ဈေးကွက်ကြိုတင်လေ့လာပြီးမှသာ စီးပွားဖြစ်စိုက်ပျိုးသင့်သော ဒန့်သလွန်
ဒန့်သလွန်ပင်စိုက်ပျိုးရာတွင် မိမိဒေသအလိုက် သက်ဆိုင်ရာဈေးကွက်အခွင့်အလမ်းများ ရှိမရှိကို ကြိုတင်လေ့လာစိုက်ပျိုးမှသာ ရေရှည်တွက်ခြေကိုက်မည်ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။
တစ်ချို့စိုက်ပျိုးသူတွေက ကောက်ရိုးမီးလိုပဲ၊ ရေရှည်စီမံကိန်းနဲ့ မစိုက်ပျိုးကြလို့ ဒန့်သလွန်ဈေးကွက်က အားနည်းသလို ဖြစ်လာတာပါ။ နောက်တစ်ခုက ဒန့်သလွန်ကုန်ချောထုတ်ကုန်တွေက ဈေးကြီးနေသေးတယ်။ ဒန့်သလွန်ကနေထုတ်လုပ်တဲ့ ဆေးတောင့်တွေဆိုရင်လည်း အခုထက် ဈေးနည်းနည်းသက်သာရင် ကျန်းမာရေးအတွက် သုံးစွဲတဲ့သူတွေ ပိုများလာနိုင်မယ်။ ကိုယ့်ပြည်တွင်းမှာ ပေါပေါများများနဲ့ရနိုင်တဲ့ ထုတ်ကုန်ကို အားလုံးသုံးစွဲနိုင်အောင် ထုတ်လုပ်နိုင်ဖို့လိုအပ်တယ်။ နောက်တစ်ခုကတော့ မစိုက်ပျိုးခင်မှာ ကိုယ့်ရောင်းချမယ့် ဈေးကွက်ကို ကြိုတင်ရှာဖွေချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။
ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှ ဒန့်သလွန်ပင် စိုက်ပျိုးသူ ဦးလင်းဦးက ပြောသည်။
ဒန့်သလွန်ပင်မှထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ဈေးကွက်ထိုးဖောက်ရောင်းချနိုင်ရန်မှာလည်း တောင်သူများအနေဖြင့် နည်းပညာပိုင်းအကူအညီများ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
Value added ပြုလုပ်တာမှာ ကျွန်တော်တို့ဆီမှာက နည်းပညာပိုင်း အားနည်းနေတယ်။ ထိုင်းနိုင်ငံတို့ အိန္ဒိယနိုင်ငံတို့မှာဆိုရင် ဒန့်သလွန်သီးကို စည်သွပ်ဘူးထုတ်လုပ်တယ်။ တစ်ကမ္ဘာလုံးကို ဖြန့်တယ်။ တစ်ခါတစ်လေ ကျွန်တော်တို့မြန်မာနိုင်ငံဆီမှာလည်း တွေ့ရတယ်။ အထုပ်လိုက်လေးတွေ၊ ဘူးလေးတွေနဲ့။ သူတို့လိုမျိုး စမ်းသပ်ထုတ်လုပ်ကြည့်ပြီး ဖြန့်ချိနိုင်မယ်ဆိုရင်တော့ ဈေးကွက်အလားအလာ အခုထက်ပိုကောင်းလာနိုင်မယ်လို့ ယူဆပါတယ်။
ဟု ဦးလင်းဦးက ဆက်လက်ပြောသည်။
ဒန့်သလွန်ပင်သည် စားသောက်ကုန်နှင့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့်အပြင် နှစ်ရှည်ပင် ဖြစ်သည့်အတွက် စိုက်ပျိုးရန်စိတ်ပါဝင်စားသူ များပြားသည်။ ဒန့်သလွန်ပင်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရာတွင် ဈေးကွက်ပိုင်းကို ကြိုတင်လေ့လာပြီး စိုက်ပျိုးမှသာ အမြတ်အစွန်းများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသူများက ဆိုသည်။
Dattaw Sayadaw
လွန်ခဲ့သော ၄ နှစ် ကရှမ်းပြည်တောင်ပိုင်း၊မိုင်းရှူးရတနာမြေ ဝမ်ကန် တောင်ပေါ်ဒေသတွင် ဒန့်သလွန်ပင်ဖြစ်ထွန်းရန် မည်သို့ ပြုလုပ်သင့်သည်ကို အကြံပြုစေလိုပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....