အစိမ်းရောင်လမ်း
ချင်းပြည်နယ်၊ မင်းတပ်ဒေသ၌ ကော်ဖီ-ထောပတ် ရောနှောစိုက်ပျိုးမှု စတင်လုပ်ဆောင်နေ

ချင်းပြည်နယ်၊ မင်းတပ်ဒေသ၌ ကော်ဖီ-ထောပတ် ရောနှောစိုက်ပျိုးမှု စတင်လုပ်ဆောင်နေ

    ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်း၌ ကော်ဖီ-ထောပတ် ရောနှောစိုက်ပျိုးမှု စတင်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ထောပတ်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (မင်းတပ်မြို့နယ်) မှ သိရသည်။

ကျွန်တော်တို့ အခုစလုပ်နေတာက ထောပတ်တစ်တန်း၊ ကော်ဖီတစ်တန်း ထားစိုက်တာပေါ့။ ရည်ရွယ်ချက်ကဘာလဲဆိုတော့ ကိုယ့်မြေတစ်ဧကရှိရင် ဒီမြေထဲကနေ သီးနှံနှစ်မျိုး ထွက်တာပေါ့နော်။ ရောနှောစိုက်ခင်းပေါ့နော်။ ကော်ဖီလည်း တစ်ဧကရမယ်။ ထောပတ်လည်း တစ်ဧကရမယ်။ နောက်တစ်ခုက ထောပတ်ရဲ့အရိပ်ကလေးတွေက ကော်ဖီအတွက် အရိပ်ရစေတယ်လေ။ ထောပတ်ကလည်း သုံးနှစ်ဆိုသီးတယ်။ ကော်ဖီလည်း သုံးနှစ်ဆို သီးတယ်။

ဟု မြန်မာနိုင်ငံ ထောပတ်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း (မင်းတပ်မြို့နယ်) ၏ ဒုတိယဥက္ကဌ ဦးကီးဟုန်းက ပြောသည်။

    ထောပတ်ပင်ကို ပင်ကြား (၁၅) ပေ၊ တန်းကြား (၂၅) ပေ ထားစိုက်ပြီး ကော်ဖီပင်ကို ကြားညှပ်စိုက်ပျိုးကာ (၂) သီးစား စိုက်ပျိုးကြခြင်း ဖြစ်သည်။

တပြိုင်နက်တည်းလည်း တွဲစိုက်ကြတယ်။ ထောပတ်ကို အရင်စိုက်ပြီး သုံးနှစ်လောက်နေမှ ကော်ဖီပင်ကို ကြားညှပ်စိုက်သူလည်း စိုက်ကြတယ်။ အသင်းအဖွဲ့အနေနဲ့လည်း နည်းစနစ်လေးတွေ အိုင်ဒီယာလေးတွေပေးတယ်။ စိတ်ဝင်စားတဲ့တောင်သူတွေလည်း လိုက်ပြီးတော့ လုပ်ကြတာပေါ့နော်။

ဟု ဦးကီးဟုန်းက ဆက်လက်ပြောသည်။

    ချင်းပြည်နယ်တောင်ပိုင်းရှိ ကော်ဖီ-ထောပတ် ရောနှောစိုက်ခင်းများကို မင်းတပ်၊ ကန်ပက်လက် အစရှိသည့် ဒေသတချို့၌ လုပ်ဆောင်နေသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

နွား/ကြက်ချည်းဖြင့်မြေဆွေးလုပ်တဲ့အခါမှာ ချပိုးတွေလာတဲ့အတွက် ချဆေးဖြူးပေးရတယ် အဲဒါ အပင်အကျိုးပြုဇီဝပိုးတွေရောသေး‌ေစနိုင်သလား

Sawdohhtoo • ဖြေကြားချက် 0 ခု

ပဲခူးတိုင်းနှင့်ဧရဝတီတိုင်းတွင်နှစ်ရှည်သစ်မာပင်စိုက်ပျိုးနည်းစနစ်အကြောင်းသိချင်ပါတယ်

Myat lin Oo • ဖြေကြားချက် 0 ခု

🌱 တောင်သူဦးကြီးများအတွက် သီးနှံအားကောင်းစေမယ့် အပင်အာဟာရဖော်မြူလာ 🌱 💚 UNİCORN – Nito Finn & Nito Max 💚 “အပင်ကောင်းမှ… အသီးအနှံကောင်းမယ်” 🌿 🌱 Nito Finn – STEM CELL BIOSTIMULANTS အပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး အပင်သန်မာစွာ ကြီးထွားနိုင်ရန် ကူညီပေးတဲ့ Biostimulant အမျိုးအစားဖြစ်ပါတယ်။ 🥬 Nito Max – BIOSTIMULANTS အပင်ရဲ့ အာဟာရအသုံးချနိုင်မှုနဲ့ သီးနှံဖွံ့ဖြိုးမှုကို အားပေးရန် ရည်ရွယ်ထားတဲ့ Biostimulant ဖြစ်ပါတယ်။ ✨ တောင်သူများအတွက် မျှော်မှန်းနိုင်သော အကျိုးကျေးဇူးများ ✅ အပင်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း ✅ အပင်သန်မာကျန်းမာစွာ ဖွံ့ဖြိုးရန် ကူညီခြင်း ✅ အပင်၏ အာဟာရအသုံးချနိုင်မှုကို အားပေးခြင်း ✅ အပွင့်၊ အသီး ဖွံ့ဖြိုးမှုကောင်းမွန်စေရန် အထောက်အကူပြုခြင်း ✅ သီးနှံအရည်အသွေးကောင်းမွန်စေရန် အထောက်အကူပြုခြင်း 🌾 စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် အပင်အခြေအနေအလိုက် အသုံးချနိုင်ပါသည်။ 💬 တောင်သူဦးကြီးတို့ရေ… သီးနှံကောင်းဖို့ မြေ၊ ရေ၊ အာဟာရနဲ့အတူ အပင်ရဲ့ သဘာဝကြီးထွားမှုကို အားပေးဖို့လည်း အရေးကြီးပါတယ်။ 🌱 Nito Finn + Nito Max — သီးနှံကောင်းဖို့ တောင်သူ့အဖော်ကောင်း 🇲🇲☎️09787471142 ကိုထိုက်

ko htike • ဖြေကြားချက် 1 ခု

အညွန့်စား ဖရုံဆိုပြီး စိုက်တာ အသီးတွေသီးပြီး အညွန့်အားနည်းသွားတယ် တချို့အသီးတွေ အချင်း ၈လက်မခန့်ရှိနေပြီ အညွန့်သန်ဖို့အကုန်ခူးပစ်လိုက်ရမလား ခင်ဗျာ

zaw • ဖြေကြားချက် 1 ခု

ဂန္ဓမာမြနှင်းပုလဲအတွက် စိုက်ပျိုးကာလများအလိုက်ပြောပြပေးပါ မီးမထွန်းဘဲစိုက်ရတဲ့ကာလလေးရောသိချင်ပါတယ်ရှင့် မြနှပုလဲအကြောင်းစုံသိပါရစေရှင့်

Ma Tin Nilar Htun • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....