အစိမ်းရောင်လမ်း
မကွေးတိုင်းဒေသကြီးအတွင်း ပန်းမုံလာစိမ်းပင်စိုက်ပျိုးထုတ်လုပ်သူများ ဈေးကွက်တွက်ခြေကိုက်မှုရရှိနေ

မကွေးတိုင်းဒေသကြီးအတွင်း ပန်းမုံလာစိမ်းပင်စိုက်ပျိုးထုတ်လုပ်သူများ ဈေးကွက်တွက်ခြေကိုက်မှုရရှိနေ

မကွေးတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံအဖြစ် ပန်းမုံလာစိမ်းပင် စိုက်ပျိုးထုတ်လုပ်သူများ ဈေးကွက်တွက်ခြေကိုက်မှု ရရှိနေကြောင်း သိရသည်။

"ကျွန်တော်က ခရမ်းချဥ်နဲ့ ဂန္ဓမာပန်းတွေကို အဓိကစိုက်ပျိုးတယ်။ ပန်းမုံလာစိမ်းပင်ကိုတော့ ပင်ရေ ၂၅၀၀ လောက်စိုက်ပျိုးထားပါတယ်။ ကျွန်တော်တို့ဒေသမှာ ပန်းမုံလာစိမ်းစိုက်တဲ့အခါ အထွက်နှုန်းကလည်း ကောင်း၊ ဈေးကွက်လည်း ရှိလို့ စိုက်ပျိုးဖြစ်သွားတာပါ။ ကျွန်တော်တို့ဒေသဘက်က ပေါင်းပင် သိပ်မရှိလို့ အလုပ်သမားခကလည်း သိပ်မကုန်ပါဘူး။ ဆောင်းဦးရာသီလောက်မှာ စိုက်ကြတာကြောင့်လည်း အခုလိုအဆင်ပြေသွားကြတာပါ။"

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သာစည်ကျေးရွာမှ ပန်းမုန်လာစိမ်းပင်(ဘရိုကိုလီပင်) စီးပွားဖြစ်စိုက်ပျိုးသူ ကိုလှထွေးက ပြောသည်။

ပန်းမုံလာစိမ်းပင်ကို အောက်တိုဘာလတွင်စိုက်ပျိုးပါက၊ ဒီဇင်ဘာလမှစတင်၍ ခူးဆွတ်နိုင်သည်။

"ဈေးကွက်အနေအထားအရ ကျွန်တော်တို့ဆီမှာက ပွဲရုံတိုက်ရိုက်တော့ မရှိသေးဘူးပေါ့။ ကျွန်တော်တို့ဆီကနေ မင်းဘူး၊ မကွေး၊ ပွင့်ဖြူမြို့တွေကို တင်ပို့ကြတယ်။ ဈေးနှုန်းကတော့ လက်လီဈေးက တစ်ပွင့်ကို ၁၀၀၀ ကျပ်ကနေ ၁၂၀၀ ကျပ်၊ လက်ကားဈေး တစ်ပွင့်ကို ၇၀၀/၈၀၀ ကျပ်လောက် ရပါတယ်။ စိုက်စရိတ်ရယ် အထွက်နှုန်းရယ်နဲ့ တွက်ကြည့်မယ်ဆိုရင် တွက်ခြေကိုက်မှု ရှိပါတယ်။"

ဟု ကိုလှထွေးက ဆက်လက်ပြောသည်။

ပန်းမုံလာစိမ်းပင် ပင်ရေ ၂၅၀၀ စိုက်ပျိုးပါက ကုန်ကျစရိတ် (ရေဖိုး၊ ဆေးဖိုးအပါ) ၂၅၀,၀၀၀ ကျပ်ဝန်းကျင် ကုန်ကျကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရှိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ZawLay Naing

ZawLay Naing

လွန်ခဲ့သော ၄ နှစ် က

အမြတ်ဘယ်လောက်ကျန်လဲ

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....