မြန်မာပြည်အထက်ပိုင်း ကွမ်းနုဝါဈေးကွက် အတက်ဘက်သို့ ဦးတည်လာ
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်မှ စတင်၍ မြန်မာပြည်အထက်ပိုင်းရှိ ကွမ်းရွက် (ကွမ်းနုဝါ) ဈေးနှုန်းများ အတက်ဘက်သို့ စတင်ဦးတည်လာကြောင်း ဒေသခံကွမ်းရွက်ခြံများထံမှ သိရသည်။
"အောက်ပြည်ဘက်က ကွမ်းတွေက အစောပိုင်းရက်တွေကတည်းက ဈေးစတက်နေတာ။ ကျွန်တော်တို့ဒေသက ကွမ်းတွေကတော့ အခုမှ ဈေးစတက်တာ လေးရက်လောက်ပဲ ရှိပါသေးတယ်။ ဈေးဘာလို့ အတက်ဘက် ဦးတည်လာလဲဆိုတော့ မိုးတွင်းတုန်းက မိုးရေချိန်များခဲ့တော့ ကွမ်းခြံတွေ ပျက်သွားတာကြောင့် ကွမ်းအထွက်နှုန်း လျော့နေတာရယ်၊ ဒီနှစ်ကိုက စိုက်ပျိုးသူ နည်းတာကြောင့် အထွက်နှုန်းနည်းသွားတာရယ် အကြောင်းအရင်းနှစ်ခုက သွားစုံနေတယ်။ အရင်အတိုင်းသာ လမ်းပန်းဆက်သွယ်ရေး ပွင့်လန်းမယ်ဆို ကွမ်းဈေးနှုန်းက အခုထက် ပိုကောင်းသွားနိုင်တယ်။"
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ကွမ်းနုဝါ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ဦးဝင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ကွမ်းနုဝါကို မြန်မာပြည်အလယ်ပိုင်း၊ စစ်ကိုင်းဒေသကြီးအတွင်း အများဆုံးစိုက်ပျိုးထုတ်လုပ်နေကြပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်လည်း အနည်းအကျဉ်းစီ စိုက်ပျိုးထုတ်လုပ်နေကြသည်။
"ကျွန်တော်တို့ဒေသက စိုက်ပျိုးထုတ်လုပ်တဲ့ ကွမ်းနုဝါကို တောင်ကြီး၊ လားရှိုး၊ မိုးကုတ်၊ ဖားကန့်၊ တမူး၊ ကလေး စတဲ့ မြန်မာပြည်အလယ်ပိုင်းကနေ အထက်ပိုင်းဒေသတွေအထိ ရောင်းချပါတယ်။ ဒီဒေသတွေက ကွမ်းနုဝါကိုပဲ အများဆုံးစားသုံးကြတာလေ။ ဈေးကွက်က နယ်ပယ် ကျယ်ဝန်းတယ်။ ရန်ကုန်ဘက်ကတော့ အောက်ပြည်မှာစိုက်တဲ့ ကွမ်းစိမ်းတွေ ဈေးသင့်နေသေးရင် ကျွန်တော်တို့ဆီက ကွမ်းကို မစားသေးဘူး။ ကွမ်းစိမ်း ဈေးတအားတက်တဲ့အချိန် စားသုံးသူ မလိုက်နိုင်တဲ့အခါဆိုရင်တော့ ကျွန်တော်တို့ဆီက ကွမ်းနုဝါကို မှာစားကြတာမျိုး ရှိတတ်ပါတယ်။"
ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုလက်ရှိ ကွမ်းနုဝါ ဈေးကွက်အတွင်း ကွမ်းရွက် (ကွမ်းနုဝါ) တစ်ပိဿာလျှင် ငွေကျပ် (၁၀၀၀) မှ ကျပ် (၄၀၀၀) အတွင်း ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သိရှိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022