ကြာရှည်အထားခံတဲ့ ဆန်ပြုတ်မှုန့်လုပ်နည်း
၇ လအထိ အထားခံတဲ့ ဆန်ပြုတ်မှုန့်ကို လုပ်ထားဖို့အချိန်ပါပဲ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အလွယ်တကူစားလို့ရတဲ့ ကုန်ခြောက်ပစ္စည်းတစ်မျိုးပါ။ နို့ဖြတ်ခါစကလေးငယ် အစာကြီးတွေမဝါးနိုင်သေးတဲ့ ကလေးငယ်တွေအတွက်လည်း အကောင်းဆုံးအစားအစာတစ်ခုပဲဖြစ်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ
ဆန် ၄ ဗူး
ကုလားပဲ ၁ ဗူး
ပြုလုပ်ပုံ
- ဆန်ကို ရေနဲ့ ၃ ခေါက်လောက် ပြောင်အောင်ဆေးပါ။ နောက် သန့်ရှင်းတဲ့အဝတ်စမှာဖြန့်ပြီး နေလှန်းပေးပါ။ ကုလားပဲကိုလည်း ထိုနည်းအတူ သန့်စင်ဆေးကြောပြီး ခြောက်အောင်ပြုလုပ်ပါ။
- ခြောက်သွားသော ဆန်ကို မီးအသင့်အတင့်နဲ့ ၅ မိနစ်ခန့်လှော်ပေးပါ။ ကုလားပဲကိုလည်း သင့်ရုံအနေအထားအတိုင်း သပ်သပ်လှော်ပါ။
- သီးခြားစီလှော်ထားသော ဆန်နဲ့ကုလားပဲကို ရောကြိတ်ပြီး လေလုံသောဘူးထဲတွင် ထည့်သိမ်းထားနိုင်ပါပြီ။
- လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက် ရေနဲ့အလွယ်တကူပြုတ်စားလို့ရပါပြီ။ ပြုတ်တဲ့အချိန်မှာ လိုအပ်တဲ့အရသာများရောစပ်ပြီး စားသုံးနိုင်ပါတယ်။
အချိုးအစားကိုတော့ မှန်းရလွယ်အောင် ဆန် ၄ ဗူးနှုန်းနဲ့ဖော်ပြထားပါတယ်။ လိုအပ်သလို ဆန်နဲ့ကုလားပဲချိန်ဆပြီး ပြုလုပ်နိုင်ပါတယ်။ ကုလားပဲ မသုံးလိုတဲ့သူတွေအတွက်လည်း ဆန်တစ်မျိုးတည်းနဲ့ ပြုလုပ်ထားလို့ရပါတယ်။
ဒီဆန်ပြုတ်မှာပါဝင်တဲ့အာဟာရတန်ဖိုးတွေက
ကယ်လိုရီ
ပရိုတင်း
အိုင်းရွန်း
ကယ်ရိုတင်းဓာတ်တို့ ပါဝင်တယ်လို့ သိရပါတယ်။
ကိုးကား- https://www.mylittlemoppet.com/instant-rice-porridge-powder-recipe/
အားလုံးပဲ ဘေးကင်းကျန်းမာကြပါစေ။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
တန်ဘိုးမြှင့်ထုတ်ကုန်
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ကျော့နန္ဒာစိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....