သံပုရာသီးဈေးကွက် ပုံမှန်အရောင်းအဝယ်လည်ပတ်လျက်ရှိနေ
ကိုဗစ်ကာလအတွင်း သီးနှံဈေးကွက်များ ကျဆင်းမှုကြုံတွေ့နေရသော်လည်း သံပုရာသီး လက်လီ/လက်ကားဈေးကွက်အားလုံးမှာ ပုံမှန်အတိုင်း အရောင်းအဝယ်လည်ပတ်လျက်ရှိနေကြောင်း နေပြည်တော်ရှိ သံပုရာခြံများမှ သိရသည်။
သံပုရာသီးကတော့ ရောင်းရပါတယ်။ ဈေးနှုန်းက အရမ်းကြီးတော့ မကောင်းဘူးပေါ့။ ဒီ နေပြည်တော်ဘက်မှာကျတော့ စားသောက်ဆိုင်တွေကို တိုက်ရိုက်ပို့တာလေ။ အဲ့ဒီလို လက်ကားဈေးကွက်ကတော့ ပုံမှန်အတိုင်း အမြဲရောင်းနေရတယ်။ ရန်ကုန်ကိုလည်း ကျွန်တော်တို့ဆီကနေ တင်ပို့ပေးနေရပါတယ်။ ရန်ကုန်ကတော့ အမြဲတမ်းမှာယူကြတယ်။ ရန်ကုန်ကနေ မှာယူသူတွေက ကျွန်တော့်သံပုရာသီးတွေကို လက်လီဈေးကွက်မှာ ပြန်ရောင်းကြတယ်။
ဟု နေပြည်တော်ရှိ ပြည့်ဝသံပုရာခြံမှ စီမံအုပ်ချုပ်သူ ကိုပြည့်ဝက ပြောသည်။
ကိုဗစ်ကာလဖြစ်သဖြင့် ဟင်းချက်စားဖွယ်ရာများကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချနေကြရာတွင် ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် သံပုရာသီးများကိုပါ ထည့်သွင်းမှာယူနေကြခြင်း ဖြစ်သည်။
ကျွန်တော့်ဆီက လှမ်းပြီးတော့အော်ဒါမှာနေတဲ့ ရန်ကုန်ဝယ်လက်တွေက မီးဖိုချောင်သီးနှံတွေ စားဖွယ်တွေကို အိမ်အရောက်ပို့စနစ်တွေနဲ့လည်း ရောင်းချကြတယ်။ သူတို့ဆီက Customer တွေက မှာတဲ့အခါ တခြားသီးနှံ ဟင်းချက်အမယ်တွေနဲ့အတူ သံပုရာသီးကိုလည်း ထည့်မှာကြတယ်လေ။ အခုလို ကိုဗစ်ကာလကတော့ အိမ်အရောက်ပို့ ဈေးဝယ်စရာမှာယူတဲ့အခါမှာ သံပုရာသီးကတော့ မပါမဖြစ် မှာနေကြဟန်တူပါတယ်။ ကျွန်တော့်ခြံကနေ သံပုရာသီးတွေကို လတိုင်း အော်ဒါလှမ်းမှာယူကြပါတယ်။
ဟု ကိုပြည့်ဝက ဆက်လက်ပြောသည်။
ရှေးယခင်အခါက သံပုရာသီးများကို မိုးရာသီတွင် ပေါများပြီး၊ နွေရာသီတွင် အသီးရှားပါးခြင်းများ ကြုံတွေ့ခဲ့ကြသည်။ အခုနောက်ပိုင်းကာလများတွင်မူ သံပုရာသီးတွေကို တစ်နှစ်ပတ်လည်နီးပါး သီးအောင် စိုက်ပျိုးလာကြောင်း သိရသည်။
မေဇင်ထွန်း
လွန်ခဲ့သော ၄ နှစ် ကမှန်ဘီလူးပုံနေရာလေးမှာ သံပုရာလို့ရိုက်ရှာရင် စိုက်ပျိုးနည်းတွေ့ရပါလိမ့်မယ်။
ကိုသန်းဝင်းလှိုင်
လွန်ခဲ့သော ၅ နှစ် ကသံပုရာသီး စိုက်ချင်ပါတယ် နည်းလမ်းလေးများ ပြောပြလမ်းညွှန်ပေးပါခင်ဗျ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....