ပန်းဂေါ်ဖီ (ပန်းမုံလာ) စိုက်ပျိုးနည်း
ပန်းဂေါ်ဖီသည် ဂေါ်ဖီထုပ်ကဲ့သို့ အအေးကြိုက်သော်လည်း ဂေါ်ဖီထုပ်ထက် အပူဒဏ်ခံနိုင်သည်။ အေးပြီး အစိုဓာတ်အမြဲရရန်လိုသည်။ ရာသီဥတုခြောက်သွေ့နေလျှင် အပွင့်ဖြစ်မလာနိုင်ပါ။ ထို့ကြောင့်ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိုးအစားထက် ရာသီဥတုကပိုအရေးကြီးသည်။
မူရင်းဒေသ
မြေထဲပင်လယ်ကမ်းခြေဒေသ ဆိုက်ပရပ်ကျွန်း၊ ဆီးရီးယား၊ အီဂျစ်၊ စပိန်၊ အီတလီ နှင့် ဥရောပတိုက် အနောက်မြောက်ပိုင်းဒေသတို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၁၆၀၀)ခန့်က စတင်တွေ့ရှိရသည်ဟု ယူဆကြသည်။
စိုက်ပျိုးချိန်
တောင်ပေါ်ဒေသ- ဧပြီ၊ မေ၊ စက်တင်ဘာ၊ အောက်တိုဘာ
မြေပြန့်ဒေသ - စက်တင်ဘာ၊ အောက်တိုဘာ
မျိုး
သက်လျင်မျိုး (Snow Ball)- သက်တမ်း(၉၀)။ အပွင့်အရွက်ငယ်ပြီး ကျစ်လျစ်သည်။ မြေပြန့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။
သက်ကြီးမျိုး (Snow flower/ Snow King)- သက်တမ်း(၁၂၀)။ အရွက်အရွယ်အစားကြီးမားပြီး အပွင့်ကြီးမားသည်။ တောင်ပေါ်ဒေသများတွင် အများဆုံးစိုက်ပျိုးသောမျိုးဖြစ်သည်။
ပျိုးထောင်ခြင်း
(၁၀၂.၅) ပေ ရှိသောပေါင်ကို မြေစိုင်ခဲကလေးများရသည်အထိ ပြုပြင်ပေးပါ။ မြေများစွာညက်လျှင် ရေလောင်းသောအခါ ကျပ်သိပ်သွားနိုင်သောကြောင့် လေဝင်လေထွက်မကောင်းပဲ အညှောင့်ပေါက်မှု နည်းလာနိုင်ပါသည်။ ပျိုးပေါင်ပေါ်တွင် မျိုးစေ့ကြဲရန် (၂) လက်မခြားမြောင်းဆွဲပြီး မျိုးစေ့ကိုညီညာစွာချ၍ အပေါ်မှ နွားချေးဆွေးမှုန့်ပါးပါးဖုံးအုပ်ပြီး ၎င်းပေါ်၌ စင်းပြီးကောက်ရိုးခြောက်များ ပါးပါးဖုံးအုပ်ကာ ရေရွှဲရွှဲလောင်းပေးရပါမည်။ တောင်ပေါ်ဒေသတွင် အပင်ပေါက်မစုံမီ တစ်တောင်အမြှင့်မှ သက်ကယ်ကောက်ရိုးမိုးပေးရမည်။ (၃-၄)ရက် ကြာလျှင်အညှောင့်ပေါက်လာမည်။ (၁၂) ရက်ကြာလျှင် တန်းကြားကို မြေဆွပေါင်းရှင်း၊ (၂၀) ရက်ရလျှင် ယူရီးယားမြေသြဇာကို တစ်ပေါင်လျှင် (၅) အောင်စနှုန်းဖြင့် ရေဖျော်ပြီး ရေဝသည့်တိုင် လောင်းပေးရမည်။ ပျိုးနှုတ်နေစဉ် မိုးရွာပါက အမြစ်များကို ငှက်ပျောရွက်ဖြင့်ထုတ်ပြီး အမြစ်မခြောက်သွားစေရန် အမှောင်ခန်းထဲတွင် ရေစိမ်ပေးထားရမည်။ တစ်ဧကလျှင် မျိုးစေ့ (၁၀၀-၁၅၀) ဂရမ် လိုအပ်ပါသည်။
စိုက်ပျိုးခြင်း
ပျိုးဘောင်ပြုလုပ်စဉ်ကတည်းက စိုက်ခင်းကို ထယ်(၂)စပ်၊ ထွန် (၃) စပ်ဝင်၍ မြေပြုပြင်ပေးရမည်။ ပေါင်းမြက်၊ အမှုိက်၊ ကျောက်ခဲများ ကောက်ပစ်ပါ။ မိုးများသောဒေသများတွင်မြေချဉ်ငံဓာတ် ၆.၅ အထိထိန်းထားနိုင်ရန် ထုံးထည့်ပေးရန်လိုအပ်ပါသည်။ ရေသွင်းရေထုတ်မြောင်းများပြုလုပ်ပေးရပါမည်။ ပျိုးသက် (၃၅-၄၀)ရက်ရောက်လျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ညနေ(၃)နာရီနောက်ပိုင်းမှ ပြောင်းရွှေ့စိုက်ပျိုးခြင်း ပြုလုပ်သင့်ပါသည်။ စိုက်ကျင်းထဲသို့ ရေလောင်းထည့်၍ ရေခံပြီးရွေ့စိုက်ပါ။ သေသောအပင်များကို (၄-၅) ရက်အတွင်း ပြန်ဖြည့်ပေးရမည်။ ထိုထက်နောက်ကျလျှင် မူလအပင်ကိုမမီတော့ပါ။ ရွေ့စိုက်ပြီး (၁၀-၁၅)ရက်လျှင် အပင်ခါးဆွခြင်းကိုပြုလုပ်ပေးရမည်။ တစ်ပင်နှင့်တစ်ပင် (၁.၅-၂) ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂-၂.၅) ပေခြားထားပြီး စိုက်ပျိုးနိုင်ပါသည်။
မြေသြဇာကျွေးခြင်း
မြေသြဇာကျွေးရာတွင် စုစုပေါင်း ၃ ကြိမ်ကျွေးသင့်ပါသည်။
ပထမအကြိမ်- ရွေ့ပြောင်းစိုက်ပျိုးပြီး (၇-၁၀) ရက်ခန့်အကြာ
ဒုတိယအကြိမ်- ပထမအကြိမ်ထည့်ပြီး (၁၀)ရက်ခန့်အကြာ
တတိယအကြိမ်- ရွေ့စိုက်ပြီး (၁)လခန့်အကြာ
တစ်ဧကနှုန်းထားအရ
၁။ နွားချေး-၄ တန်၊ ၄ တန် မြေဆွေး
၂။ ယူရီးယား- ၁၄၀ ပေါင်၊ ၇၀ပေါင်၊ ၃၀-၄၀ ပေါင်
၃။ တီစူပါ- ၁၀၀ ပေါင်၊ ၁၀၀ ပေါင်
၄။ ပိုတက်ရှ်- ၉၀ ပေါင်၊ ၆၀ ပေါင်၊ ၃၀ ပေါင်
၅။ ပဲဖတ်- ၁၀၀ ပေါင်၊ ၆၀ ပေါင်၊ ၄၀ ပေါင်
အပင်ပြုစုစောင့်ရှောက်ခြင်း
ကြားပေါင်းလိုက်ခြင်းဖြင့် ဓာတ်မြေသြဇာနှင့် မြေသားသမသွားပါသည်။ ရေကို တစ်ပတ် (သို့မဟုတ်) နှစ်ပတ်လျှင်တစ်ကြိမ်ကျ သွင်းပေးရန်လိုအပ်ပါသည်။ အပွင့်ကောင်းစွာပွင့်နေချိန်တွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့်အရောင်ပြောင်းလဲသွားတတ်ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာ ခါးသက်လာတတ်ပါသည်။ ထို့ကြောင့် အပွင့်၏အချင်း (၂-၃) လက်မ အရွယ်ရောက်သောအခါ အပြင်အရွက်များကို စည်းပေးရပါသည်။ ပန်းဂေါ်ဖီတွင်စိန်ကွက်ဖလံ၊ ပိုးနဂါးများဆိုးရွားစွာကျရောက်တတ်၍ တမာပိုးသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းသင့်ပါသည်။
ခူးဆွတ်ရိတ်သိမ်းခြင်း
သက်တမ်းကိုလိုက်၍ ရွေ့စိုက်ပြီး (၂-၂.၅) လအကြာတွင် ပန်းပွင့်ကိုစတင်ခုတ်နိုင်ပါသည်။ အဝေးသို့တင်ပို့ပါက အရွက်ကို(၂-၃)ရွက်ချန်၍ နှုတ်ရပါသည်။ တစ်ဧကလျှင် ဂေါ်ဖီပန်းပွင့်မျိုးကိုလိုက်၍ တန်ချိန် (၅-၈) တန်ထွက်နိုင်ပါသည်။
မျိုးစေ့ခံခြင်း
ပန်းဂေါ်ဖီသည် ပင်တည်းဝတ်မှုံကူးသန္ဓေမအောင်နိုင်ဘဲ ပင်ခြားဝတ်မှုံကူးသန္ဓေအောင်သည့် မျိုးဖြစ်သည်။ မျိးစေ့ထုတ်လုပ်ရာတွင် မျိုးကွဲများမပါဝင်စေရန် အထူးဂရုပြုရမည်။
(က) မျိုးစေ့မှ မျိုးစေ့ထုတ်ခြင်း
မျိုးစေ့ထုတ်လုပ်ရန် ရာသီဥတုအေးမြရမည်။ နေရောင်ကောင်းစွာလိုအပ်ပြီး နေ့တာရှည်ခြင်းကိုကြိုက်နှစ်သက်သည်။ သစ်ရွက်ဆွေး၊ မြေဆွေး၊ နွားချေး များစွာထည့်ပေးရန်လိုပါသည်။ သဘာဝမြေသြဇာအပြင် ယူရီးယား၊ ပိုတက်ရှ်၊ တီစူပါကို(၃း၄း၃) ရောစပ်ပြီး တစ်ဧကလျှင် ပေါင် (၁၅၀-၂၀၀) ထည့်ပေးရမည်။ အပင်ကြီးရင့်ချိန်တွင် ရေအများဆုံးလိုအပ်သဖြင့် ရေကိုဂရုစိုက်၍ လောင်းပေးရမည်။
(ခ) မျိုးပင်ရွေးချယ်ခြင်း
အပင်ငယ်စဉ်မှ ခေါင်းစတင်ပေါ်သည်အထိ မျိုးလက္ခဏာမမှန်သော အပင်များကို စစ်ဆေးပြီးဖယ်ထုတ်ရမည်။ ပန်းခိုင်တွင် အမွှေးပေါခြင်း၊ အရွက်ထွက်ခြင်းတို့ကိုလည်း ပယ်ရမည်။ နေပူလွန်း ဆီးနှင်းကျလွန်းပါက အရိပ်လုပ်ပေးရမည်။ ရွေ့ပြောင်းစိုက်ချိန်တွင် အရွက်ဟောင်း၊ အရွက်ဝါများကို ဖယ်ပေးရပါမည်။ ပန်းဖူးမှ အသီးကိုင်းများ ရှည်ထွက်လာပါက သန်မာသောအသီးကိုင်းကိုသာ ရွေးချယ်မျိုးစေ့ခံယူပါ။ အသီးများ ကောင်းစွာရင့်မှည့်လျှင် ရိတ်သိမ်း၊ လှေ့၍ ခြောက်စေရန် ပြုပြင်ကာ လေလုံသော ပုံးများတွင်ထည့်၍ သိုလှောင်ကြသည်။ တစ်ဧကလျှင် ပျှမ်းမျှ (၂၅၀-၃၀၀) ပေါင်မျိုးစေ့ရပါသည်။
ကျော့နန္ဒာစိုး
ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းလမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)
- Mega Grow International Co., Ltd. Facebook page
khunkhun
လွန်ခဲ့သော ၁၁ လ ကပန်းဂေါ်ဖီမျိုးက
khunkhun
လွန်ခဲ့သော ၁၁ လ ကရှမ်းပြည်ဖက်ဘာအမျိုးစိုက်ရင်ကောင်းလဲ
koko
လွန်ခဲ့သော ၁ နှစ် ကမျိုးစိရလားဗျ
Than Htoo
လွန်ခဲ့သော ၃ နှစ် ကပန်းဂေါ်ဖီမှာကျရောက်တတ်တဲ့ပိုးမွှားများနဲ့ရောဂါများသိချင်ပါတယ်ခင်ဗျ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကပန်းမူံလာအဖြူနဲ့အဝါဘယ်အမျိုးကောင်းပါလဲ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ကျော့နန္ဒာစိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....