄၅ ရက်ဆိုရင် အရွက်လေးတွေ ခူး၊ ငါး၊ ကြက်၊ ဝက် အသားဟင်းတွေမှာ ကြိုက်သလိုအသုံးပြုပြီးအရသာရှိတဲ့ ဟင်းအမည်တွေကို ချက်ပြုတ်သုံးဆောင်နိုင်ပါပြီ..။
နောက်တခါ..
ဘယ်ဒေသ, ဘယ်သီးနှံတွေအတွက် အမေးအဖြေလေးတွေက ရှင်းလင်းပြောပြမလဲ...ဆိုတာ... ဆက်လက် စောင့်မျှော်ကြပါဦးလို့..ဆန္ဒပြုရင်း..
စေတနာမျးစွာဖြင့်..
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....