အစိမ်းရောင်လမ်း
ကွမ်းခြံများရေနှစ်မြှုပ်ခြင်းကြောင့် ကွမ်းဈေး အဆမတန်မြင့်တက်လာနိုင်ဖွယ်ရှိ

ကွမ်းခြံများရေနှစ်မြှုပ်ခြင်းကြောင့် ကွမ်းဈေး အဆမတန်မြင့်တက်လာနိုင်ဖွယ်ရှိ

    ဧရာဝတီတိုင်းအတွင်းရှိ ကွမ်းခြံများရေနှစ်မြှုပ်ခြင်းကြောင့် ကွမ်းဈေးများ အဆမတန်မြင့်တက်လာနိုင်ကြောင်း ကွမ်းရောင်းဝယ်နေသူများမှ သိရသည်။

    သြဂုတ်လ (၃)ရက်နေ့အထိ ကွမ်းဈေးများအရ ကွမ်းစိမ်းတစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ အထိ ပေါက်ဈေးရှိနေသည်။

ကွမ်းဈေးတွေ တက်လာပါပြီ။ ဘာဖြစ်လို့ ဈေးတက်တာလဲဆိုရင် ခြံတွေလည်း မနည်း ရေမြှုပ်ကုန်ကြပြီလေ။ မိုးများလေ၊ ရေတက်လေ၊ ဧရာဝတီကွမ်းဈေး (မြန်မာနိုင်ငံအောက်ပိုင်းကွမ်းဈေး) တက်လေပါပဲ။

ဟု ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ မှော်သေးကျေးရွာမှ ကွမ်းစိုက်တောင်သူ ကိုထွန်းထွန်းက ပြောသည်။

    ကွမ်းခြံများ ရေနှစ်မြှုပ်မှုကို ဧရာဝတီတိုင်းရှိတောင်သူအများ နှစ်စဉ်ကြုံတွေ့နေရသော်လည်း ၂၀၂၀ ခုနှစ်တွင် ခြံပျက်စီးဆုံးရှုံးမှု ပိုများကြောင်း သိရသည်။

ရေကတော့ ဒီအချိန်က ရေကြီးနေကြပါ။ ဒီနှစ်က မနှစ်ကထက် ရေပိုကြီးပါတယ်။ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ မြစ်တန်းဒေသတဝိုက်မှာ  အိမ်ရှေ့ရေက ခါးလောက်အထိ တက်နေတာပါ။ အပင်ထွက်နှုန်းကျ၊ ရေကမြှုပ်၊ အခုအချိန်က အောက်မြန်မာပြည်ကွမ်းနဲ့ အထက်မြန်မာပြည်ကွမ်း စပ်ကူးမတ်ကူးအချိန်လေ။ အောက်ကွမ်းကလည်း လိုသလောက်မထွက်၊ အပေါ်ကွမ်းကလည်း ကုန်ချိန်နည်းတော့ သြဂုတ်လအတွက် ကွမ်းဈေးကတော့ အတက်ဘက်ကြီးပါပဲ။

ဟု ကိုထွန်းထွန်းက ဆက်လက်ပြောသည်။

    ၂၀၂၀ ခုနှစ် သြဂုတ်လ တစ်လတာအတွင်း၊ မြန်မာနိုင်ငံအတွက် မိုးလေဝသခန့်မှန်းချက်များအရ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့သည် မိုးအနည်းဆုံးဒေသများဖြစ်ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းတို့မှာ မိုးရေချိန် အလယ်အလတ်နှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့၌ မိုးများနိုင်ခြေရှိကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကိုမျိုးဝေ

ကိုမျိုးဝေ

လွန်ခဲ့သော ၅ နှစ် က

ဘယ်လိုလုပ်ရမှာလဲဗျ

ကိုမျိုးဝေ

ကိုမျိုးဝေ

လွန်ခဲ့သော ၅ နှစ် က

မူှိးရောဂါ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....