အစိမ်းရောင်လမ်း
စျေးကွက်ကောင်းမွန်တဲ့ ကညွှတ်စိုက်ပျိုးရေးကို တောင်သူများ စိတ်ပါဝင်စားလာ

စျေးကွက်ကောင်းမွန်တဲ့ ကညွှတ်စိုက်ပျိုးရေးကို တောင်သူများ စိတ်ပါဝင်စားလာ

စျေးကွက်အနေအထား ကောင်းမွန်နေသည့် ကညွှတ်စိုက်ပျိုးရေးကို တောင်သူများ စိတ်ဝင်စားမှု များပြားနေကြောင်း ကညွှတ်စီးပွားဖြစ်စိုက်ပျိုးနေသူများက ပြောသည်။

''ကညွှတ်ကို ဘာလို့စိုက်ပျိုးဖြစ်သွားတာလဲဆိုတော့ ကညွှတ်က စျေးကွက်ရှိလို့ပါ။ ကျန်းမာရေးအတွက်လည်း စားသုံးဖို့ အထူးသင့်လျော်တဲ့ သီးနှံတစ်ခု ဖြစ်လို့ပါ။'' ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အင်သာကျေးရွာမှ ကညွှတ်စိုက်တောင်သူ မခင်မျိုးသန့်က ပြောသည်။ 

ကညွှတ်ပင်သည် ပူအိုက်စွတ်စိုခြင်းကို ကြိုက်နှစ်သက်သဖြင့် မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံ၊ တောင်သာ၊  ကျောက်ဆည်ဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးနေကြပြီး၊ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တဝိုက်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ် တို့ရှိ ဒေသတချို့၌လည်း အနည်းအကျဉ်း စိုက်ပျိုးလာကြကြောင်း သိရသည်။

''ကညွှတ်က ပြုစုတတ်ရင် လေးငါးနှစ်စားရပါတယ်။ တောင်ပေါ်ဒေသမှာတော့ နွေနဲ့မိုးပဲ ခုတ်ပါတယ်။ ဆောင်းမှာ နားပါတယ်။ ဒေသတွင်း စျေးကွက်ဘဲ ပို့ပါတယ်။ ပြင်ဦးလွင် မန္တလေးတွေကို တင်ပို့ရောင်းချပါတယ်။ တစ်ပိဿာကို အမြင့်ဆုံးစျေးကတော့ ဓာတုလွတ် စိုက်ပျိုးတယ်ဆိုရင် ၈၀၀၀ ကျပ် စျေးရပြီး အနိမ့်ဆုံးစျေးက ၅၀၀၀ ကျပ်အထိ ရပါတယ်။'' ဟု ၄င်းက ဆိုသည်။

နေအိမ်စားသုံးမှုသာမက ဟိုတယ်စျေးကွက်အထိ စျေးကွက်ကောင်းမွန်နေသည့် ကညွှတ်ပင်ကို စီးပွားဖြစ်စိုက်ပျိုးပါက စတင်စိုက်ပျိုးစဉ်မှ ကညွှတ်ခုတ်ချိန်အထိ တစ်ဧက ကုန်ကျစရိတ်စုစုပေါင်း သိန်း(၂၀) ဝန်းကျင် ကုန်ကျကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM) 

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....