ပြည်တွင်းခရီးအသွားအလာနည်းပါးလာခြင်းကြောင့် သနပ်ခါးဈေးကွက်ကျဆင်းနေ
ပြည်တွင်းခရီးအသွားအလာနည်းပါးလာခြင်းကြောင့် သနပ်ခါးဈေးကွက် မူလထက်ကျဆင်းနေကြောင်း သိရသည်။
ဈေးကွက်ကတော့ သိတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံး အများနဲ့အတူပဲပေါ့။ သနပ်ခါး အရောင်းအဝယ်တွေ ရပ်နေတယ်။ ကုန်သွယ်စီးဆင်းမှုမရှိဘူးလေ။ အလုပ်ဖြစ်တာ တော်တော့်ကိုနည်းပါတယ်။ အခု ကိုဗစ်ကာလမှာ ကားတွေကလည်းနည်းတယ်။ အကုန်လုံးနီးပါး ရပ်ဆိုင်းထားတာ။ အဓိက သနပ်ခါးက ဘုရားတွေမှာ ရောင်းတာများတော့ ခရီးသွားတွေ ဘုရားဖူးအသွားအလာနည်းသွားတဲ့အခါမှာ ဒီဈေးကွက်က ပိတ်ထားရသလိုဖြစ်နေတယ်။ ပထမတစ်ကြိမ်ပိတ်၊ ဒုတိယတစ်ကြိမ်ပိတ်နဲ့ အသွားအလာတွေ တန့်ကုန်ကြတယ်။ ဈေးကွက်က အဲ့ဒိမှာ ပိုကျလာတယ်ပေါ့။
ဟု မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးက ပြောသည်။
သနပ်ခါးပင်သည် စိုက်ပျိုးပြီး (၇) နှစ်ဝန်းကျင်တွင် ဈေးကွက်စတင်တင်ပို့နိုင်ပြီး အရည်အသွေးအဆင့် ပြည့်မီသည့် သနပ်ခါးပင်အဖြစ် ရရှိရန်မူ (၁၀) နှစ်နှင့်အထက် အချိန်ယူစိုက်ပျိုးရသည်။
ဈေးကွက်အခက်အခဲကတော့ ဈေးကွက်တစ်ခုလုံးက ပွဲစားတွေလက်ထဲမှာရှိနေတာပါ။ သနပ်ခါးဈေးကွက်က လက်လီဈေးကွက်မှာ မပြတ်ပေမယ့် စိုက်ခြံသမားတွေမှာတော့ ပွဲစားတွေပေးတဲ့ဈေးပဲ ရကြတဲ့အခြေအနေပါ။ အခုနောက်ပိုင်း သနပ်ခါးကို အသုံးနည်းသွားတာကြောင့်လည်း ပါမယ်။ တခြားအလှကုန်တွေပဲ သုံးလာကြတာကြောင့်လည်း တစ်စိတ်တစ်ဒေသပါမှာပေါ့ဗျာ။
ဟု မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အောင်သုခစံပြကျေးရွာမှ သနပ်ခါးစိုက်ပျိုးသူ ကိုမင်းသူရှိန်က ပြောသည်။
မြန်မာနိုင်ငံတွင် သနပ်ခါးပင်ကို အရာတော်၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ပွင့်ဖြူ၊ ပခုက္ကူ ဒေသများ၌ အများဆုံး စိုက်ပျိုးထုတ်လုပ်နေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....