ခရမ်းချဉ်သီးပင်အဓိကစိုက်ပျိုးသူများ အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြ
ယခင်က ခရမ်းချဉ်သီးပင် အဓိကစိုက်ပျိုးသူများမှာ လက်ရှိကြုံတွေ့နေရသော ဈေးကွက်အနေအထားအရ အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြကြောင်း မန္တလေးတိုင်းဒေသကြီးရှိ တောင်သူများထံမှသိရသည်။
ခါတိုင်းနှစ်တွေကတော့ ကျွန်တော်တို့ဒေသမှာ ဒီအချိန်ဆို ခရမ်းချဉ်သီးအဓိကစိုက်ကြတာပဲ။ ဒီနှစ်မှာတော့ ခရမ်းချဉ်သီးက အခြေအနေမကောင်းလို့ ငရုတ်သီးစိုက်ဖို့ ဘောင်စဆွဲနေကြတယ်။ နောက်တစ်ခု ဝါသီးနှံကိုလည်း အများကြီးပြောင်းစိုက်လာကြတယ်။ ခရမ်းချဉ်အခြေအနေမကောင်းဘူးဆိုတာက ဒီနှစ်မှာ စိုက်ပျိုးရေးသုံးဆေးတွေက နှစ်ဆလောက်ဈေးတက်သွားတယ်လေ။ ခရမ်းချဉ်ကျတော့ ငရုတ်သီးစိုက်တာထက်ပိုပြီး ဆေးသုံးရတယ်လေ။ ခရမ်းချဉ်ဈေးကွက်ကလည်း မသေချာဘူး။ တာရှည်လည်းအထားမခံဘူးလေ။
ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မြောင်းသစ်ကျေးရွာမှ တောင်သူ ကိုလှိုင်မိုးက ပြောသည်။
ဒေသအလိုက် ရာသီဥတုအပေါ်မူတည်၍ စိုက်ပျိုးရေးသုံး မြေဆီ/မြေဩဇာ၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေးများ ပိုမိုသုံးစွဲပေးရသည့် ခရမ်းချဉ်သီးပင်စိုက်ပျိုးရေးကို စိုက်ပျိုးစရိတ်မကာမိသဖြင့် တောင်သူများမှ ယခုကဲ့သို့ လျော့ချစိုက်ပျိုးလာကြခြင်းဖြစ်သည်။
ငရုတ်သီးစိုက်တာကျတော့ ဈေးကွက်ကောင်းကောင်း မကောင်းကောင်း၊ အခြောက်လှမ်းထားလို့ရတယ်လေ။ စိုက်ပျိုးရေးဆေးကျတော့လည်း ငရုတ်က ခပ်ပါးပါးလိုက်ရင်ရတယ်လေ။ တစ်ခါတလေ ရေသွင်းပေးတာနဲ့ ပုံမှန်အပင်ပြုစုပေးတာလောက်ပဲလိုတာ။ ခရမ်းချဉ်ကျတော့ မိုးအုံ့လာတာနဲ့ ရာသီဥတုအပေါ်မူတည်ပြီး ပိုးသတ်ဆေးဖျန်းရ မှိုဆေးဖျန်းရနဲ့။ ဒီကြားထဲ အရွက်တွေတွန့်ခေါက် အထွတ်ထွတ်ထမှာကလည်း ကြောက်ရသေးတယ်။ ပြာသို၊ တပို့တွဲလောက်ဆိုလည်း ခရမ်းချဉ်က ရွက်ဝါလိုက်တတ်တယ်။ အဲ့ဒီအခါကျတော့ ဒီလိုကာလမှာ ဆေးဖိုးကုန်ကျမယ်ဆို ဘယ်လိုမှမလိုက်နိုင်တော့လို့ ခရမ်းချဉ်မစိုက်တော့တာပါ။
ဟု ကိုလှိုင်မိုးက ဆက်လက်ပြောသည်။
ငရုတ်သီးမျိုးထုပ်တစ်ထုပ်လျှင် (၅၅၀၀) ကျပ်ဝန်းကျင်၊ ခရမ်းချဉ်မျိုးထုပ်တစ်ထုပ်လျှင် (၁၀၀၀၀) ကျပ်ဝန်းကျင် ဈေးနှုန်းများ ရှိပြီး၊ 0.5 ဧက(တစ်ဧက၏တစ်ဝက်) စိုက်ပျိုးပါက မျိုးထုပ် (၂) ထုပ်ခန့် ထည့်သွင်းစိုက်ပျိုးရကြောင်း သိရသည်။
Tayzar Lin
လွန်ခဲ့သော ၄ နှစ် ကအထွတ်တိုးအောင်လုပ်နည်း
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022