ဝါးဖြင့်ဖန်တီးတည်ဆောက်သည့် အဆောက်အဦများ ဈေးကွက်ကောင်းမွန်နေ
ဝါးဖြင့်ဖန်တီးတည်ဆောက်ထားသည့် အဆောက်အဦများကို လူအများစိတ်ဝင်တစားဝယ်ယူနေပြီး ဈေးကွက်ကောင်းမွန်နေကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။
ဝါးနဲ့ပြုလုပ်တဲ့အဆောက်အဦလေးတွေ အတော်လေးရောင်းကောင်းတယ်။ အော်ဒါမှာယူတဲ့လူ များနေတယ်။ အထူးသဖြင့် နားနေဆောင်လေးတွေ မှာယူတာများတယ်။ စားသောက်ဆိုင်တွေကလည်း ဝယ်တယ်။ တချို့ကျတော့လည်း အိမ်ခြံဝင်းထဲမှာ နားနေဖို့အတွက် မှာကြတယ်။ ဘုန်းကြီးကျောင်းတွေမှာ အေးအေးဆေးဆေးထိုင်ဖို့ဆိုပြီး ဆရာတော်တွေလည်း လာမှာယူကြတယ်။ ဆရာတော်တွေ လာရောက်မှာယူတဲ့အခါဆိုရင် လက်ခနဲ့ဝါးဖိုး စတဲ့ ကုန်ကျစရိတ်တွေကို တစ်ဝက်လောက် လျော့ပေးပြီး လုပ်ပေးလိုက်ပါတယ်။
ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။
လက်တလောအနေဖြင့် ဝါးအဆောက်အဦတည်ဆောက်ရောင်းချသည့် ဈေးကွက်အတွင်း၌ (အော်ဒါမှာယူလာသည့် ဒီဇိုင်းနဲ့အကျယ်အဝန်းအပေါ် မူတည်ပြီး) ကျပ် (၁၀၀,၀၀၀)မှ ကျပ် (၁,၅၀၀,၀၀၀) ဝန်းကျင် တန်ဖိုးရှိ ဝါးအဆောက်အဦများကို မှာယူမှုများပြားနေကြောင်း သိရသည်။
ဝါးအဆောက်အဦတွေ တည်ဆောက်နေရာမှာ ကြသောင်းဝါးနဲ့လည်း ဆောက်လို့ရပါတယ်။ ဝါးပိုးဝါးနဲ့လည်း တည်ဆောက်လေ့ရှိပါတယ်။ မျှင်ဝါးရတဲ့အခါ မျှင်ဝါးနဲ့ဆောက်ကြတယ်။ ထီးရိုးဝါးနဲ့လည်း ဆောက်တယ်။ ဈေးနှုန်းကတော့ တည်ဆောက်ပေးရတဲ့လက်ရာအနေအထား၊ လက်ဝင်တဲ့အပေါ်မှာမူတည်ပြီး ကွာခြားသွားနိုင်ပါတယ်။
ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။

ဝါးဖြင့် ဖန်တီးတည်ဆောက်ထားသည့် ဝါးအဆောက်အဦ (ဝါးနားနေဆောင်)များကိုနေပြည်တော်နှင့်အနီးတဝိုက်ဒေသများမှ အော်ဒါမှာယူမှု များပြားကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....