အစိမ်းရောင်လမ်း
အညာဒေသရှိ စကားဝါ၊ စကားဖြူပင်ကို ရန်ကုန်တိုင်းအတွင်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လာ

အညာဒေသရှိ စကားဝါ၊ စကားဖြူပင်ကို ရန်ကုန်တိုင်းအတွင်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လာ

    အညာဒေသ ပုပ္ပါးတွင် အများဆုံးတွေ့ရှိနိုင်သည့် စကားဝါ၊ စကားဖြူပင်များကို ရန်ကုန်တိုင်းအတွင်း၌ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လာကြောင်း သိရသည်။

စစိုက်တုန်းကတော့ စီးပွားဖြစ်အနေနဲ့ မဟုတ်ဘူး။ မြဝတီဘက်ကနေ တစ်ပင်ရလာတာကို စိုက်ထားတာ။ ပန်းပွင့်လာတဲ့အခါ ဟိုလူ့ပေး ဒီလူ့ပေးနဲ့ပဲ။ ရန်ကုန်မြို့ပေါ်တက်တော့ သန်လျင်ဘက်ကအသည်တွေက တစ်ခက်ကို နှစ်ရာ၊ နှစ်ရာ့ငါးဆယ်နဲ့ အော်ရောင်းနေတာ တွေ့တော့မှ “ငါလည်း ရောင်းရင်ရတာပဲ”လို့ စဉ်းစားမိသွားတာ။ တစ်ပင်ကနေပြီး ကျန်တဲ့အပင်တွေကို ကိုင်းကူးစိုက်ပျိုးလိုက်တာပါ။ ဧကဝက်လောက် စိုက်ပျိုးထားပါတယ်။ ကော့မှူးဘက်မှာ စီးပွားဖြစ်စိုက်သူတွေလည်း ရှိနေပါပြီ။

ဟု ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာရှိ စကားပင်စိုက်ပျိုးသူ ဒေါ်သိန်းညွှန့် (ခ) ဒေါ်ပုံး က ပြောသည်။

    အညာဒေသတွင် စကားပွင့်တစ်ပွင့်လျှင် မြန်မာငွေကျပ် (၅)ကျပ်မှ (၁၀)ကျပ် အတွင်းသာ ရရှိနေသော်လည်း ရန်ကုန်တိုင်းဒေသကြီးဈေးကွက်၌မူ လက်ကားဈေး တစ်ပွင့်လျှင် (၄၀) ကျပ်မှ (၆၀) ကျပ်အထိ ရရှိနေသည်။

အညာမှာတော့ ဈေးအရနည်းတယ်။ ရန်ကုန်ဈေးကွက်မှာကတော့ ကြေးနန်းကြိုးနဲ့တွဲထားတဲ့ တစ်ခိုင် (နှစ်ပွင့်ပါ)ကို ဖောက်သည်ဈေး (၈၀) ကျပ် ထားရောင်းပေးပါတယ်။ တကယ့်ဈေးကောင်းတဲ့အခါဆို ဖောက်သည်ဈေးကို (၁၂၀) ကျပ်၊ (၁၀၀) ကျပ်နဲ့ ပေးပါတယ်။ တစ်နေ့ကို အပွင့်ရေ (၂၅၀၀) လောက်ပွင့်တယ်။ အပင်တိုင်းစေ့ အစုံပွင့်တဲ့နေ့၊ လှိုင်တဲ့ရက်ဆို အပွင့်ရေ (၃၀၀၀) ကနေ (၅၀၀၀) လောက်အထိ ပွင့်တယ်။ အပွင့်ရေ (၂၅၀၀)လောက် ပွင့်တဲ့နေ့ဆို တစ်ရက်ကို ဝင်ငွေ တစ်သိန်းကျော်ဝန်းကျင် ဝင်တယ်။

ဟု ဒေါ်သိန်းညွှန့် (ခ) ဒေါ်ပုံး က ဆက်လက်ပြောသည်။

    စကားပင်သည် အနှစ် (၆၀ - ၇၀) ဝန်းကျင်အထိ သက်တမ်းရှည်သည့် နှစ်ရှည်ပင်အမျိုးအစားတစ်ခု ဖြစ်သည်။ ကိုင်းကူးမျိုးကို စိုက်ပျိုးပါက မြေချစိုက်ပျိုးပြီးနောက် တစ်နှစ်အတွင်း အပွင့်ပွင့်နိုင်ပြီး၊ ဧပြီလမှ သြဂုတ်လအတွင်းကာလများသည် စကားပန်း ပန်းပွင့်သည့်ကာလများဖြစ်ကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

khaingzawmoe

khaingzawmoe

လွန်ခဲ့သော ၁ နှစ် က

အဲလိုကရှင်ဖို့ရာခိုင်နှုန်းနည်းပါတယ်ခင်ဗျ။ ကိုင်းကူးစိုက်တာကပိုပြီးစိတ်ချရပါတယ်ခင်ဗျ

ဇော်ရှိန်း

ဇော်ရှိန်း

လွန်ခဲ့သော ၃ နှစ် က

အပင်ကကိုင်းကိုဖြတ်ပြီးမြေမှာစိုက်ရင်ရောရှင်ပါသလား

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....