အစိမ်းရောင်လမ်း
စနစ်တကျစိုက်ပျိုးထုတ်လုပ်ထားသူများအတွက် အမြတ်အစွန်းရရှိနေချိန်ဖြစ်နေ

စနစ်တကျစိုက်ပျိုးထုတ်လုပ်ထားသူများအတွက် အမြတ်အစွန်းရရှိနေချိန်ဖြစ်နေ

    ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်၍ ယခုအချိန်အထိ ကာလအပိုင်းအခြားများသည် ငရုတ်ကောင်းပင်ကို စနစ်တကျစိုက်ပျိုးထုတ်လုပ်ထားသူများအတွက် အခွင့်အလမ်းအများဆုံးအချိန် ဖြစ်နေကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

ခြောက်ပေပတ်လည် ပန္နက်နဲ့ စိုက်ပျိုးထားတဲ့ ငရုတ်ကောင်းခြံဆိုရင် တစ်ဧကမှာ ငရုတ်ကောင်း အပင်ရေ ကိုးရာကျော်ဝင့်ဆံ့တယ်။ အဲ့ဒီအကျယ်အဝန်းနဲ့ အဲ့ဒီပင်ရေရှိတဲ့ ငရုတ်ကောင်းခြံတစ်ခြံဟာ စနစ်တကျလည်း ပြုစုထိန်းသိမ်းစိုက်ပျိုးထားမယ်၊ သူ့ရဲ့စိုက်ပျိုးသက်တမ်းကလည်း လေးနှစ်သားကို ရောက်ရှိနေမယ်ဆိုရင် အခုကာလပေါက်ဈေးနဲ့ တွက်ဆကြည့်လိုက်ရင် အဲ့ဒီငရုတ်ကောင်းခြံကနေ သိန်းတစ်ရာကျော်အထိ ဝင်ငွေရရှိနိုင်ပါပြီ။ အခုလို ဈေးတက်နေတဲ့ အနေအထားမှာ ငရုတ်ကောင်းပင် စနစ်တကျစိုက်ပျိုးထားသူတွေတော့ မှန်ကန်သွားတာပေါ့။

ဟု KKO-Pepper ငရုတ်ကောင်းစိုက်ပျိုးရေးနှင့် ငရုတ်ကောင်းတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရေး၏ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။

    ငရုတ်ကောင်းသီးနှံ၏ ဈေးကွက်လိုလားမှုကို ချိန်ဆစိုက်ပျိုးတတ်သူများနှင့် ဈေးကွက်ကောင်းချိန်ကို စောင့်ဆိုင်း၍ သိုလှောင်ထိန်းသိမ်းထားခဲ့သူများမှာ အမြတ်အစွန်းများ ရရှိနေပြီဖြစ်ကြောင်း သိရသည်။

အခုလောက်အထိ ငရုတ်ကောင်းဈေးတွေ မြင့်တက်တယ်ဆိုတာကလည်း ပြည်ပက တင်သွင်းရင် ကုန်ကျစရိတ်များတာကြောင့် ပြည်တွင်းလက်ကျန်တွေကိုပဲ အသုံးပြုနေတာကြောင့်ပါ။ အစကတည်းက ရေရှည်စီမံကိန်းနဲ့ ကြိုတင်တွက်ဆပြီးတော့ ငရုတ်ကောင်းကို အမှန်တကယ် သိုလှောင်ထားတဲ့ တောင်သူတွေ၊ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေအတွက်ကတော့ တကယ်ကို အမြတ်ရနေကြပြီပေါ့။

ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။

    ငရုတ်ကောင်းသည် နိုင်ငံတကာသုံး ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်ခိုင်မာမှုရှိသော်လည်း မြန်မာနိုင်ငံတွင်မူ စီးပွားဖြစ် (ဧကများစွာ) စိုက်ပျိုးထုတ်လုပ်နေသူ နည်းပါးနေသေးကြောင်း သိရှိရသည်။

3
ဦးဇော်ဝင်း

ဦးဇော်ဝင်း

လွန်ခဲ့သော ၄ နှစ် က

သြဂစ်နစ်နည်းဖြင့်ပြောဖော်ပြပေးကြပါအုဠဖော်ဖော်င်းဆန်မှုန့်နဲပေါင်းသတ်ဆေးဖော်နည်းနဲ့အသုံးပြု့ပုံလေးဖော်ပြပေးကြပါအုံး

ကျော်လှမြင့်

ကျော်လှမြင့်

လွန်ခဲ့သော ၄ နှစ် က

ဦးကျော်သောင်း

ဦးကျော်သောင်း

လွန်ခဲ့သော ၄ နှစ် က

တကယ်ကုန်ထုတ်ခဲ့တဲ့ တောင်သူတွေ မခံစားရပါဘူးဗျာ ငွေကြေးရင်းနှီးနိုင်တဲ့ ကုန်သည်ကြီးတွေပဲ ချမ်းသာကြတာပါ။

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....