အစိမ်းရောင်လမ်း
မှိုဈေးနှုန်းများကျဆင်းနေသော်လည်း ပုံမှန်စိုက်ပျိုးသူများကိုမူ ဒိုင်ဈေးမချ

မှိုဈေးနှုန်းများကျဆင်းနေသော်လည်း ပုံမှန်စိုက်ပျိုးသူများကိုမူ ဒိုင်ဈေးမချ

    မှိုထွက်နှုန်းများသည့်ရာသီဖြစ်သဖြင့် မှိုဈေးနှုန်းများ ကျဆင်းနေသော်လည်း ပုံမှန်စိုက်ပျိုးသူများကိုမူ ဒိုင်များမှ ဈေးမချကြောင်း သိရသည်။

မှိုဈေးကျမကျက မှိုရဲ့အရည်အသွေးအပေါ်လည်း အဓိကကျတယ်။ ဒါ့အပြင် သူများစိုက်စိုက် မစိုက်စိုက် ပုံမှန်စိုက်တဲ့လူတွေကတော့ ဖောက်သည်ငြိမ်တယ်လေ။ ဒိုင်နဲ့ဆက်ဆံတဲ့အခါမှာလည်း မျက်နှာနာတဲ့အခါကျတော့ ဒိုင်က တော်ရုံဈေးမချတော့ဘူး။ မစိုက်တလှည့် စိုက်တလှည့်နဲ့ ဒိုင်ကို မှိုမပို့လိုက် ပို့လိုက်လူတွေကျတော့ ဒိုင်ကနှိမ်တာပဲလေ။ ပုံမှန် စိုက်နေကြလူဆိုတော့ ဒိုင်ကတောင် မှိုမရဘူးလားလို့ လှမ်းမေးနေတာ။ ဒိုင်တွေက သိတယ်လေ။ ဘယ်သူက တစ်ခါတရံစိုက်လဲ ဘယ်သူကအမြဲတမ်းစိုက်လဲဆိုတာ။ မှိုရှားတဲ့အချိန်မှာဆိုလည်း အမြဲတမ်းစိုက်တဲ့လူတွေဆီက မှိုရထားတာမို့ မှိုပေါတဲ့ရက်မှာဆိုလည်း အနစ်နာခံပြီး ဒိုင်ကပြန်ဝယ်ပေးတာပါ။

ဟု ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှ မှိုစီးပွားဖြစ် စိုက်ပျိုးသူ ကိုဇော်မျိုးအောင်က ပြောသည်။

    ဇွန်လနောက်ဆုံးပတ်က မှိုဒိုင်သွင်းဈေးအနေဖြင့် ငွေနှင်းတစ်ပိဿာလျှင် ၂၅၀၀ ကျပ်၊ ကောက်ရိုးမှိုတစ်ပိဿာလျှင် ၆၅၀၀/၇၀၀၀ ကျပ် ဈေးရရှိခဲ့ပြီး၊ ယခုအခါ ငွေနှင်းမှိုတစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ကောက်ရိုးမှိုတစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ် ဈေးများဖြင့် လက်ကားရောင်းဝယ်နေသည်။

မှိုဈေးက ငါးရာ၊ တစ်ထောင်စီလောက် ကျနေတယ်။ မိုးလေးရွာတော့ ရာသီဥတုလေးက ကောင်းလာတော့ မှိုပျော်တဲ့ ရာသီဥတု၊ မှိုအထွက်များတဲ့ရာသီဥတုဖြစ်နေတာကိုး။ ဒီရာသီက စိုက်လို့လွယ်တာကိုး။ လွယ်တဲ့အခါကျတော့ စိုက်ကြတာပေါ့။ စိုက်ကြတော့ မှိုတွေက ပေါလာပြီး ဒိုင်ကနှိမ်တော့တာပေါ့။

ဟု ဒညင်းကုန်းဈေးမှ ကုန်စိမ်းရောင်းသူတစ်ဦးက ပြောသည်။

    ရက်တိုတိုဖြင့် အရင်းအနှီးငွေပြန်ပေါ်သည့် မှိုစိုက်ပျိုးရေးလုပ်ငန်းကို လူအများစု စိတ်ပါဝင်စားစွာ စိုက်ပျိုးလာကြပြီး၊ မြန်မာနိုင်ငံတွင် ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ကြွက်နားရွက်မှို စသည့် မှိုအမျိုးအစား (၃)ခုကို အဓိကစိုက်ပျိုးထုတ်လုပ်နေသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....