လမ်းပန်းအခက်အခဲများကြောင့် ဂွေးသီးဈေး ကွက်ထက်ဝက်ခန့်ကျဆင်းနေ
လမ်းပန်းအခက်အခဲများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ကုန်သည်ပွဲစားများမှ ဂွေးသီးမှာယူမှု နည်းပါးလာသည့်အတွက် ဈေးကွက် ထက်ဝက်ခန့်ကျဆင်းနေကြောင်း ဂွေးသီးပင် စီးပွားဖြစ်စိုက်ပျိုးနေသည့် တောင်သူများထံမှ သိရသည်။
ဂွေးသီးဈေးကွက်က သိပ်မတွင်ကျယ်တော့ဘူး ဖြစ်နေပါတယ်။ ရောင်းဖြစ်ရုံပါပဲ။ အသီးအထွက်နှုန်းကောင်းရဲ့သားနဲ့ ဈေးကွက်ကမကောင်းဘူး။ တိုင်းရေးပြည်ရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးမကောင်းတာနဲ့ ကိုဗစ်ကာလအတွင်း ဈေးကြီးတွေကလည်း ဖွင့်လိုက်ပိတ်လိုက်နဲ့ဆိုတော့ ဖောက်သည်တွေပျက်ပြီး ကုန်သည်တွေကလည်း အရင်လို မှာယူမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဂွေးသီးစိုက်ပျိုးတဲ့တောင်သူတွေ အဆင်မပြေဖြစ်ကြတာပါ။
ဟု နေပြည်တော်၊ ပျဥ်းမနားမြို့မှ ဂွေးသီးပင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ဦးမောင်မောင်ဦးက ပြောသည်။
ဂွေးသီးပေါ်ချိန်ဖြစ်သည့် ဇူလိုင်လလယ်မှစတင်၍ ထွက်ရှိသမျှဂွေးသီးများကို သိုလှောင်ထားခြင်း၊ အပင်ပေါ်တွင် မခူးဘဲထားခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် ဈေးကွက်ကောင်းကို စိတ်ရှည်စောင့်ဆိုင်းခဲ့ကြသော်လည်း မှန်းချက်နှင့်နှမ်းထွက်မကိုက်ကြကြောင်း တောင်သူများက ဆိုသည်။
အပင်မှာထားပြီး ဝယ်သူပေါ်လာရင် ရောင်းချတယ်။ မှည့်တဲ့ဟာလည်းမှည့်ကုန်တယ်။ မှည့်ကုန်တော့ ကြွေကျတဲ့ဟာလည်း ကြွေကျကုန်တယ်။ ခါတိုင်းကတော့ ရန်ကုန်ဈေးကွက်က ကောင်းမွန်နေတော့ အသီးထွက်သမျှ ကုန်ခဲ့တယ်လေ။ ဘာမှကို ဈေးကွက်ရှာနေစရာကိုမလိုခဲ့ဘူးလေ။ ဒီအတိုင်းကို ကုန်သည်တွေက ဆင်းပြီးလာဝယ်ကြတယ်။ အခုနှစ်ပိုင်းတွေကျတော့ ရန်ကုန်ကို တင်ပို့မှု အသီးဖြုန်းအားကလည်း ခါတိုင်းလို မဟုတ်တော့ဘူးလေ။
ဟု ဦးမောင်မောင်ဦးက ဆက်လက်ပြောသည်။
ယခင်နှစ်က ဂွေးသီး ၂ တင်းခွဲဝင် အိတ်တစ်အိတ်လျှင် ငွေကျပ် (၁၅၀၀၀) ရရှိခဲ့သော်လည်း ယခုအခါ ဂွေးသီး ၂ တင်းခွဲဝင် အိတ်တစ်အိတ်လျှင် ငွေကျပ် (၁၀၀၀၀) ဝန်းကျင်သာ ပေါက်ဈေးရှိနေကြောင်း သိရသည်။
Tun Lin
လွန်ခဲ့သော ၄ နှစ် ကလက်ရှိဝါဈေး သိချင်ပါတဟ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....