နိုင်ငံတော်နှင့်ဘဏ်များမှ ထိုက်သင့်သည့် ချေးငွေရရှိစေရေး မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ကြိုးပမ်းမည်
နိုင်ငံတော်နှင့်ဘဏ်များမှ ထိုက်သင့်သည့် ချေးငွေရရှိစေရေး မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ကြိုးပမ်းမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။
COVID-19 အလွန်ကာလတွင် ပြောင်းကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ပြည်တွင်းမွေးမြူရေးကဏ္ဍအတွက် လိုအပ်ချက်ပြည့်မီစွာ ရောင်းချနိုင်စေရန်၊ နယ်စပ်ကုန်သွယ်ရောင်းချမှုများတွင် ဘဏ်များမှတစ်ဆင့် စနစ်တကျ ငွေပေးချေနိုင်စေရန်၊ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်စေရန် စသည့် ကိစ္စရပ်များအတွက် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ကြိုးပမ်းဆောင်ရွက်နေပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်ဘက်ကနေ ထိုက်သင့်တဲ့ချေးငွေတွေ ဖန်တီးပေးလာဖို့အတွက် တောင်းဆိုမယ်။ တကယ်လို့ နိုင်ငံတော်အနေနဲ့ ချေးငွေမထုတ်ပေးနိုင်ဘူးဆိုရင်လည်း သက်ဆိုင်ရာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့အတွက်ပေါ့။ ကျွန်တော်တို့ပြောင်းလုပ်ငန်းအသင်းအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ၊ တတ်စွမ်းသလောက် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားဖို့တွေ ရှိပါတယ်။
ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဌ ဦးမင်းခိုင် က ပြောသည်။
မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေး မကွေးတိုင်း(ပခုက္ကူခရိုင်)၊ မန္တလေးတိုင်း(မြင်းခြံခရိုင်)၊ နေပြည်တော်အနီးတဝိုက်၊ ဧရာဝတီတိုင်းတို့၌ စိုက်ပျိုးထုတ်လုပ်နေပြီး၊ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချနေသည်။
ပြောင်းဈေးကွက်ကလည်း အခုအချိန်မှာ ဈေးနှုန်းအတက်ပိုင်းမှာ ရပ်တည်နေပါတယ်။ ပြောင်းဈေးကောင်း ဈေးတက်နေတဲ့ အခြေအနေပါ။ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက UMFCCI နဲ့လည်း ချိတ်ဆက်လုပ်ထားပြီးပြီ ဖြစ်တာကြောင့် နောက်ပိုင်းမှာ မြန်မာ့ ပြောင်းဈေးကွက်တိုးတက်စေဖို့ အများကြီးလုပ်ဆောင်နိုင်လာမှာပါ။ မြန်မာ့ပြောင်းကို ဟိုတုန်းကလို တရုတ်နိုင်ငံတစ်ခုတည်းတင် မဟုတ်တော့ပဲ၊ အခုလောလောဆယ်မှာ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ကိုလည်း တင်ပို့ရောင်းချနေပါပြီ။
ဟု ဦးမင်းခိုင် က ဆက်လက်ပြောသည်။
လက်ရှိဈေးကွက်တွင် အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် (၅၀၀) ကျပ်မှ (၆၀၀)ကျပ် အတွင်း ဈေးနှုန်းများ ရရှိနေပြီး၊ ဒေသအလိုက် ဈေးနှုန်းအနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်း သိရသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022