ဆောင်းနှမ်းရိတ်သိမ်းသည့်ကာလဖြစ်ပြီး အရည်အသွေးမညံ့စေရန် ဂရုတစိုက်ရိတ်သိမ်းနေရ
ဆောင်းနှမ်းရိတ်သိမ်းသည့်ကာလဖြစ်ပြီး အရည်အသွေးမညံ့စေရန် ဂရုတစိုက် အချိန်ပေးရိတ်သိမ်းနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ နှမ်းနက်စိုက်တောင်သူများထံမှ သိရသည်။
အခုမှရိတ်နေကြတုန်းပါ။ နှမ်းအစေ့အဆံ မဖြစ်သေးဘူး။ ရိတ်ပြီး ခုနှစ်ရက်လောက်နေမှ နှမ်းစေ့ရတာ။ နှမ်းစေ့က နေပူမှကွဲထွက်လာတာ။ လက်ရှိမှာတော့ ရာသီဥတုက နေသာတယ်။ နှင်းနည်းနည်းကျတယ်။ နှမ်းစေ့နဲ့အတူ ဖုန်၊ သဲ၊ ခဲ တွေမရောပါစေရအောင် ဂရုစိုက်ရိတ်သိမ်းနေကြပါတယ်။ နှမ်းပင်ခြောက်မှ ခါယူရတာမို့ နေအခြောက်လှမ်းရ၊ ခါရမှာနဲ့ တစ်လနီးပါးလောက်တော့ အချိန်ယူရဦးမယ်။ ထွက်နှုန်းနည်းတာ များတာထက် အရည်အသွေးညံ့လို့မဖြစ်ဘူး။
ဟု စစ်ကိုင်းတိုင်းမှ နှမ်းစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူ ဦးကျော်ကျော်ထွန်းက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အတော်များများ၌ ဆောင်းနှမ်းစိုက်ပျိုးကြပြီး၊ ဩဂုတ်လတွင်စတင်စိုက်ပျိုးပြီး အောက်တိုဘာလသည် ဆောင်းနှမ်း စတင်ရိတ်သိမ်းသည့် ကာလဖြစ်သည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အောက်ပိုင်းမှာ ရှိတဲ့ ယာမြေ၊ တောင်ယာမြေတွေမှာပါ နှမ်းစိုက်ပျိုးကြပါတယ်။ အခုရိတ်နေတာ ဆောင်းနှမ်းပါ။ သက်တမ်းက ငယ်တယ်။ နှစ်လခွဲနဲ့ ရိတ်သိမ်းရတဲ့ သီးနှံပါ။ မိုးနှမ်းက မိုးဦးကျချိန် စိုက်ကြပါတယ်။ နှမ်းက အသက်ငယ်တော့ တောင်သူတွေအတွက် ပြုစုရတာ အချိန်တိုအတွင်း ငွေပေါ်လည်းမြန်ပါတယ်။ ကုန်ကျစရိတ်ကလည်း အချိန်တိုအတွင်း အပြေးအလွှား အရင်းအနှီး ထည့်ကြရတာပဲ။ ရှုံးတာမြတ်တာတော့ ကံတရားအတိုင်းပေါ့။ နှစ်တိုင်းဒီလိုပဲ မိရိုးဖလာတောင်သူအလုပ် လုပ်နေကြတာဆိုတော့ သိပ်အဆန်းကြီး မဟုတ်ကြတော့ဘူး။
ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာမှ နှမ်းစိုက်တောင်သူဦးဟန်ထွန်းက ပြောသည်။
နှမ်းစိုက်ပျိုးရာတွင် ရာသီဥတုအပေါ်မူတည်၍ နေရာဒေသအလိုက် ထွက်နှုန်းနှင့် ဈေးကွက်ကွာခြားချက်ရှိနိုင်ပြီး စစ်ကိုင်းတိုင်းအတွင်း နှမ်းနက်စမုံ (၃) တင်းတစ်အိတ်လျှင် ကျပ် (၂၀၀,၀၀၀) ဝန်းကျင်ပေါက်ဈေးရှိနေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သူဇာလင်း
လွန်ခဲ့သော ၅ နှစ် ကနှမ်းဘယ်စျးရှိလဲဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022