တောင်ကြီးမြို့အနီးတဝိုက်၌ ငွေနှင်းမှိုစိုက်ပျိုးမှုများပြားပြီး ကောက်ရိုးမှိုစိုက်ပျိုးသူ မရှိသလောက်ရှားပါး
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးတဝိုက်၌ မှိုစိုက်ပျိုးရေးလုပ်ကိုင်သူ များပြားသော်လည်း ငွေနှင်းမှိုစိုက်ပျိုးသူများပြားပြီး ကောက်ရိုးမှိုစိုက်ပျိုးသူများ မရှိသလောက် နည်းပါးကြောင်း သိရသည်။
ကောက်ရိုးမှိုက စိုက်တဲ့သူ မရှိသလောက်ဖြစ်နေတယ်ဗျ။ ရာသီဥတု အတက်အကျမြန်တာရယ် ကုန်ကြမ်းရှားလာတာရယ်ကြောင့်မလို့ ထင်တယ်ဗျ။ ကောက်ရိုးမှိုစိုက်တဲ့အခါ ဒီဒေသမှာက နွားချေးသုံးကြတာများတယ်ဗျ။ နွားချေးက ရှားလာတယ်လေ။ ဗေဒါကျတော့လည်း နေရာတိုင်းမရနိုင်ဘူးဗျ။ ငွေနှင်းမှိုကိုတော့ တောင်ကြီးအနီးအနားဒေသတွေမှာ တော်တော်များများစိုက်ကြတယ်ဗျ။ ကုန်ချောအနေနဲ့က ငွေနှင်းမှိုကို မှိုဆီကြော်လုပ်ကြတယ်ဗျ။
ဟု ရှမ်းပြည်နယ်တောင်ပိုင်၊း တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့မှ ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်နေသူ ကိုပြည့်မြတ်နိုးက ပြောသည်။
၎င်းဒေသတွင် ငွေနှင်းမှိုတစ်ပိဿာလျှင် ဒိုင်သွင်းဈေး ၂၅၀၀ ကျပ်၊ ကောက်ရိုးမှိုတစ်ပိဿာလျှင် ဒိုင်သွင်းဈေး ၅၅၀၀ ကျပ်၊ ၆၀၀၀ ကျပ် စျေးနှုန်းများဖြင့် ရောင်းချနေကြကြောင်း သိရသည်။
ထွက်နှုန်းက ဒီအချိန်များတယ်ဗျ။ အခုလက်ရှိ ဒေသမှို (သဘာဝမှို) တွေ အထွက်များတာကော စိုက်ခြံများလာတာကောပါမယ်ထင်တယ်။ စျေးက အရင်လောက်မရတော့ဘူးဗျ။ ထွက်လာတဲ့ ငွေနှင်းမှိုတွေကိုလည်း တောင်ကြီးကိုပဲ တင်ပို့ကြတာများတယ်ဗျ။ တချို့တော့ နီးစပ်ရာစျေးပဲပို့ကြတယ်ဗျ။
ဟု ကိုပြည့်မြတ်နိုး ဆက်လက်ပြောသည်။
ပထမအကြိမ် ရှမ်းပြည်နယ်တောင်ပိုင်း မှိုစိုက်ပျိုးမွေးမြူသင်တန်းကို ၂၀၁၈ ခုနှစ် မေလက တောင်ကြီးမြို့ (အေးသာယာ) ၌ ကျင်းပခဲ့ပြီး သင်တန်းသား (၂၈)ဦးတက်ရောက်ခဲ့သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ထွန်းခိုင်
လွန်ခဲ့သော ၅ နှစ် ကကောက်ရိုး မှိုစိုက် နည်းလည်းသိချင်လို့ပါ ခဗျာ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022