အစိမ်းရောင်လမ်း
မြန်မာ့အာလူးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကိုရှေးရှု၍ အာလူးမျိုးသစ်တင်သွင်း

မြန်မာ့အာလူးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကိုရှေးရှု၍ အာလူးမျိုးသစ်တင်သွင်း

    မြန်မာနိုင်ငံ အာလူးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကို ရှေးရှုလျက်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိဒေသများနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော အာလူးမျိုးသစ်ကို နယ်သာလန်နိုင်ငံမှ မှာယူတင်သွင်းခဲ့ကြောင်း သိရသည်။

    အဆိုပါ အာလူးမျိုးသစ်ကို RUMBA ဟု အမည်ခေါ်ဆိုပြီး၊ Naung Ta Yar Potato Group Co., ltd၊ နောင်တရားအာလူးအသင်းမှ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အာလူးမျိုးသစ်ကို နယ်သာလန်နိုင်ငံ EUROPLANT Co., ltd ကနေ မှာယူတင်သွင်းခဲ့တာပါ။ မြန်မာနိုင်ငံကို ဇန်နဝါရီ ၂၄ ရက်နေ့က အောင်မြင်စွာရောက်ရှိပါတယ်။ နဂိုက စိုက်ပျိုးနေတဲ့ အာလူးမျိုးတွေအပြင် အသစ်တင်သွင်းတာပါ။ ပြည်တွင်းမှာ လက်ရှိ ပုံမှန်စိုက်နေတာကတော့ ငါးမျိုးလောက်ရှိတယ်။ တရုတ်အာလူးမျိုးက တစ်မျိုး၊ နယ်သာလန်က နှစ်မျိုး၊ အိန္ဒိယမျိုးကတစ်မျိုး စိုက်နေတယ်။ အခုတင်သွင်းတဲ့ အာလူးမျိုးကတော့ မိုးရာသီ ရာသီဥတုဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိမယ်။ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်း ဒေသရာသီဥတုနဲ့လည်း ကိုက်ညီမယ်လို့ ယူဆပြီး တရားဝင်တင်သွင်းလိုက်တာပါ။

ဟု ရှမ်းပြည်နယ်တောင်ပိုင်းရှိ နောင်တရားအာလူးအသင်းဥက္ကဌ ဦးခွန်ဆန်းဦးက ပြောသည်။

    ယခုတင်သွင်းသည့် အာလူးမျိုးသစ်သည် ကြော်အာလူး (ကြော်စားသည့် အာလူး) အမျိုးအစားဖြစ်ပြီး၊ မိုးရာသီတွင် အာလူးစိုက်ပျိုးသောတောင်သူများနှင့် အာလူးကြော်လုပ်ငန်းအတွက် ရည်ရွယ်တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

နောင်တရားဒေသမှာ စမ်းသပ်ကွက်နဲ့တော့ စမ်းသပ်စိုက်ပျိုးကြည့်ပြီးပါပြီ။ ကျွန်တော်တို့ စမ်းသပ်ထားကြည့်သလောက်ကတော့ ဒီအာလူးမျိုးသစ်က အာလူးပင်တွေမှာ ဖြစ်ပွားတတ်တဲ့ လောင်မဲရောဂါနဲ့ ပင်ညိုးရောဂါတွေကို အတော်အသင့်ခံနိုင်ရည်ရှိတာကို တွေ့ရှိရပါတယ်။ အာလူးကြော်ရာမှာ အကြော်ခံတဲ့ အာလူးအမျိုးအစားလည်းဖြစ်တယ်။

ဟု ဦးခွန်ဆန်းဦးက ဆက်လက်ပြောသည်။

    အဆိုပါ အာလူးမျိုးသစ် RUMBA မှာ အရည်အသွေးကောင်းမွန်ပြီး၊ အရွယ်အစားမှာ ညီညာမှုရှိခြင်း၊ မျက်နှာမှာချောမွေ့မှုရှိ၍ မျက်စိတိမ်ခြင်း၊ အထွက်နှုန်း အထူးကောင်းမွန်ခြင်း၊ မြန်မာ့ဈေးကွက်နှင့်ကိုက်ညီမှုရှိခြင်း စသည့် အားသာချက်များရှိကြောင်း သိရသည်။

    ယင်း RUMBA အာလူးမျိုးသစ်ကို (၂၅) တန်ဆန့် ကွန်တိန်နာတစ်ပုံး အလေးချိန် (၁၅,၀၀၀) မှာယူတင်သွင်းခဲ့ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....