ပြည်တွင်းစပျစ်သီး ရှားပါးချိန်ဖြစ်သဖြင့် ဈေးကွက်လိုအပ်ချက်အရ ပြည်ပမှတင်သွင်းရောင်းချမှုများဖြစ်ပေါ်နေ
ပြည်တွင်း၌ စပျစ်သီးရှားပါးသည့် အချိန်ကာလဖြစ်သဖြင့် ဈေးကွက်လိုအပ်ချက်အရ ပြည်ပမှတင်သွင်းရောင်းချမှုများ ဖြစ်ပေါ်နေကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။
စပျစ်သီးက ဈေးကွက်ကောင်းတယ်။ သို့သော် အခုလိုအချိန်မျိုးဆိုရင် ပြည်တွင်းစပျစ်သီးတွေက လှိုင်လှိုင်မပေါ်သေးဘူးဆိုတော့ ကုန်သည်ပွဲစားတွေဆီမှာ တရုတ်ပြည်ဘက်ကဝင်တဲ့ စပျစ်သီးတွေပဲ အများဆုံး ရောင်းဝယ်နေကြတာတွေ့ရတယ်။ စပျစ်သီးအစိတ်သား(၂၅ ကျပ်သား) ကို လေးထောင်ကျပ်တို့ဘာတို့အထိ ဈေးကောင်းရနေတယ်။ ပြည်တွင်းဖြစ်အသီးက ဒီအချိန်မှာ အသီးမစုံသေးဘူး။ ကျွန်တော့်ခြံဆို အခုမှ အပွင့်ပွင့်ရုံရှိသေးတာ။
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အလုံရပ်ကွက်မှ စပျစ်ခြံလုပ်ငန်းလုပ်ကိုင်သူ ဦးသန်းဝင်းက ပြောသည်။
လက်ရှိဈေးကွက်အတွင်း RG-စပျစ်သီး အလုံးကြီးမျိုး ၂၅ ကျပ်သားလျှင် ၄၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ဈေးကွက်ကောင်းမွန်နေကြောင်း သိရသည်။
မြေဩဇာဈေး၊ ဆေးဖိုးတွေက နှစ်ဆနီးပါးမြင့်တက်သွားပေမယ့် စပျစ်သီးက ဈေးကွက်ကောင်းမွန်တော့ စိုက်ပျိုးနေကြတုန်းပါပဲ။ အရင်ကဆို ရမည်သင်းဘက်မှာပဲ အစိုက်များတယ်။ အခုဆို တစ်နိုင်ငံလုံးအနှံ့က စပျစ်စိုက်ပျိုးရေးကို စိတ်ဝင်စားလာတယ်။ စိုက်လို့ရတဲ့ ရေမြေဒေသတိုင်းမှာ စပျစ်သီးကို စိုက်ပျိုးလာကြမယ်ဆိုရင် ကိုယ့်ဒေသအနီးတစ်ဝိုက်မှာတင် ရောင်းချနိုင်လာမယ်။ တစ်နေရာနဲ့တစ်နေရာ သယ်ယူရတဲ့ လမ်းပန်းစရိတ်လည်း သက်သာသွားမယ်။ ဈေးကွက်လိုအပ်ချက်ကိုလည်း ဖြည့်တင်းနိုင်လာမယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့သည် ပြည်တွင်းစပျစ်သီး လှိုင်လှိုင်ပေါ်ချိန်ဖြစ်ပြီး၊ ကြားကာလ အသီးရှားပါးချိန်များတွင် ဈေးကွက်လိုအပ်ချက်အရ ပြည်ပမှစပျစ်သီးများကို ကုန်သည်ပွဲစားကတဆင့် တင်သွင်းရောင်းချနေကြသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022