စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ရေးအတွက် အဓိကအချက်များ (နှမ်းလျင်သီးနှံ)
မိုးဦးကျသည်နှင့် နှမ်းလျင်သီးနှံကို ဦးဆုံးစိုက်ပျိုးလေ့ရှိသည်။ အချို့မှာ နွေရာသီကပင် နှမ်းထွန်ရေးပြင်သည်။ မိုးရွာလျင်အဆင်သင့်စိုက်ပျိုးနိုင်ဖို့ဖြစ်သည်။ သင်္ကြန်နောက်ပိုင်းမိုးရွာလျင်ပင် နှမ်းလျှင်ကို အပြေးအလွှားစိုက်တော့သည်။ ဒါ့ကြောင့် “ယာမှာအသုတ် လယ်မှာအပုပ်”လို့ ဆိုရိုး စကား ရှိထားလေသလား။
မသေချာမရေရာမှုကတော့ရှိသည်။ သို့ဖြစ်၍ နှမ်းလျင်ကို လောင်းကစားသီးနှံလို့ ယူဆထား သည်။ မိုးခေါင်လျင်ပျက်သည်။ မိုးများပြီးအပင်ခြေရေဝပ်လျင်လည်းပျက်သည်။ ရိတ်သိမ်းအပြီး နှမ်းခါ ကာနီးကာမှ မိုးကြီးမိလျင်တောင်ဆုံးရှုံးနိုင်သည်။ဒါ့ကြောင့် “အိမ်ရှိကျီထဲ၊ ပုပ်ထဲရောက်မှ ကိုယ့်ဥစ္စာ” လို့များပြောကြလေသလား။
သို့သော်စိုက်ပျိုးလျင်တော့အောင်မြင်ရမည်။ မိမိဖက်ကလိုလေသေးမရှိလုပ်ကိုင်သင့်သည်။ နိုင်ငံအတွင်း နှမ်းစိုက်ဧရိယာမှာ မိုးနှမ်းက ၇၁ ရာခိုင်နှုန်း၊ ဆောင်းနှမ်းက ၂၂ ရာခိုင်နှုန်းနှင့် နွေနှမ်းက ၈ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။ မည်သည့်ရာသီတွင် စိုက်ပျိုးသည်ဖြစ်ပါစေ မဖြစ်မနေအဓိက သိရှိသင့်သည့် အချက် (၅)ချက်ကို သိရှိလိုက်နာဆောင်ရွက်သင့်ပါသည်။
၁။ မျိုးရွေးချယ်ခြင်း
စိုက်မည့်ဒေသနှင့် သင့်တော်သည့်မျိုးဖြစ်ရပါမည်။ ဈေးကွက်အကြိုက်ကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်။ သုတေသနပြုထုတ်ဝေထားသည့်မျိုးများနှင့် ထပ်မံပေါ်ထွက်လာသည့်မျိုးသစ်များ ကိုလည်း အသုံးပြုနိုင်သည်။ ကျယ်ပြန့်စွာစိုက်ပျိုးလျက်ရှိသည့် မျိုးနှစ်မျိုးမှာ ဆင်းရတနာ-၃ နှင့် ဆင်းရတနာ-၄ တို့ဖြစ်ကြောင်း သိရသည်။
ဆင်းရတနာ-၃
ကိုင်းဖြာသည့်အပင်အမျိုးအစားဖြစ်သည်။ အစေ့ကအနက်ရောင်ရှိသည်။ စိုက်ပျိုးသည်မှ ၈၅ ရက်နှင့် ရက် ၉၀ အကြာတွင် ရိတ်သိမ်းနိုင်သည်။ တစ်ဧကတင်း ၂၀ ထွက်နိုင်သည်ဟု သိရပါသည်။
ဆင်းရတနာ-၄
အပင်အမျိုးအစားမှာ တစ်ပင်တိုင်ဖြစ်သည်။ မျိုးစေ့အရောင်မှာ အဖြူဖြစ်သည်။ အပင် သက်တမ်းမှာ ရက် ၈၀ မှ ၈၅ ရက်ဖြစ်သည်။ တစ်ဧကမှထွက်နိုင်စွမ်းမှာ တင်း ၂၀ ပင် ဖြစ်ပါသည်။
၂။ စိုက်ပျိုးနည်းစနစ်မှန်ကန်ခြင်း
စိုက်ပျိုးနည်းစနစ်ဆိုရာတွင် မြေဆီလွှာအခြေအနေ၊ စိုက်ပျိုးချိန်၊ မျိုးစေ့နှုန်း၊ အတန်းအပင် အကွာအဝေး၊ အပင်သားခွဲခြင်းလုပ်ငန်းများသည် အရေးပါသည်။
မြေဆီလွှာအခြေအနေ
နုံးမြေ၊ သဲနုန်းမြေနှင့် နုန်းမြေစေးမြေများတွင် အပင်ကောင်းစွာဖြစ်ထွန်းသည်။ အပင်အခြေ ရေဝပ်မနေဖို့လိုသည်။ ရေထုတ်ရန်လွယ်ကူသည့်မြေဖြစ်ရမည်။ မြေချဉ်ငန်ဓါတ် pH တန်ဖိုး ၅.၀ မှ ၇.၀ သည် အသင့်လျော်ဆုံးဖြစ်သည်ဟုသိရပါသည်။
စိုက်ပျိုးချိန်
ဒေသအပေါ်မူတည်သည်။ မိုး၊ ဆောင်း၊ နွေရာသီအလိုက် မိမိဒေသအတွက်အသင့်တော်ဆုံး စိုက်ချိန်တွင် စိုက်ပျိုးရန်ဖြစ်သည်။ အထူးသတိပြုရန်မှာ အပင်ပေါက်အားကောင်းစေရန် စိုက်ချိန်တွင် မြေအစိုဓာတ် လုံလောက်စွာရှိရပါမည်။
မျိုးစေ့နှုန်း
မည်သည့်မျိုးကိုစိုက်ပျိုးသည်ဖြစ်စေ အောင်မြင်ပြည့်ဖြိုးအရွယ်အစားကြီးမားသည့် စံမှီမျိုးစေ့ ကို ရွေးချယ်အသုံးပြုရမှာဖြစ်သည်။ အပင်ဦးရေပြည့်မှီဖို့အဓိကလိုအပ်သည်။ မစိုက်ခင် အပင် ပေါက်နှုန်းစမ်းသည့်အလေ့အထရှိသင့်သည်။ အပင်ပေါက်နှုန်းကောင်းသည့်မျိုးကို စိုက်ရန်ဖြစ်သည်။ အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထက်ရှိသင့်သည်။
တစ်ဧကအတွက်မျိုးစေ့လိုအပ်ချက်မှာ စိုက်နည်းစနစ်ပေါ် မူတည်ပြီး ၂ ပြည်မှ ၄ ပြည်ခန့် ဖြစ်ပါသည်။
အတန်းအပင်အကွာအဝေး
စိုက်ပျိုးလျင် တစ်ဧကတွင်အပင် ၁၀၀၀၀၀ ပြည့်တာသေချာဖို့လိုသည်။ သို့မှသာ မှန်ကန် သော အပင်ဦးရေဖြစ်သည်ဟုဆိုုသည်။ တပင်တိုင်မျိုးများကို ၁၂ လက်မအကွာအဝေးအတန်းများ တွင် မျိုးစေ့ချစိုက်ပျိုးနိုင်သည်။ ကိုင်းဖြာသည့်မျိုးများကိုတော့ ၁၅ လက်မအကွာအဝေးအတန်းများ တွင် မျိုးစေ့ချ စိုက်ပျိုးရန်ဖြစ်ပါသည်။
အပင်သားခွဲခြင်း
အပင်ပေါက်ပြီး ၁၄ရက်သား၊ အရွက် ၆ ရွက် ထွက်ချိန်တွင် အတန်းအတွင်းမှာရှိသော အပင်များကို တပင်နှင့် တစ်ပင် ၄ လက်မခန့်အကွာအဝေးထားပြီး တစ်ကျင်းလျှင် ၁ပင်သာချန် သားခွဲရမှာဖြစ်ပါသည်။
၃။ မြေသြဇာကျွေးခြင်း
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာနှစ်မျိုးလုံး ကျွေးပေးသင့်သည်။
သဘာဝမြေသြဇာ
မြေမပြုပြင်မီ တစ်ဧကလျှင် နွားချေး၊ ကြက်ချေး သို့မဟုတ် သဘာဝမြေဆွေးများကို နွားလှည်း ၅-၁၀ စီးခန့် ထည့်ပေးသင့်သည်။
ဓါတ်မြေသြဇာ
တစ်ဧကလျှင် ယူရီးယား ၁၁၂ပေါင်၊ ထရစ်ပယ်စူပါဖေါ့စဖိတ်ဓါတ်မြေသြဇာ ၅၆ပေါင် နှင့် ပိုတက် ၂၈ ပေါင် ကို မြေခံအဖြစ် မြေပြုပြင်ချိန်တွင်ထည့်ပေးသင့်သည်။ ရွက်ဖျန်းမြေသြဇာကို အပင်သားခွဲပြီးချိန်မှ တစ်ပတ်ခြားတစ်ကြိမ် ပန်းပွင့်ချိန်ထိ ဖျန်းပေးသင့်သည်။
အကယ်၍ ကွန်ပေါင်းဓာတ်မြေသြဇာကိုသုံးစွဲမည်ဆိုပါက နိုက်တရိုဂျင်၊ ဖေါ့စ်ဖါးရပ်နှင့် ပိုတက် ပါဝင်မှုအချိုးအစားကိုက်ညီမှုအရ သုံးစွဲရန်ဖြစ်ပါသည်။
၄။ ကာကွယ်နှိမ်နင်းခြင်း
အပင်တွင် ပိုးမွှားရောဂါကျရောက်နိုင်သည်။ ပေါင်းမြက်ကလည်း ဆိုးကျိုးပေးနိုင်သည်။
ပေါင်းမြက်
အပင်သက်တမ်းတစ်လအတွင်း ပေါင်းမြက်ကင်းစင်နေဖို့လိုုသည်။ လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်းလိုက်ခြင်းစသည့် သင့်တော်ရာနည်းလမ်းဖြင့် နှိမ်နင်းရန်ဖြစ်ပါသည်။
ပိုးမွှား
အပင်သက်တမ်းတစ်လျောက်လုံးတွင် စုပ်စားပိုး နှင့် ရွက်လိပ်ပိုးရန်ကို ကာကွယ်ရန်ဖြစ်သည်။ ရိတ်သိမ်းပြီး ချွေလှေ့သန့်စင်ခြင်းမပြုမီ အစေ့စုပ်စားပိုးများကို ကာကွယ်ရန် လိုပါသည်။
ရောဂါ
ရောဂါဒဏ်ခံနိုင်သည့်မျိုးကို ရွေးချယ်စိုက်ပျိုးရန်ဖြစ်ပါသည်။
၅။ ရိတ်သိမ်းခြင်း
ရိတ်သိမ်းချိန်မှန်တွင်မရိတ်သိမ်းနိုင်ခြင်းသည် နှမ်းလျင်အထွက်လျော့နည်းစေပြီး ရိတ်သိမ်းပြီး နောက်ပိုင်း မှန်ကန်စွာမလုပ်ကိုင်ခြင်းသည် အစေ့အရည်အသွေးကို ကျဆင်းစေပါသည်။
ရိတ်သိမ်းချိန်
အသီးများ၏ ၅၀ ရာခိုင်နှုန်းအဝါရောင်သို့ပြောင်းချိန်သည် ရိတ်သိမ်းချိန်မှန်ဖြစ်သည်။ အောက်ခြေအသီးများမကွဲမီအချိန်တွင် ရိတ်သိမ်းရပါမည်။
ရိတ်သိမ်းချိန်လွန်
ရိတ်သိမ်းပြီး နှမ်းပင်များကို စီးခြင်းမပြုဘဲ နေလှမ်းသင့်သည်။ ထိုနောက်မှသာ နှမ်းခါခြင်းနှင့် သန့်စင်ခြင်းတို့ကို ဆောင်ရွက်သင့်သည်။ အရည်အသွေးကောင်းသည့်နှမ်းစေ့များကို ရရှိရန် ဖြစ်ပါ သည်။
အပင်ကငယ်ငယ်အရွယ်ကနုနုမှာပဲဖြစ်ဖြစ်၊ အပင်ဖြစ်ထွန်းသီးပွင့်ရင့်မှည့်ချိန်မှာပဲဖြစ်ဖြစ်၊ နှမ်းထောင်နှမ်းခါကာနီးမှာပဲဖြစ်ဖြစ် ရာသီဥတုကဖျက်လို့ပျက်စီးဆုံးရှုံးနိုင်သည်ကို မမေ့ဖို့လိုသည်။ ပျက်စီးနိုင်မှုအခြေအနေတွေကို ကြိုတင်ခန့်မှန်းပြီး လုပ်သင့်လုပ်နိုင်တာတွေလုပ်ထားဖို့ လိုသည်။ ဥပမာအားဖြင့် မြေအစိုဓာတ်သေချာမှ စိုက်တာမျိုး၊ မိုးခေါင်ခံမျိုး၊ ပိုးမွှားရောဂါဒဏ်ခံမျိုးကို အသုံးပြု တာမျိုး၊ ရေဝပ်လို့အပင်မသေအောင် လိုအပ်ပါက ပေါင်စနစ်နဲ့စိုက်တာမျိုးဖြစ်သည်။
ဤသို့ ဒေသရေမြေအခြေအနေအရ ကြိုတင်ကာကွယ်မှုလုပ်ငန်းများလုပ်ကိုင်ထားပြီး နှမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ရေးဆိုင်ရာ အဓိက(၅)ချက်ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် မျှော်မှန်းအထွက်ကို ရရှိနိုင်ပါကြောင်း အသိပေးရေးသားအပ်ပါသည်။
ဆင်းသီဟ
mg kyaw
လွန်ခဲ့သော ၂ နှစ် ကနှမ်းပင်အရွက်ဝါတာက ရေငတ်လို့ ရေချိန်ဆပီးတင်ပေးပါ
mg kyaw
လွန်ခဲ့သော ၂ နှစ် ကစက်ရေတွင်းရှိရင်တော့ အဆင်ပြေပါတယ် မိုးကြောင်းခပ်စိတ်စိတ်မောင်းပီး ရေချိန်ဆတင်ရင် ဖြစ်ထွန်းပါတယ်
zee
လွန်ခဲ့သော ၃ နှစ် ကနှမ်းကိုမိုးမရွာသေးခင် ကြိုပြီးစိုက်ထားမယ်ဆို အဆင်ပြေလားဗျ
thayaphi
လွန်ခဲ့သော ၅ နှစ် ကနမ်းပင်အရွက်ဝါနေလို့
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကောက်ရိုးမှို ဘယ်လိုစိုက်ရမလဲ
Ko Shwe Lin • ဖြေကြားချက် 2 ခု
ပဲပုတ်ကိုစပါးရိတ်သိမ်းအပြီးဆောင်းသီနှံအဖြစ်စိုက်လို့ရနိုင်လားဗျ ရေအခက်အခဲရှိတဲ့နေရာတွေမှာရေမသွင်းပဲစိုက်လို့ရလားဆိုတာဖြေကြာပေးစေလိုပါခင်ဗျာ
ဇော်လင်းအောင် • ဖြေကြားချက် 2 ခု
စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်
မြူလွှာ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး