လမ်းပန်းအခက်အခဲကြောင့် ဈေးကွက်နှောင့်နှေးနေရကြောင်း ဂွေးချိုသီးပင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများဆို
လမ်းပန်းဆက်သွယ်ရေးပိုင်း အခက်အခဲကြောင့် ဈေးကွက်နှောင့်နှေးမှုများ ကြုံတွေ့နေရကြောင်း ဂွေးချိုသီးပင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
နှစ်စဉ် ဩဂုတ်လဆန်းမှ အောက်တိုဘာလကုန်အတွင်းကာလများသည် ဂွေးချိုသီးပင်များမှ အသီးခူးဆွတ်ရောင်းချကြသည့် ကာလများဖြစ်ပြီး၊ ယခုလအတွင်း ကိုဗစ်-၁၉ ကာလ လမ်းပန်းဆက်သွယ်ရေးပိုင်း အခက်အခဲနှင့် ကောလဟာလအမျိုးမျိုးတို့ကြောင့် ဈေးကွက်နှောင့်နှေးမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။
အခုအချိန်က ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်နှံမှုများနေတဲ့ ကာလလည်းဖြစ်တယ်၊ ဒါ့အပြင် နိုင်ငံရေး ကောလဟာလတွေကလည်း အမျိုးမျိုးကြားနေရတော့၊ တကယ်လည်း ဖြစ်မလာသေးဘဲနဲ့ စိုးရိမ်ပူပန်နေသူတွေလည်း ရှိပါတယ်။ ဒီလိုဆိုတော့ လူတွေက အပြင်ထွက်လိုက် မထွက်လိုက်နဲ့ ဖောက်သည်/ဝယ်လက်တွေနဲ့လည်း အဆက်ပြတ်သွားလိုက်နဲ့ဖြစ်နေတယ်။ လမ်းပန်းဆက်သွယ်ရေးပိုင်း အခက်အခဲရှိနေတာပေါ့။
ဟု နေပြည်တော်၊ ပျဉ်းမနားမြို့မှ ဂွေးချိုသီးပင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ဦးမောင်မောင်ဦးက ပြောသည်။
လက်ရှိဈေးကွက်အတွင်း ဂွေးချိုသီး(၂)တင်းခွဲဝင် အိတ်တစ်အိတ်လျှင် ပျဉ်းမနားမှ ရန်ကုန်အရောက်ဈေးနှုန်း ကျပ် (၂၀၀၀၀) ဖြင့် ရောင်းချနေကြောင်း သိရသည်။
ဂွေးချိုသီးရောင်းချရာမှာ အလုံးအရွယ်အစားက ရွေးယူတာမျိုး ဖြစ်ခဲပါတယ်။ အပင်ကလည်း မျိုးကောင်းတဲ့အတွက် အလုံးသေးတာလည်း သိပ်မပါဘူး၊ အရွယ်ညီတာများတယ်။ အဓိကက အသီးအခွံစိမ်းနေဖို့၊ အသီးလတ်ဆတ်မှုရှိဖို့သာ အဓိကကျတယ်။ ခါတိုင်းကတော့ ခြံပြတ်ပဲ ရောင်းတာပါ။ အခုနှစ်ကတော့ ခြံပျက်ဝယ်ယူတဲ့ပွဲစားတွေ မဆင်းလာတဲ့အတွက် ရန်ကုန်က သစ်သီးပွဲရုံတွေနဲ့ ချိတ်ဆက်ပြီးတော့ ရောင်းချနေပါတယ်။
ဟု ဦးမောင်မောင်ဦးက ဆက်လက်ပြောသည်။
ဂွေးချိုပင်သည် အနှစ်(၃၀)ဝန်းကျင်အထိ သက်တမ်းရှည်သည့် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး၊ အပင်သက် (၃)နှစ်တွင် အသီးစတင်၍ အပင်သက်တမ်း (၅)နှစ်သားတွင် နေ့စဉ်ဝင်ငွေ ရရှိနိုင်ကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022