ဆေးဖက်ဝင် ယာကွန်သီးနှံ စိုက်ပျိုးခြင်း
ယာကွန် သီးနှံ၏ မူရင်းဒေသမှာ ဥရောပဖြစ်ပြီး နောက်ပိုင်းတွင် ဘရာဇီးလ်၊ မက္ကဆီကို၊ ကိုရီးယား နှင့် ဂျပန်နိုင်ငံများ သို့ ပြန့်နှံ့လာခဲ့ပါသည်။ ယာကွန် အပင်၏ မြေပေါ်မြေအောက် အစိတ်အပိုင်းများမှာ အသုံးဝင်သလို ကျန်းမာရေးအတွက်လည်း ဆေးဖက်လည်း ၀င်သည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် ယာကွန်သီးနှံကို မြေအောက် ပန်းသီး ဟူ၍လည်း တင်စား ခေါ်ဝေါ်ကြပါသည်။ ယာကွန်ပင်များကို မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများ ဖြစ်သော ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးသည်ကို တွေ့ရပါသည်။
မြေဆီလွှာ
ယာကွန်သီးနှံမှာ မြေပွယောင်းပြီး မြေဆီသြဇာ ကြွယ်ဝကာ ရေစိမ့်ဝင်မှု အားကောင်းသော မြေများတွင် ကောင်းစွာဖြစ်ထွန်း ရှင်သန်နိုင်ပါသည်။ မြေချဥ်ခြင်း၊ ငံခြင်းကို ကောင်းစွာခံနိင်ရည်ရှိသော အပင်ဖြစ်ပါသည်။ ယာကွန်သီးနှံအတွက် အကောင်းဆုံး မြေ ချဥ်၊ ငံကိန်းမှာ ၆ မှ ၆.၅ အတွင်းဖြစ်ပါသည်။
ရာသီဥတု
ယာကွန် သီးနှံကို ပင်လယ်ရေ မျက်နှာပြင် အမြင့် မီတာ ၈၀၀ မှ ၂၈၀၀ အတွင်းရှိ ဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။ အသင့်တော်ဆုံး အပူချိန်မှာ ၁၈ ဒီဂရီ စင်တီဂရိတ် မှ ၂၅ ဒီဂရီ စင်တီဂရိတ် အတွင်း ဖြစ်ပါသည်။ စိုက်ပျိုးသော ဒေသသည် အပူချိန်မြင့်မားပါက အပင်ကြီးထွားမှုအတွက် အနှောက်အယှက် ဖြစ်စေပြီး အရွက်များ ထိခိုက်ပျက်စီးနိုင်ပါသည်။ ယာကွန် သီးနှံသည် အအေးလွန်ကဲသော ရာသီ ဥတုကိုလည်း ခံနိုင်ရည် မရှိသည်ကို တွေ့ရပါသည်။
စိုက်ပျိုးခြင်း
ယာကွန် သီးနှံကို အစေ့မှ မျိုးပွား စိုက်ပျိုးနိုင်သလို မြေအောက်ရှိ အမြစ်ယောင် ပင်စည်ပွားမှ တစ်ဆင့်လည်း ဖဲ့ယူစိုက်ပျိုးနိုင်ပါသည်။ ယာကွန်ပင်များအား ဧပြီလနှင့် မေလတို့တွင် အများဆုံး စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ပျိုးရာတွင် အသင့်တော်ဆုံး မြေအနက်မှာ ၄ လက်မ ဝန်းကျင် ဖြစ်ပါသည်။ အသင့်တော်ဆုံး ပင်ကြားတန်းကြား အကွာအဝေးမှာ (၃×၃) ပေ ဖြစ်ပြီး ၁ ဧကလျှင် အပင်ဦးရေ ၁၀၀၀ ခန့်ဝင်ဆန့်ပါသည်။
ရေလိုအပ်ချက်
စိုက်ပျိုးပြီး ၃ ပတ်မှ ၄ ပတ်အတွင်း ရေပုံမှန် လောင်းပေးရမည် ဖြစ်ပါသည်။ အပင်ကြီးထွားနေစဥ်ကာလအတွင်း မြေအစိုဓာတ် ပုံမှန်ရှိနေပါက ရှင်သန် ကြီးထွားစေရန် များစွာ အထောက်အကူ ပြုပါသည်။ ယာကွန် သီးနှံသည် နှစ်စဥ်မိုးရေချိန် ၃၁ လက်မ ဝန်းကျင်ရှိပါက ကောင်းစွာရှင်သန်ဖြစ်ထွန်း နိုင်ပါသည်။
အပင်ပြုစု စောင့်ရှောက်ခြင်း
ယာကွန်ပင်သည် အခြားသော သီးနှံပင်များထက် အပင်စောင့်ရှောက်မှု အနည်းငယ်သာ လိုပါသည်။ ယာကွန်ပင်များ စိုက်ပျိုးရာတွင် ဘောင်ဖြင့် စိုက်ပျိုးကြသောကြောင့် လက်ပေါင်းလိုက်ခြင်းကိုလည်း အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ ယာကွန်စိုက်ပျိုးရာတွင် နွားချေး၊ မြေဆွေး စသည့် သဘာဝမြေသြဇာများ အသုံးပြုခြင်းက အပင်အတွက် များစွာ အကျိုးရှိကြောင်း ထောက်ခံချက်များရှိပါသည်။ ယူရီးယား၊ ပိုတက်ရှ် စသော မြေသြဇာများ အသုံးပြုနိုင်ပြီး ယူရီးယား မြေသြဇာ အလွန်အကျွံထည့်သွင်းပါက အမြစ်ကြီးထွားမှုကို ထိခိုက်စေနိုင်ပါသည်။
ပိုးမွှားနှင့် ရောဂါ
ယာကွန်ပင်တွင် ပိုး၊ ရောဂါအနေဖြင့် ဂျပိုးအနွယ်ဝင် ပိုးများ၊ အရွက်စား ပိုးလောက်ကောင်များ၊ နီမတုတ်၊ အမြစ်ပုပ်ရောဂါ၊ ပင်ညှိုးရောဂါ၊ ပင်စည်ပုပ်ရောဂါ စသည်တို့ ကျရောက်ဖျက်စီး သည်ကို တွေ့ရပါသည်။
ရိတ်သိမ်းခြင်း နှင့် အထွက်နှုန်း
ယာကွန်ပင်၏ အရွက်များကို သြဂုတ်လအတွင်းမှ အောက်တိုဘာလအတွင်း ခူးဆွတ်ကြပါသည်။ ထို့နောက် နေလှန်း အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် ပြုလုပ်ပြီး သောက်သုံးကြပါသည်။ အမြစ်ဥများကို ဒီဇင်ဘာလမှ ဇန်နဝါရီ အတွင်း နှုတ်ယူကြပါသည်။ နှုတ်ယူထားပြီးသော အမြစ်ဥများကို အစိမ်းအတိုင်း သရေစာ အဖြစ်စားသုံးနိုင်ပါသည်။ အရွက်၏ ပျမ်းမျှ အထွက်နှုန်းမှာ ၁ ဧကလျှင် ပိဿာ ၂၀၀ မှ ၃၀၀ အထိ ထွက်ရှိပြီး အမြစ်ဥ၏ အထွက်နှုန်းမှာ ၁ဧကလျှင် ပိဿာ ၄၀၀၀ မှ ၅၀၀၀ အထိ ထွက်ရှိပါသည်။
သိုလှောင်ခြင်း
ယာကွန်ဥများ သိုလှောင်ရာတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားပြီး အေးမြခြောက်သွေ့သော နေရာတွင် သိုလှောင်ရပါမည်။ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ပါက ယာကွန်ဥ၏ အချိုဓာတ်များ လျော့ကျ သွားမည်ဖြစ်ပါသည်။ မျိုးအဖြစ် ကြာရှည်စွာ သိုလှောင်မည်ဆိုပါက အပူချိန် ၄ ဒီဂရီ စင်တီဂရိတ် ရှိသောနေရာတွင် သိုလှောင်ထားရမည် ဖြစ်ပါသည်။
ဇင်ထူးနိုင်
ကိုးကားချက်
-Huamán W. (1991): Characterization and evaluation of 45 clones of yacon (Smallanthus
sonchifolius, H. Robinson)in Cajamarca. UNC, Peru. (In Spanish)
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....