မြန်မာလီလီ ခေါ် ဒေသမျိုးလီလီပန်း စိုက်ပျိုးနည်း
မြန်မာအမည် - ဒေသမျိုး လီလီပန်း
အင်္ဂလိပ်အမည် - Easter Lily or trumpet Lily
သိပ္ပံအမည် - Lilium longiflorum
မူရင်းဒေသ - ဂျပန်နိုင်ငံတောင်ပိုင်း၊ ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံ
မြန်မာပြည်တွင်း စိုက်ချိန်
- ၇ လပိုင်း အစမှ လကုန်ထိ (ပျိုးဘောင်ပျိုးချိန်အပါအဝင် )
ပန်းထွက်ချိန်
- ၃ လပိုင်းကုန်မှ ၄ လပိုင်းကုန်ထိ ပန်းထွက်ရှိ။
စိုက်ပျိုးရန် သင့်တော်သောဒေသများ
- အလွန်ပူပြင်းသောနေရာမှလွဲ၍ စိုက်လို့ရပါတယ်။
အများဆုံးစိုက်ပျိုးရာဒေသများ
- ပြင်ဦးလွင်၊ ရှမ်းပြည်နှင့် ကချင်ပြည်နယ်
ဒီလီလီပန်းဟာဆိုရင် အီစတာပွဲတော်အတွင်းမှာ ထွက်ရှိတာဖြစ်လို့ အီစတာလီလီလို့လည်း ခေါ်ပါတယ်။ မြန်မာပြည်မှာတော့ သင်္ကြန်အတွင်းမှာပေါ်ပါကလည်း ဈေးကောင်းရရှိပါတယ်။ အပင်အမြင့် -၂-၃ ပေထိမြင့်နိုင်ပါတယ်။ ပန်းဥကြီးကြီးစိုက်ပါက ရှယ်ဆိုဒ် အဖူးများများ ( ၅-၆) ဖူး နှင့် အပင်ထွက်ရှိပါတယ်။ သူ့ကို စိုက်မယ်ဆိုပါက ၂ မျိုးရှိပါတယ်။
၁။ ပျိုးဘောင်တွင် ပျိုး၍ စိုက်ခြင်း
၂။ မြေပေါ် (သို့) ပန်းအိုးထဲတွင် တိုက်ရိုက်စိုက်ခြင်း
၁။ ပျိုးဘောင်တွင်ပျိုး၍ စိုက်ခြင်း
- ပျိုးဘောင်ဆိုတဲ့အတိုင်း အရိပ်ရှိရပါမယ်။
- ပန်းဥတစ်ဥနှင့် တစ်ဥကို ၎င်းပန်းဥ၏ ၃ ဆ အကွာအဝေးအတိုင်း လေးကွက်ကျ အတန်းလိုက် ပျိုးဘောင်ပြုလုပ်၍ ပျိုးပါ။ အပင်ပေါက်ဟာ တစ်လဝန်းကျင်တွင် စုံတာဖြစ်လို့ အပင်ပေါက်စုံပါက (အပင်အမြင့် ၄ လက်မဝန်းကျင် အရွက် ၃-၄ စုံထွက်ပါက) ပြောင်းရွေ့စိုက်နိုင်ပါတယ်။
- ပြောင်းရွေ့စိုက်နည်းသည် မြေပေါ် (သို့) ပန်းအိုးထဲတွင် တိုက်ရိုက်စိုက်ခြင်းနှင့် အတူတူသာဖြစ်ပါတယ်။
၂။ မြေပေါ် (သို့) ပန်းအိုးထဲတွင် တိုက်ရိုက်စိုက်ခြင်း
- သူ့ကို outdoor စိုက်ပျိုးမယ်ဆိုပါက ဥတစ်ဥနှင့်တစ်ဥကြား ၈ လက်မပတ်လည် spacing ခြား၍ မြေမချဉ်လွန်း မငန်လွန်းသော မြေတိုင်းတွင် စိုက်နိုင်ပါတယ်။ (ဥအရွယ်အကြီး သို့ ပုံမှန်အရွယ် အတွက် ဆိုလိုပါသည်။ )
- ဥကို မြေဖုံးရုံလေးသာ လက်မဝက် (0.5 inche) စိုက်လို့ရပါတယ်။ မြေဖုံးများပါက အပင်ပေါက်နှုန်းကြာပီး တစ်ခါတစ်ရံ ဥများပါ ပုပ်သွားတတ်ပါတယ်။
- ဥပန်းအများစုလိုပဲ သူက အမြစ်အရင်ထွက်ပါတယ်။
- စိုက်ပြီး တစ်လဝန်းကျင်ကြာပါက အပင်စုံပါတယ်။
- အဲ့ဒီအချိန်မှာမှ မပေါက်က ဥပုပ်သွားတာမျိုးဖြစ်တတ်ပါတယ်။
- စိုက်ပျိုးပြီး အပင်စုံပြီး ၅ လဝန်းကျင်ဆိုပါက အဖူးလေးတွေ စမြင်ရပါတယ်။
- ပုံမှန်ဆိုပါ မတ်လကုန် ဧပြီလတွင် စတင်ခူးပြီးရောင်းချကြပါတယ်။
- သူက အဖူးလေးစိမ်းလေးမှ ဖောင်းလာပြီး အရောင်အဖြူဘက်ရောက်လာပါ ခူးချိုးလို့ရပါတယ်။
- ပန်းဥအနေနဲ့ကတော့ ယခုလို ၆ လပိုင်းကုန်ခါနီးတွင် တူးကြပါတယ်။
- အရိပ်ကြိုက်တဲ့အပင်ဖြစ်လို့ နေရောင်ခြည် ၅၀ % လောက်ရတဲ့နေရာမှာ စိုက်နိုင်ပါတယ်။
- ရေကတော့ လိုအပ်သလိုဖျန်းနိုင်ပါတယ်။
- ရေများပါကလည်း အပင်ပုပ်တတ်သလို ရေနည်းပါကလည်း အပင်ပေါက်လေးတဲ့အပြင် ကြီးထွားမှုနှေးကွေးစေပါတယ်။
- ***တတ်နိုင်ပါက ဥလေးတွေကို ပျိုးဘောင်လေးနဲ့ အပင်ပေါက်အောင်ထားပြီးမှ စိုက်ခင်းသို့ရွေ့စိုက်ပါက ပိုအဆင်ပြေပါတယ်။***
- မလုပ်နိုင်ပါကလည်း အထက်ပါအတိုင်း ပြုလုပ်နိုင်ပါသည်။
- မြေဩဇာအနေနဲ့ကတော့ သဘာဝမြေဩဇာများများကို မြေခံအနေနဲ့ထည့်ပေးပါ။ မြေဩဇာများလွန်းတာက အပင်စုပ်စားပိုးအန္တရာယ် ပိုဖြစ်စေနိုင်တာဖြစ်လို့ ချင့်ချိန်အသုံးပြုပေးပါ။
- ရွက်ဖျန်းဆေးအနေနဲ့ကတော့ ပိုတက်ဆီယမ်များစွာပါဝင်သော ရွက်ဖျန်းဆေးအား ဖျန်းပေးနိုင်ပါတယ်။
- အရမ်းအေးတဲ့ဒေသတွင် စိုက်ပျိုးက အပင်တွင်းအပူချိန် ထိန်းညှိရန်အတွက် မြေဆွေးပါးပါးဖုံးပေးလို့ရပါတယ်။
ရောဂါပိုးမွှားတွေအနေနဲ့ကတော့
၁။ Lily mosaic virus (အပင်အရောင်မညီအဝါကွက်တွေဖြစ်ခြင်း)
သူကတော့ ပျပိုးတွေကြောင့်ဖြစ်တာဖြစ်လို့ ပျပိုးကို စနစ်တကျနှိမ်နင်းပေးရပါမယ် )
၂။ Pythium Root rot (ဥပုပ်ရောဂါ)
ရေဝပ်တဲ့မြေ၊ အစိုဓာတ်လွန်ကဲခြင်းတွေကြောင့် ပိုဖြစ်ပွားပါတယ်။ ပန်းပင်ရဲ့ အောက်အရွက်တွေဝါပြီး အမြစ်မှာလည်း အညိုရောင်ပုံစံ တွေ့မြင်ရတာပဲဖြစ်ပါတယ်။ သူ့ကိုကာကွယ်ဖို့ဆိုရင် ပန်းဥကိုမစိုက်ခင်မှ မှိုသတ်ဆေးစိမ်ပါ (သို့) မြေကိုပါ ပိုးသတ်ပေးပါ။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် အမြစ်ပုပ်ရောဂါကိုပါ ကာကွယ်နိုင်ပါတယ်။
၃။ Botrytis Blight
စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံ နီညိုရောင်အစက်အပြောက်လေးတွေကို အရွက်ပေါ်မှာ တွေ့ရပါတယ် ။ နောက်တစ်ချက်က သူကိုကာကွယ်ဖို့ဆိုရင် စိုက်ခင်းစိုထိုင်းစ (သို့) အစိုဓာတ်ထိန်းညှိပေးရမှာပဲဖြစ်ပါတယ်။
၄။ အရွက်ခြောက်ရောဂါ (Leaf Scorch)
အရွက်ရဲ့အနားတွေနဲ့ အရွက်ထိပ်လေးတွေမှာ စက်ဝိုင်းခြမ်းပုံစံခြောက်တာပဲဖြစ်ပါတယ် ။ ဘာကြောင့်ဖြစ်လဲဆိုတာ ခန့်မှန်းခြေအရ အမြစ်ပုပ်၍ အာဟာရဓာတ်ချို့တာ (သို့) fluoride အဆိပ်သင့်ခြင်း (သို့) pH level မညီမျှတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် superphosphate နဲ့ အခြား fluoride ပါဝင်တဲ့မြေဩဇာတွေကို အသုံးမပြုပါနဲ့။ အမြစ်ပုပ်ရောဂါမဖြစ်အောင်ကာကွယ်ပါ။
မှတ်ချက်
- ပထမတစ်နှစ်မှစိုက်ပြီးသော ပန်းဥကို နောက်တစ်နှစ်ပြန်စိုက်ပါ ဥက ပိုသေးသွားပါတယ်။ ပြောမယ်ဆိုပါက F2 မျိုးကနေ F3 ဖြစ်သွားလို့ အပင်ဥကပိုသေးသွားပါတယ်။
- အဲ့ဒီအတွက်ကြောင့် လီလီပန်းဥကို တစ်နှစ်စိုက်ပြီးပါက နောက်နှစ်မျိုးဆိုပြီး တစ်နေရာတည်းမှာ ဆက်မစိုက်ပါနဲ့။
- ကိုယ့်မျိုးကို ရောင်းလိုက်ပြီးမှ တစ်ခြားဒေသမှမျိုးကို ပြန်ဝယ်စိုက်ပါက မျိုးမရတဲ့ ပြသနာတွေကိုလည်း လျော့ချပေးနိုင်တာပဲဖြစ်ပါတယ်။
- ပန်းဥအများစုဟာ ၆ လပိုင်းကုန်ခါနီး ၇ လပိုင်းအစမှာ ရောင်းချကြတာဖြစ်လို့ အိမ်မှာ တစ်ခဏ သိုလှောင်လိုပါကလည်း နေရောင်ခြည်တိုက်ရိုက်မတွေ့သော၊ အေးမြခြောက်သွေ့သောနေရာတွင် မြေကျင်းတူး၊ အောက်မှ သဲခံ၍ ပန်းဥလေးများထည့်ကာ အပေါ်မှဖုံးပြီး သိုလှောင်နိုင်ပါတယ်။
Reference :
extension.psu.edu/easterlily
www.bhg.com
ဒါ့အပြင် Su တို့အိမ်မှာ လွန်ခဲ့သော ၃-၄ နှစ်ခန့်ကစိုက်ခဲ့သော အခြေအနေများအရရော Su အဖေ၏ အတွေ့အကြုံတွေကို မေးမြန်း၍ ဖော်ပြပေးခြင်းဖြစ်ပါတယ်။
Kyaw Ko Ko
လွန်ခဲ့သော ၄ နှစ် ကလီလီက mandalay မှာစိုက်လို့ရလား
အောင်ငြိမ်းဇော်
လွန်ခဲ့သော ၄ နှစ် ကပန်းမျိုးဥလိုချင်လို့ပါဗျ ကလေးဝမှာနေပါတယ်ဗျ ဒီမှာမရှိလို့ပါ
ကိုအောင်မင်းလွင်
လွန်ခဲ့သော ၄ နှစ် ကမျိူးကဘယ်လောက်လဲဘယ်မှာဝယ်ကတာလဲ
ဒေါ်ကြာညို
လွန်ခဲ့သော ၄ နှစ် ကဗဟုတရပါတယ် ရှင်းပြပေးတာကျေးဇူးပါ
mg win soe
လွန်ခဲ့သော ၄ နှစ် ကဝါသနာပါတယ်အခုလိုရှင်းပြပေးတာကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from မြတ်စုဝေ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....