လီလီပန်းဈေးနှုန်းများ မြင့်တက်လာသော်လည်း ဈေးကွက်အနေအထားအရ အမြတ်အစွန်းသိပ်မကျန်
လီလီပန်း တစ်ပွင့်တစ်ခိုင်ဈေးနှုန်းများ မြင့်တက်လာသော်လည်း ဈေးကွက်အနေအထားအရ အမြတ်အစွန်းသိပ်မကျန်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ရှိ ဒေသခံစိုက်ပျိုးသူများထံမှ သိရသည်။
လီလီပန်းဈေးကွက်အခြေအနေက လောလောဆယ်တော့ ဈေးကွက်ကကောင်းတယ်။ ပန်းဝယ်မယ့်သူက နည်းနေတယ်။ စိုက်ပျိုးသူလည်း နည်းသလို အသုံးပြုသူလည်း နည်းလာတယ်။ ဒါပေမဲ့ ပန်းဈေးကတော့ အရင်ထက် တက်နေတယ်။ ပန်းတစ်ပွင့်ချင်းဈေးနှုန်းမှာကို သုံးရာလောက်စီ ဈေးတက်သွားတယ်။ လီလီပန်းဈေးတွေ တစ်ခုနဲ့တစ်ခုမတူတာက အရောင်နဲ့တော့မဆိုင်ဘူး။ သူ့မျိုးကွဲနဲ့တော့ ဆိုင်တယ်။ အနံ့ပါတဲ့မျိုး မပါတဲ့မျိုးပေါ်မူတည်တယ်။
ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ရှိ လီလီပန်းစိုက်ပျိုးရေးလုပ်ကိုင်သူ ဦးအောင်ကျော်က ပြောသည်။
လီလီပန်းမှာ အနံ့ပါသည့်မျိုးနှင့် အနံ့မပါသည့်မျိုးဟူ၍ (၂)မျိုးရှိပြီး၊ အနံ့ပါသည့် ပန်းမျိုးမှာ တစ်ခက်လျှင် (၁၆၀၀) ကျပ်ပေါက်ဈေးရှိခဲ့ရာမှ ယခုအခါ တစ်ခက်လျှင် (၁၉၀၀) ကျပ်သို့၊ အနံ့မပါသည့် ပန်းမျိုးမှာ တစ်ခက်လျှင် (၁၃၀၀) ကျပ်ဖြင့် ရောင်းချခဲ့ရာမှ ယခုအခါ တစ်ခက်လျှင် (၁၆၀၀) ကျပ်အထိ ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။
စိုက်ပျိုးမှုတွေနည်းသွားလို့ ရှားလာလို့ ဈေးတက်တာတော့မဟုတ်ဘူး။ စိုက်ပျိုးမှုက ပုံမှန်ထက်နည်းနည်းပဲ လျော့စိုက်ထားတာ။ ဝယ်လက်နဲ့ချိန်ပြီး စိုက်ရတာပေါ့နော်။ လီလီပန်းတွေကို အိမ်အရောက်ပို့ ရောင်းချတဲ့အခါ အခုလိုကိုဗစ်ကာလမှာ ရောင်းရတဲ့အခါလည်းရှိတယ်၊ မရောင်းရတဲ့အခါလည်းရှိတယ်။ မှာယူတဲ့အချိန်မှာ သွားပို့လို့မရတာမျိုးလည်း ရှိတယ်။ ဒါ့ကြောင့် အခုလောက် ဈေးနှုန်းတွေတက်လာပေမယ့်လည်း သိပ်ပြီးမကိုက်ပါဘူး။ ဈေးနှုန်းက တက်တယ်။ သို့သော်လည်း အကျိုးအမြတ်က အတူတူလောက်ပဲ သွားကျတယ်။ ပန်းက အကြာကြီးထားလို့မှ မရတာ။ အပင်ပေါ်မှာလည်း ကြာကြာထားလို့မရဘူး။ ပွင့်သွားရင် ရောင်းလို့မရတော့ဘူးလေ။
ဟု ၎င်းက ဆက်လက်ပြောသည်။
လီလီပန်းသည် စတင်စိုက်ပျိုးပြီး (၂) လခွဲမှ (၃) လအတွင်း ပန်းပွင့်ကာ ဈေးကွက်တင်ပို့ရောင်းချနိုင်သည့် ပန်းအမျိုးအစားတစ်ခုဖြစ်ပြီး၊ အရောင်အဆင်းလှပခြင်း၊ တာရှည်အထားခံခြင်း၊ ပွဲလယ်တင့်ခြင်း စသည့်ကောင်းခြင်းများကြောင့် အလှူမင်္ဂလာပွဲများနှင့် ဘုရားပန်းလှူဒါန်းရာတွင် လူကြိုက်များထင်ရှားခြင်းဖြစ်သည်။
နန်းမြတ်မြတ်ဖွေးး
လွန်ခဲ့သော ၃ နှစ် က😘😘😘
Dattaw Sayadaw
လွန်ခဲ့သော ၅ နှစ် ကThis 's a good idea.
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022