ကော်ဖီသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း
ပထမ ကော်ဖီပင်ပျိုးထောင်ခြင်းအကြောင်းကို ပြောပြပြီးသွားပြီဖြစ်တဲ့အတွက် ဒီကနေ့မှာတော့ ကော်ဖီသီးနှံ ဘယ်လိုစိုက်ပျိုးထုတ်လုပ်ကြမလဲဆိုတဲ့ အကြောင်းအရာကို အဓိကလိုအပ်ချက်များကို ဆက်လက်ဖော်ပြပေးပါရစေ ။။
၈ လ သို့ တစ်နှစ်သားအရွယ်ပျိုးပင်များ စိုက်ပျိုးရန်အတွက်နှင့် အရိပ်ပင်များစိုက်ရန်အတွက်
၁။ စိုက်ခင်းမြေနေရာရွေးချယ်ရပါမယ်။
အဓိကကတော့ မြေစောင်းရာခိုင်နှုန်း ( slope ) ၁၅ % အောက်သာရှိရပါမယ်။
မြေဆီဩဇာထက်သန်ပြီး မြေချဉ်ငံကိန်း ၄.၅ - ၆.၅ ကြားအတွင်းဆို ရပါပြီ။ ဆီးနှင်းခါးကျရောက်သည့် နေရာကိုတော့ ရှောင်ရပါမယ်။
၂။ ကော်ဖီမျိုးရွေးချယ်ခြင်း
ကုန်းမြင့်ကော်ဖီ (Arabica)ကိုတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၀၀ ပေကျော်ပါက စိုက်ပျိုးနိုင်ပြီး မြေနိမ့်ကော်ဖီ (Robusta) ကိုတော့ ပင်လယ်ရေမျက်နှာပြင် ပေ ၂၅၀၀ အောက်ဆိုရင် စိုက်ပျိုးနိုင်ပါတယ်။
ကုန်းမြင့်ကော်ဖီကို ပြင်ဦးလွင်ဒေသ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် စတဲ့ တောင်တန်းဒေသတွေမှာ စိုက်ပျိုးမှုများပြီး မြေနိမ့်ကော်ဖီကိုတော့ ကရင်ပြည် သံတောင်ကြီးဒေသ၊ တနင်္သာရီ စတဲ့ နေရာတွေမှာစိုက်ပျိုးကြပါတယ်။
၃။ ပင်ကြားတန်းကြားအကွာအဝေးသတ်မှတ်ခြင်း
အကွာအဝေးကိုတော့ အပင်အရွယ်အစား၊ မိုးရေချိန်၊ မြေအမျိုးအစား ၊ ရာသီဥတု၊ ကိုင်းဖြတ်ပြုပြင်နည်းစနစ်များအပေါ် မူတည်ပြီး သင့်တော်သလို ထားနိုင်ပါတယ်။
ကော်ဖီတွင် ပင်စည်ကိုင်းဖြာမှုပေါ်မူတည်၍
- ပင်စည်အများထားစနစ်
ပင်ကြားတန်းကြား ၈ ပေ x ၆ ပေ သို့ ၈ ပေပတ်လည်ထား၍စိုက်ပျိုးပြီး အပင်ဦးရေ ၉၀၇ ပင် ( တစ်ပင် ပင်စည် ၃ ခု) နှင့် အပင်ဦးရေ ၆၈၀ ပင် (တစ်ပင် ပင်စည် ၄ - ၅ခု) ဆိုပြီး တွက်၍ စိုက်ပျိုးနိုင်ပါသည်။
- ပင်စည်တစ်ခုတည်းထားသောစနစ်
အသင့်တော်ဆုံး ပင်ကြားတန်းကြားအကွာအဝေးမှာ -၈ ပေ x ၄ ပေ တစ်ဧက ၁၃၆၀ ပင်သည် စံချိန်ကိုက်စိုက်နည်းစနစ်ဖြစ်ပါသည်။
၄။ အခြားသော စိုက်ကျင်းတူးခြင်း၊ ကျင်းဖုံးခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားပြီးပါက
ပျိုးပင်မြေချစိုက်ကြရပါမယ်။ ပျိုးပင်မြေချစိုက်ပါက သတိပြုရမည့်အချက်များ
- အစိုဓာတ်လုံလောက်မှုရှိရန် သို့ ရေအလုံအလောက်သွင်းပေးရန်
- ပျိုးအိတ်စိုက်ပါက အိတ်ခွာဖို့ မမေ့ရ၊ မြေလုံးမကွဲရ၊ အမြစ်ခေါက်ပါက ဖြတ်ပစ်ပြီးမှ စိုက်ရန် အရေးကြီးပါသည်။
- ပျိုးသက် ၂ နှစ်ကျော်ပါက မစိုက်သင့်တော့ပါ။
၅။ အရိပ်ပင်များစိုက်ပျိုးခြင်း
အရိပ်ပင်များကို ၂ နှစ်ကြိုတင်၍ စိုက်ပျိုးထားရှိသင့်ပါသည်။ မြေနိမ့်ကော်ဖီသည် ကုန်မြင့်ကော်ဖီထက် အရိပ်ပိုလိုအပ်သည်။ အရိပ်မဲ့စိုက်၍မရပါ။
ကုန်မြင့်ကော်ဖီသည် သင့်တင့်တဲ့အခြေအနေမှာ အရိပ်မဲ့စိုက်နိုင်ပါသည်။ အဓိကကတော့ တစ်နှစ်ပတ်လုံး မိုးပျံ့နှံ့စွာရွာခြင်း၊ အပူချိန်သင့်တော်ခြင်း စတဲ့အချက်များကိုက်ညီပါက စိုက်ပျိုး၍ရပါသည်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ အရိပ်မဲ့ စိုက်တာ မရှိသလောက်ပါပဲ ။
အရိပ်ပင်အမျိုးအစား အနေနဲ့ -၂ မျိုးရှိပါတယ်။
၁။ သစ်ရနိုင်သောအပင် ( ခါတော်မှီ၊ ရေပိတုန်း )
၂။ အသီးရအပင် (ထောပတ်၊ ပိန္နဲ၊ မျောက်ငို၊ မက္ကဒေးမီးယား ) စသဖြင့် အလျင်းသင့်သလို စိုက်ပျိုးနိုင်ပါသည်။
အရိပ်ပင်များအနေဖြင့်
- ကြီးထွားမှုမြန်ပြီး အရိပ်ကောင်းရပါမယ်။
- အမြစ်နက်နက်ဆင်းသော အပင်ဖြစ်ရပါမယ်။
- ရွက်ပြားသေးပြီး ကိုင်းဖြတ်ပြုပြင်မှုကို ခံနိုင်ရည်ရှိရပါမယ်။
မြန်မာပြည်မှာတော့ အဓိကအနေနဲ့ ခါတော်မှီ (silver oak) နှင့် ပင်လယ်ကသစ် (Dadap) တို့ကို အရိပ်ပင်အနေနဲ့ အများဆုံးစိုက်ပျိုးကြပါတယ်။ ခါတော်မှီကတော့ ကြီးထွားမှုနှေး၊ ပင်စည်မြင့်၊ အရွက်သေးတဲ့အတွက်ကြောင့်ဖြစ်ပြီး ပင်လယ်ကသစ်ကတော့ အပင်ကြီးထွားမှုမြန်၊ အရွက်ဝေဆာမှုကောင်း၊ ကိုင်းဖြာမှုများသောကြောင့် ဖြစ်ပါတယ်။ ထိုအရိပ်ပင်များကို လေကာပင်အဖြစ်လည်း စိုက်ပျိုးထားနိုင်ပါတယ်။
၆။ အပင်ပြုစုစောင့်ရှောက်ခြင်း
ကော်ဖီပင်များ စိုက်ပျိုးပြီးပါက အပင်ပြုစုစောင့်ရှောက်များစွာ ပြုလုပ်ပေးရန် လိုအပ်လှပါတယ်။ ထိုအထဲတွင် ကော်ဖီပင်အတွက် လိုအပ်သော အာဟာရဓာတ်များ၊ ပိုမွှားရောဂါများကိုပါ ကာကွယ်တားဆီးရပါမယ်။ (ထိုအကြောင်းအရာများကို ဆက်ရေးပါအုံးမည်)
၇။ ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ခြင်း
ဒီအချက်က ကော်ဖီပင်များသာမက အခြားသော နှစ်ရှည်သီးနှံများတွင်ပါ အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ သူရဲ့ အဓိက ရည်ရွယ်ချက်အနေနဲ့ကတော့
- ကော်ဖီသီးကိုင်းများများရရန်
- ပိုးမွှားရောဂါ ကာကွယ်ရန်
- နှစ်ခြားသီးခြင်းများ ကာကွယ်ရန်
- မလိုအပ်သော ကိုင်းများ၊ သေနေသောကိုင်များ ဖယ်ရှားခြင်းဖြင့် အပင်၏ လုပ်ဆောင်ချက်များ ပိုအားကောင်းရန် စသဖြင့် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
ကိုင်းဖြတ်ခြင်းကို
- တစ်နှစ်လျှင် -၂ ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။ ပထမအကြိမ်အား အသီးခူးဆွတ်ပြီးချိန် (မတ်လ) နှင့် ဒုတိယအကြိမ်အား (ဇွန်၊ ဇူလိုင်လများ) တွင် လုပ်ဆောင်သင့်ပါသည်။
ပထမအကြိမ်မှာတော့
- မြေပြင်နှင့်နီးကပ်သော ပင်စည်ဘက်သို့ ဦးတည်နေသော ခြောက်၍သေနေသော မလိုအပ်သောကိုင်းများကို ရှင်းပေးရန်ဖြစ်ပါတယ်။
ဒုတိယအကြိမ်မှာလည်း ထိုကဲ့သို အဆင်မပြေသော မလိုအပ်သောကိုင်းများကို ဖြတ်ပေးရမှာပဲဖြစ်ပါတယ်။
အပေါ်မှာပြောခဲ့သလို့ ပင်စည်တစ်ခုထဲထားသောစနစ်နှင့် ပင်စည်အများထားတဲ့စနစ်များပေါ် မူတည်၍ လိုအပ်သလို ကိုင်းခုတ်ပြုပြင်ခြင်းကို လုပ်ဆောင်ပေးရမှာပဲဖြစ်ပါတယ်။
အထက်ပါ ၇ ချက်ကို လုပ်ဆောင်ပြီးပါက အသီးများခူးဆွတ်၊ ရိတ်သိမ်း၊ ကြိတ်ခွဲခြင်းများအကြောင်းကို အပွင့်စပွင့်သည်ကမှစတင်၍ အခြားသော လုပ်ငန်းစဉ်များကိုပါ နောက်တစ်ပိုင်းတွင် ဆက်လက်ဖော်ပြသွားပါမည်။
ကော်ဖီ -ရာသီ သီးနှံဌာနခွဲ (ပြင်ဦးလွင် ) တွင် သင်ကြားခဲ့ရသော အကြောင်းအရာများအား အခြေခံ၍ ရေးသားခြင်းဖြစ်ပါသည်။
ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းဆောင်းပါးကို KMSS အဖွဲ့က ပံ့ပိုးကူညီထားပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေပန်းဖြူ
လွန်ခဲ့သော ၈ လ ကကော်ဖီအသီးအတွက်အားဆေးကိုသိပါရစေ
အောင်ခင်
လွန်ခဲ့သော ၁ နှစ် ကကော်ဖီပင်ကညိုးပီးသေသေနေလို့လေဆရာ
ဖြိုးသန့်ဇင်
လွန်ခဲ့သော ၁ နှစ် ကဘယ်လိုပိုးမျိုကျတတ်ပါလည်းဘယ်လိုကာကွယ်ရမလည်း
ဖြိုးသန့်ဇင်
လွန်ခဲ့သော ၁ နှစ် ကအပင်ပေါက်လေးတွေကိုစိုက်ရင် အဆင်ပြေမလား
Maung Maung Nyunt
လွန်ခဲ့သော ၂ နှစ် ကကော်ဖီသီးနှံတွင်ကျရောက်တတ်သည့်ပင်စည်ထိုးပိုးအကြောင်း
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from မြတ်စုဝေ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....