ချည်မျှင်ရှည်ဝါသီးနှံ အထွက်မြင့်မားရန်
မျိုးကောင်းရုံဖြင့်မပြီးပါ။ မျိုး၏အထွက်နှုန်းစွမ်းရည်ကို အပြည့်အဝရရှိဖို့ စိုက်ပျိုးနည်းစနစ် မှန်ရန်လိုပါသည်။
မြေအမျိုးအစားရွေးချယ်မှု မှန်ရမည်။ မမှန်လျှင် ချည်မျှင်ရှည်ဝါ အထွက်နည်းနိုင်သည်။ နုန်းမြေ၊ နုန်းစနယ် မြေနှင့် သဲနုန်းမြေများတွင် စိုက်ပျိုးသင့်သည်။ စိုက်ပျိုးမြေ၏အောက်ခံရေမှာ သုံးပေအောက်နက်သောမြေ ဖြစ် သင့်သည်။ ဆား၊ ဆပ်ပြာ၊ ယမ်းစိမ်းပေါက်သောမြေ မဖြစ်သင့်ပါ။ အပေါ်ယံမြေနှင့် အောက်ခံမြေအမျိုးအစား တူညီသင့်သည်။ မြေသြဇာထက်သန်ရမည်။ ရေသွင်း ရေထုတ်လွယ်ကူရမည်။ အစိုဓါတ်ကို ကောင်းစွာထိန်း နိုင်သောမြေ ဖြစ်ရပါမည်။
ဒေသအလိုက် စိုက်ချိန်မှန်ရန်လိုသည်။ စိုက်ချိန်မမှန်လျှင် အထွက်နည်းနိုင်သည်။ တစ်ဧက သတ်မှတ်အပင်ဦး ရေ ပြည့်မှီရေးအတွက် စိုက်တန်း စိုက်ကျင်းအကွာအဝေး၊ စိုက်စနစ်မှန်ရန် လိုအပ်သည်။ အချိန်မီသားခွဲပါ။
ပေါင်းမြက်ကင်းစင်ရေးအလေးထားပါ။
အစိုဓါတ်လုံလောက်စွာ မရပါက ရေသွင်းခြင်းပါ။ ရေသွင်းပြီးတိုင်း ကြားထွန်တိုက်သင့်ပါသည်။
စုပ်ပိုး၊ ဝါဂွမ်းပိုးနီ၊ ရွက်လိပ်ရွက်စားပိုး စသည်တို့ကို ကြိုတင်ကာကွယ်ပါ။ ကျရောက်ပါက ထိရောက်စွာစနစ်တ ကျ နှိမ်နင်းရန်လိုပါသည်။
ဝါစိုက်ပျိုးရေးနှင့် မြေသြဇာ
မြေသြဇာသုံးစွဲရေးကိုတော့ အထူးပြောလိုသည်။
သီးနှံပင်တွေ ရှင်သန်ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်သည့်အာဟာရဓာတ်တွေကို အုပ်စုနှစ်မျိုး ခွဲခြားရလျှင် (၁) အဓိက လိုအပ်တာနှင့် (၂) အနည်းလိုအပ်တာဟူ၍ ဖြစ်သည်။ အဓိကလိုတဲ့ အာဟာရဓာတ်တွေကို ဓာတ်မြေသြဇာ တွေက ရရှိနိုင်သည်။ အနည်းလိုအာဟာရဓာတ်တွေကိုတော့ သဘာဝမြေသြဇာတွေကသာ ရရှိစေနိုင်ပါသည်။
ဒါ့ကြောင့် သဘာဝမြေသြဇာကိုသုံးစွဲပါ။ ဓာတ်မြေသြဇာကိုလည်းသုံးစွဲပါ။ ဝါသီးနှံအတွက် အာဟာရစုံ ရစေလို လို့ ဖြစ်သည်။
သဘာဝမြေသြဇာဆိုသည်မှာ ကျေးလက်ဒေသမှာ အလွယ်တကူရရှိနိုင်သော နွားချေးနှင့် သစ်ရွက်ဆွေးမြေသြ ဇာတွေကို ပြောခြင်းဖြစ်သည်။
သဘာဝမြေသြဇာတွေမှာ အာဟာရဓာတ်တွေအပြင် ကောင်းတဲ့အချက်တွေရှိသေးသည်။ စေးသောမြေကို ပွစေသည်။ သဲဆန်လွန်းသောမြေကို သိပ်သည်းစေသည်။ ရေအစိုဓာတ်ကိုပိုမို ထိန်းသိမ်းနိုင်စေသည်။ မြေတွင် အပူအအေးမျှတစေပြီး လေဝင်လေထွက်ကို ကောင်းစေနိုင်သည်။ အမှန်မှာ ဝါစိုက်မြေကို ကောင်းမွန်အောင် ဖြစ်ပေါ်စေခြင်းဖြစ်သည်။ သို့ဖြစ်၍ အာဟာရဓာတ်များကို ဝါမြစ်မှ အလွယ်တကူ စုပ်ယူစားသောက်နိုင်စေပါသည်။
“နွားချေး(သို့မဟုတ်) သစ်ရွက်ဆွေးမြေသြဇာကို မြေခံအဖြစ် တစ်ဧကလျှင် လှည်း ၁၀ စီး နှုန်း အနည်းဆုံး ထည့်ပေးသင့်ပါတယ်”
ချည်မျှင်ရှည်ဝါစိုက်ပျိုးလိုသူ မိတ်ဆွေယာသမားကြီးတစ်ဦးကို ဤသို့ထောက်ခံချက် ပေးဖူးပါသည်။ သဘာဝ မြေသြဇာဆိုတာက ထည့်လေကောင်းလေလို့ဆိုချင်သည်။ သဘာ၀မြေသြဇာသည် ထည့်ရသည့်ပမာဏ များ ပြားလွန်းသဖြင့် ယခုအခါ ရှားပါးသလိုဖြစ်လာနေသည်။ စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်လာလို့ နွားချေး မြေသြဇာ ရရှိဖို့ခက်ခဲလာလျှင် သစ်ရွက်ဆွေးမြေသြဇာကို ပြုလုပ်သုံးစွဲသည့် အလေ့အထရှိကြစေချင်ပါသည်။
ဓာတ်မြေသြဇာက ဝါပင်အတွက်လိုအပ်သော အဓိကအာဟာရဓာတ်များကို ဖြည့်ဆည်းပေးသည်။ ဓာတ်မြေ သြဇာကို အာဟာရဓာတ်တစ်မျိုးချင်းပါဝင်သော မြေသြဇာများကိုဖြစ်စေ၊ အာဟာရ ဓာတ်သုံးမျိုးပါသော ကွန်ပေါင်းဓာတ်မြေသြဇာများကိုဖြစ်စေ သုံးစွဲနိုင်သည်။
လိုအပ်သည့် အာဟာရဓာတ်တွေကတော့ နိုက်ထရိုဂျင်အာဟာရဓာတ်၊ မီးစုန်းအာဟာရဓာတ်နှင့် ပြာအာဟာရ ဓာတ်တို့ဖြစ်သည်။ ထို့ကြောင့် နိုက်ထရိုဂျင်ပါဝင်သော ယူရီးယားဓာတ်မြေသြဇာ၊ မီးစုန်းဓာတ်ပါဝင်သော ထရစ်ပယ်စူပါဖေါ့စ်ဖိတ် ဓာတ်မြေသြဇာနှင့် ပြာဓာတ်ပါဝင်သော မြုရိရိတ်အော့ဖ်ပိုတက် ဓာတ်မြေသြဇာတို့ကို ကျွေးပေးရန်ဖြစ်ပါသည်။
ဝါသီးနှံပင်သည် နိုက်ထရိုဂျင်အာဟာရဓာတ်ချို့တဲ့မှုကို လုံးဝမခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ အခြားအာ ဟာရဓာတ်တွေထက် နိုက်ထရိုဂျင်အာဟာရဓာတ်ကြောင့် ချည်မျှင်ရှည်ဝါအထွက် တိုးနိုင်သလို အထွက်လျော့ နည်းနိုင်သည်ကို သတိမူသင့်သည်။ အထွက်လျော့နည်းမှုနှင့် သီးလုံး လွန်ကဲစွာကျွေကျရခြင်းသည် နိုက်ထရို ဂျင်အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။
ဖေါ့စ်ဖောရပ်အာဟာရက ဝါပင်အမြစ်နှင့် သီးလုံးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည်။ ထိုမျှမက ဝါပင်မှ နိုက်ထရိုဂျင်ရယူမှု တိုးပွားရေးကိုလည်း ကူညီပံ့ပိုးပေးပါသည်။
ပိုတက်စီယမ်က မြေအစိုဓာတ်ဆုတ်ယုတ်ခြင်း၊ အပူချိန်နိမ့်ခြင်း၊ ပိုးမွှားရောဂါများ ကျရောက်ခြင်း စသည်တို့ အတွက် ခံနိုင်ရည်ရှိစေရန် အထောက်အကူပြုသည်။ ထို့အပြင် ပိုတက်စီယမ်သည် ဝါချည်မျှင်အရည်အသွေး ကို တိုးတက်စေပြီး ဝါ၏ ဆီပါဝင်မှုမြင့်မားရေးကိုလည်း အထောက်အကူပြုပါသည်။
ယခုအခါ အာဟာရတစ်မျိုးချင်းပါဝင်သော ယူရီးယား၊ စူပါဖေါ့စ်ဖိတ်၊ ပိုတက်စသည့် ဓာတ် မြေသြဇာများ သာမက အာဟာရဓာတ်သုံးမျိုး(သို့မဟုတ်) သုံးမျိုးမကပါဝင်သော ကွန်ပေါင်းဓာတ်မြေ သြဇာများကို အလွယ် တကူ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ဝါသီးနှံပင်နှင့် စိုက်ပျိုးမြေ၏ လိုအပ်ချက်နှင့်အညီ ကိုက်ညီသည့် အာဟာရ ဓာတ်အချိုးအစားပါဝင်သော ကွန်ပေါင်းဓာတ်မြေသြဇာများကို ဝါစိုက်ပျိုးရေးတွင် အသုံးပြုသင့်သည်။ ဝါသီးနှံ အထွက်နှုန်းမြင့်မားဖို့ ယေဘုယျထောက်ခံချက်အဖြစ် နည်းပညာပေးတာ မှတ်မိနေသည်။
“ဝါသီးနှံမစိုက်မီ မြေခံအဖြစ် တစ်ဧကမှာ ကွန်ပေါင်းဓာတ်မြေသြဇာ ၁၁၂ ပေါင်ကို နွားချေးနှင့် အတူ ထည့် ပေးပါ။ ထပ်မံပြီး အဖူးဝင်ချိန်မှာ ကွန်ပေါင်းဓာတ်မြေသြဇာ ၅၆ ပေါင်နဲ့ ယူရီးယား ဓာတ်မြေသြဇာ ၅၆ ပေါင် နှုန်းကို ဝါပင်အတန်းကြားမှာ ထည့်ပေးပါ။ ဓာတ်မြေသြဇာတွေ ထည့်တဲ့အခါ ဝါပင်အခြေတွေနဲ့တော့ ၆ လက်မခန့်အကွာ ဖြစ်ရပါမယ်”
ဓာတ်မြေသြဇာထည့်သွင်းခြင်းဖြင့် ဝါသီးနှံပင်လိုအပ်သော အဓိကအာဟာရဓာတ်များကို ရရှိစေသည်။ သဘာဝမြေသြဇာကို ထည့်သွင်းပေးခြင်းဖြင့် အနည်းလိုအာဟာရဓာတ်များကို ဖြည့်ဆည်းပေးရာ ရောက်စေ သည့်အပြင် စိုက်ပျိုးမြေ၏ ရုပ်သဘာဝကိုလည်း ပြုပြင်ပေးရာရောက်သည်။ သို့ဖြစ်၍ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့ကို တွဲဖက်သုံးစွဲဖို့လိုပါသည်။
ဝါသီးနှံစိုက်ပျိုးရာတွင် ဖေါ်ပြပါအဓိကအချက်များကို လိုက်နာဆောင်ရွက်ပြီး အလေအလွင့်မရှိအောင် ဝါကောက်သိမ်းနိုင်ပါက မျှော်မှန်းအထွက်ကို ရရှိနိုင်စေမည်ဖြစ်ပါသည်။
ဆင်းသီဟ
မောင်ဝေယံလင်း
လွန်ခဲ့သော ၂ လ ကစိုက်ပျိုးသင့်သောအချိန်သိချငိပါတယ်
ကိုသန်းလိူင်
လွန်ခဲ့သော ၁၀ လ ကကြွယ်တွေများနေလို့
ကိုသန်းလိူင်
လွန်ခဲ့သော ၁၁ လ ကအသီးတွေကြွေတာ ခင်ဗျာ
Ko That
လွန်ခဲ့သော ၃ နှစ် ကNPK သုံးစွဲတဲ့အခါ မြေဆီလွှာပျက်စီးနိုင်ပါသလား သီးနှံဘယ်နှကြိမ်လောက်ပေါ်ပီးရင် မြေပြုပြင်သင့်လဲ
ကိုမျိုးဆန်း
လွန်ခဲ့သော ၄ နှစ် ကစိုက်ပျိုးနည်းစနစ်ပင်ခြားတန်းခြားနှင့် စိုက်ချိန်ရာသိဥတုအပူချိန်မိုးရေချိန်သိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....