အိမ်နီးချင်းနိုင်ငံများရဲ့ အထွက်နှုန်းကျဆင်းမှု ပျက်စီးဆုံးမှုများကြောင့် မြန်မာ့ကော်ဖီဈေးကွက်လိုလားမှုမြင့်တက်
ဈေးကွက်ခိုင်မာမှုရှိသည့် ကော်ဖီသီးနှံကို တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။
တောင်သူတွေအနေနဲ့ နောက်ပိုင်း ထည့်သွင်းစဥ်းစားသင့်တဲ့ သီးနှံအမျိုးအစားထဲမှာ ကော်ဖီသီးနှံလည်း ပါဝင်ပါတယ်။ အခုကာလမှာ တောင်သူတွေအရှုံးပေါ်ကြတာက စိုက်ပျိုးရေးပိုင်းမှာထက် ဈေးကွက်မှာ ရှုံးနေတာပါ။ တောင်သူအများစုက ဘာလို့ဈေးကွက်အရှုံးပေါ်နေလဲဆိုရင် ဈေးကွက်တောင့်တင်းခိုင်မာမှုမရှိတဲ့ သီးနှံတွေနဲ့ သိုလှောင် သိမ်းဆည်းထားလို့မရတဲ့သီးနှံတွေကို စိုက်ပျိုးမိသွားလို့ပါ။
ဟု ကော်ဖီစိုက်ပျိုးရေးအထူးပြု ပညာရှင် ဦးစောရန်နိုင်စိုးက ပြောသည်။
စိုက်ပျိုးသီးနှံအများစုမှာ တာရှည်သိုလှောင်၍ မရသည့်အတွက် ဈေးကွက်မကောင်းချိန်ဖြစ်သော်လည်း ရရာဈေးနှုန်းများဖြင့် အလျဉ်းသင့်သလို ရောင်းချပစ်လိုက်ရတတ်သည်။
ကော်ဖီသီးနှံကတော့ တကယ်တမ်းစနစ်တကျ သိုလှောင်ထားမယ်ဆိုရင် သုံးနှစ်၊ ငါးနှစ်အထိ ပြဿနာမရှိဘူး။ အဲ့ဒီအတွက်ကြောင့် တောင်သူနဲ့ ကုန်သည်ပွဲစားတွေကြားမှာ တောင်သူတွေဆီမှာ အားသာတာပေါ့နော်။
ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံမှ ကော်ဖီကို Export ဈေးကွက်အနေဖြင့် အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇလန် စသည့် နိုင်ငံကြီးများသို့ နှစ်စဉ် တင်ပို့ရောင်းချနေသည့်အပြင် ယခုနှစ်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံရှိ ကော်ဖီစိုက်ခင်းများ အထွက်နှုန်းကျဆင်းခြင်း၊ တရုတ်နိုင်ငံ(ယူနန်ပြည်နယ်အနီးတစ်ဝိုက်ရှိ) ကော်ဖီစိုက်ခင်းများ မိုးများ၍ ပျက်စီးဆုံးရှုံးခြင်းတို့ကြောင့် မြန်မာ့ကော်ဖီမှာ ဈေးကွက်လိုလားမှု ပိုမိုမြင့်မားခဲ့ကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....