အစိမ်းရောင်လမ်း
ရုံးပတီသီးပင်သည် အပင်ငယ်စဉ်မှ အသီးထွက်ပြီးချိန်အထိ ဂရုစိုက်ပေးရသည့်သီးနှံပင်ဖြစ်

ရုံးပတီသီးပင်သည် အပင်ငယ်စဉ်မှ အသီးထွက်ပြီးချိန်အထိ ဂရုစိုက်ပေးရသည့်သီးနှံပင်ဖြစ်

    ရုံးပတီသီးပင်သည် အပင်ငယ်စဉ်ကာလမှစ၍ အသီးထွက်ပြီးသည့်အချိန်အထိ ဂရုစိုက်ပေးနေရသည့် သီးနှံပင်အမျိုးအစားဖြစ်ကြောင်း စိုက်ပျိုးသူများထံမှ သိရသည်။

ကျွန်တော်က ခရမ်းချဉ်သီးပင်၊ ငရုတ်သီးပင်နဲ့ ရုံးပတီသီးပင်တွေကို အဓိကစိုက်ပျိုးပါတယ်။ ရုံးပတီသီးပင်ရဲ့စိုက်သက်တမ်းကတော့ (၄၅) ရက်ကြာပါတယ်။ အပင်ပေါက်ပြီး ၃/၄ ရက်လောက်ကြာတာနဲ့ ပိုးကျရောက်မှု ရှိတတ်တာမို့ အပင်ငယ်စဉ်ကနေ ကြီးသည်အထိ ဂရုစိုက်ပေးဖို့ လိုအပ်တဲ့အပင်ပါ။ ရာသီဥတုဖောက်ပြန်တဲ့အခါ စုပ်စားပိုးတွေကျတတ်ပါတယ်။ အဲ့ဒီလိုကာလမျိုးတွေမှာ ပိုပြီးတော့ ဂရုစိုက်ပေးရတယ်။ မိုးရာသီမှာ ပိုးကျရောက်မှုများတတ်ပါတယ်။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ညောင်ပင်ရွာမှ သီးနှံစုံစိုက်ပျိုးသူ ကိုစိုးမိုးအောင် က ပြောသည်။

    ရုံးပတီသီးပင်များကို ဇွန်၊ ဇူလိုင်လ မိုးဦးကျချိန်တွင် စတင်စိုက်ပျိုးလေ့ရှိကြပြီး စိုက်ပျိုးပြီး (၄)ရက်/(၅)ရက်အကြာတွင် အပင်စတင်ပေါက်ကာ၊ စိုက်ပျိုးပြီး (၁၅) ရက်ကနေ ရက် (၂၀) သားဝန်းကျင်မှစ၍ ဒေသအလိုက် ရာသီဥတုအခြေအနေအပေါ် မူတည်ပြီး မြေဩဇာကို လိုအပ်သလို ကျွေးမွေးပေးရကြောင်း သိရသည်။

မစိုက်ပျိုးခင်မှာ အရင် ရေခံလိုက်တယ်။ မျိုးစေ့ချပြီး၊ ဘောင်အုပ်ပြီး၊ အပင်ပေါက်ပြီးချိန်မှာ မြေအနေအထားနဲ့ အပင်ပေါ်မူတည်ပြီး ရေထပ်သွင်းပေးပါတယ်။ (၄၅) ရက်အတွင်းမှာဆိုရင်တော့ ရေ (၄) ကြိမ်လောက် သွင်းပေးရပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။  

    ပလတ်စတစ်အုပ်စနစ်ဖြင့် ရုံးပတီသီးပင် တစ်ဧကစိုက်ပျိုးပါက စိုက်ပျိုးစရိတ်ပျမ်းမျှ ကျပ် (၃) သိန်းကျော် ကုန်ကျကြောင်းသိရသည်။

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....