အစိမ်းရောင်လမ်း
ရော်ဘာဈေးကွက်ကောင်းကို ပြန်လည်ကြုံတွေ့ရသဖြင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးလာ

ရော်ဘာဈေးကွက်ကောင်းကို ပြန်လည်ကြုံတွေ့ရသဖြင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးလာ

    ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ဈေးကွက်ကောင်းနှင့် ပြန်လည်ကြုံတွေ့ရသဖြင့် စိုက်ဧကများ ထပ်မံတိုးချဲ့စိုက်ပျိုးလာကြကြောင်း ပဲခူးတိုင်းဒေသကြီးရှိ ရော်ဘာခြံရှင်များထံမှ သိရသည်။

ဒီနှစ်တော့ အားလုံးစောင့်မျှော်နေတဲ့အတိုင်း ရော်ဘာဈေးကွက် အတက်ဘက်ကို ပြန်လည်ဦးတည်လာပါတယ်။ စိုက်ပျိုးထားတာမကြာသေးဘဲ ပထမဆုံး အစေးစခြစ်တဲ့ရော်ဘာခြံသစ်တွေတောင်မှ ဒီနှစ်မှာ ဈေးကောင်းနဲ့ကြုံလိုက်ရတော့ အားလုံးအဆင်ပြေသွားကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ရွှေကျင်မြို့နယ်တဝိုက်က ရော်ဘာခြံသမားတွေ စိုက်ဧကတွေ အများကြီးတိုးချဲ့စိုက်ပျိုးကုန်ပါပြီ။ ပျိုးပင်ရောင်းသူတွေမှာ ရော်ဘာပျိုးပင် ထုတ်ရောင်းဖို့တောင် လက်ကျန်မရှိတော့တဲ့အထိ ရော်ဘာပျိုးပင်တွေ ရောင်းနေရပြီး၊ ရော်ဘာစိုက်ပျိုးမှု တကယ့်ကိုများပြားလာတာကို တွေ့မြင်နေရပါတယ်။

ဟု ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အတွင်းရေးမှူး ဦးခင်မောင်သက်က ပြောသည်။

    လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘ့ာရော်ဘာဈေးကွက် အတက်ဘက်သို့ဦးတည်ပြီး ဈေးကွက်ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ရော်ဘာဈေးကွက်ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များအရ သိရှိရသည်။

အရင်နှစ်တွေက ဈေးကျတာမှန်တယ် ကိုဗစ်ကာလမှာတော့ ဈေးတအားမကျဘူး။ ရော်ဘာတစ်ပေါင်ကို ၅၈၀ ကျပ်လောက်အထိ ကျသွားသေးတယ်။ တစ်ပေါင်ကို ၆၀၀ ကျပ်ကျော် ရတဲ့အခါလည်းရခဲ့တယ်။ အခုဆိုရင် ရော်ဘာဈေးပြန်တက်လာတော့ RSS-3 ကနေ RSS-5 အတွင်း အရည်အသွေးရှိတဲ့ ရော်ဘာတစ်ပေါင်ကို ၈၇၀ ကနေ ၉၂၀ ကျပ်အထိ ဈေးပြန်တက်လာပါပြီ။ ရော်ဘာတောင်သူတွေ စိုက်ပျိုးရကျိုးနပ်မယ့် အားတက်စရာ အခြေအနေပါပဲ။

ဟု ဦးခင်မောင်သက်က ဆက်လက်ပြောသည်။

    ပဲခူးတိုင်းဒေသကြီးရှိ ရော်ဘာခြံအများစုမှာ နိုင်ငံတကာ ရော်ဘာစိုက်ပျိုးမှုစနစ်ဖြစ်သည့် ပင်ကြား (၂၄)ပေ/တန်းကြား(၉)ပေစနစ်ဖြင့် စိုက်ပျိုးကြပြီး၊ အဆိုပါစနစ်ဖြင့် စိုက်ပျိုးပါက ရော်ဘာတစ်ဧကလျှင် ပင်ရေ (၂၀၀)ဝန်းကျင် ဝင်ဆံ့ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
KYAW TUN

KYAW TUN

လွန်ခဲ့သော ၅ နှစ် က

အရိုင်းပင်လှဲပြီးဘတ်ပြန်စိုက်တာပါ

You

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....