ခရမ်းချဉ်သီးဈေးနှုန်းများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်တိုက်ကျဆင်းနေ
ခရမ်းချဉ်သီးဈေးနှုန်းများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်တိုက်ကျဆင်းနေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။
ဒီဇင်ဘာလမှစတင်၍ ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေခဲ့ပြီး ယခုအခါ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၁၀၀)မှ ကျပ် (၁၅၀) အတွင်း ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြသည်။
ကျွန်တော်တို့ဒေသမှာ လက်ရှိဈေးဆိုရင် ခရမ်းချဉ်သီးတစ်ပိဿာကို ကျပ် ၁၅၀ အောက်ကို နည်းနည်းလေးလျော့နေပါတယ်။ ဒါတောင် ဝယ်မယ့်လူသိပ်မရှိဘူး။ ဝယ်သူက ထွက်သလောက်ကို မယူချင်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို ဈေးကျနေတာပါ။ အရင်နှစ်ကထက် ပိုဆိုးရတဲ့အကြောင်းက ကိုဗစ်ကာလဆိုတော့ ဝယ်သူတွေ စီးပွားရေးမကောင်းကြလို့ ကျွန်တော်အနေနဲ့ထင်မိပါတယ်။ ခရမ်းချဉ်တွေ တအားကြီးပေါနေတာကြောင့်မဟုတ်ဘဲ စားသုံးသူဘက်က သိပ်မဝယ်တာပါ။
ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သာစည်ကျေးရွာမှ ခရမ်းချဉ်စီးပွားဖြစ်စိုက်ပျိုးသူ ကိုအောင်ချမ်းသာက ပြောသည်။
ယခုကဲ့သို့ ခရမ်းချဉ်ဈေးနှုန်းများ ကျဆင်းနေသည့်အတွက် တောင်သူများမှာ စိုက်ပျိုးထုတ်လုပ်ရာတွင်ကုန်ကျသည့် သွင်းအားစုစရိတ်၊ ရေသွင်းစရိတ်များ ပြန်လည်ရရှိရန်ပင် ခက်ခဲနေကြောင်း သိရသည်။
ပွဲရုံကို မပို့တော့ဘူး။ ပို့လို့လည်း မလွယ်တော့ဘူး။ တင်ပို့ရတဲ့ကားခနဲ့ ရမယ့်ငွေနဲ့က မကိုက်တော့ဘူး။ အခုလိုအချိန်ဆို ပွဲရုံတွေကလည်း လိုက်မကောက်တော့ဘူး။ ပွဲရုံကပေးနေတဲ့ဈေးကလည်း တော်တော်နည်းတယ်။ အပြင်မှာ အခု တစ်ပိဿာ ၁၅၀ ရနေတယ်ဆို ပွဲရုံသွင်းရင် တစ်ပိဿာကို ၉၀ ကျပ်၊ ၈၀ ကျပ်လောက်ပဲ ပေးတယ်။ အဲ့ဒါဆိုတော့ မကိုက်ဘူးလေ။ ဒါ့ကြောင့် ထွက်လာတဲ့ခရမ်းချဉ်တွေကို ရွာတွေကိုလည်ရောင်းတဲ့ ဖောက်သည်ဈေးသည်တွေကို ရောင်းတယ်။ အနီးအနားက ဈေးတွေကိုပို့ပြီး ရောင်းတယ်။ အခုရနေတဲ့ ဈေးနှုန်းက ရေသွင်းတဲ့စရိတ်၊ ဆေးဖိုးတောင် အရင်းပြန်မရပါဘူး။
ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှ ခရမ်းချဉ်စိုက်တောင်သူ ကိုမောင်မောင်က ပြောသည်။
မြန်မာနိုင်ငံတွင် အများအားဖြင့် ခရမ်းချဉ်သီးများကို တစ်နှစ်ပတ်လည်လုံးနီးပါး စိုက်ပျိုးလေ့ရှိကြပြီး၊ ဩဂုတ်လပိုင်းတွင် အသီးများ စတင်ထွက်ရှိကာ မတ်လဝန်းကျင်အထိ ဆက်လက်ထွက်ရှိနေမည်ဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
saisan
လွန်ခဲ့သော ၅ နှစ် ကဘယ်လမှဈေးတက်မလဲသိလိုပါတယ်ဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....