ဈေးကွက်အတွင်း “ဝါး”လိုအပ်ချက်များပြားနေ
ပြည်တွင်းဈေးကွက်အတွင်း “ဝါး”လိုအပ်ချက်များပြား၍ ဈေးကွက်မှာ ရေရှည်ခိုင်မာမှုရှိနေကြောင်း မြန်မာနိုင်ငံ “ဝါး”စိုက်ပျိုးရေးအသင်းမှ သိရသည်။
နိုင်ငံရဲ့ “ဝါး”လိုအပ်ချက်ကိုက သန်းလေးရာလောက် လိုအပ်နေတာကိုး။ ကိုယ့်နိုင်ငံထဲ မှာတင် လိုအပ်ချက်ကများနေတာ။ မျှစ်ကလည်း သဘာဝအတိုင်း ထွက်နေတာတောင် တောက်လျှောက်ကို ဝယ်လက်ရှိနေတာ။ မျှစ်စက်ရုံတွေဆို မျှစ်ကို နေရာအနှံ့က လိုက်လံ ဝယ်ယူနေကြတယ်။ ဒါတောင် လိုအပ်ချက် အပြည့်အဝမရတာမျိုး တွေ့နေရတယ်။ နောက်တစ်ခုက ဝါးက စက်မှုကုန်ကြမ်းသီးနှံအမျိုးအစားတစ်ခုလည်း ဖြစ်သွားပြီဆိုတော့ နိုင်ငံတော်ရဲ့ ကူညီအားပေးမှုတွေလည်း အများကြီးဖြစ်ထွန်းလာဖို့ ရှိပါတယ်။
ဟု မြန်မာနိုင်ငံ “ဝါး”စိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်း က ပြောသည်။
ဒေသအလိုက် ဈေးကွက်လိုအပ်ချက်ပေါ် မူတည်၍ ကြက်သောင်းဝါး၊ ဝါးပိုးဝါး၊ မျှစ်ချိုဝါး၊ သိုက်ဝါး၊ မျှင်ဝါး၊ ဝါးနက်ဝါး၊ ထီးရိုးဝါး စသည့် ဝါးအမျိုးအစားတို့မှ မျှစ်စို၊ မျှစ်ခြောက်၊ မျှစ်ချဉ်များ ထုတ်လုပ်ရောင်းချနေကြသည်။
သရက်၊ ဖရဲသခွားတို့ကို စိုက်ပျိုးထားတယ်ဆိုရင် ဒီအချိန်မှာ ခူးဆွတ်ရမယ့်အသီးက ခူးကိုခူးရမှာပဲ။ ကျန်တဲ့သီးနှံတွေလည်း ဒီအတိုင်းပဲ။ မျှစ်ကတော့ ဒီအချိန်မှာ ချိုးကို ချိုးရမယ်လို့ ကန့်သတ်ချက် မရှိဘူး။ တစ်ပေအရွယ်မှာ မျှစ်ချိုးမလား၊ ငါးပေအရွယ်မှ ချိုးမလား၊ ချိုးပြီးမှ မျှစ်စိမ်း မရောင်းဖြစ်ဘူးဆို ပြုတ်ပြီး ရောင်းလို့ရသေးတယ်လေ။ ပြုတ်ပြီး ရောင်းလို့မှ အဆင်မပြေဘူးဆို အခြောက်လှမ်းထားမလား၊ မျှစ်ချဉ်တည်လိုက်မလား အဆင်ပြေတယ်။ လွှင့်ပစ်လိုက်ရတယ်ဆိုတာ မရှိဘူး။ မျှစ်မချိုးဖြစ်လိုက်လို့ ဝါးဖြစ်သွားလည်း အသုံးတည့်တာပဲလေ။ လုံးလုံးဆုံးရှုံးတဲ့ အမျိုးအစားထဲမပါဘူး။
ဟု ဦးကျော်ဝင်း က ဆက်လက်ပြောသည်။
ကမ္ဘာပေါ်တွင် “ဝါး” မျိုးစိတ်ပေါင်းများစွာရှိသည့်အနက်၊ မျိုးစိတ်ပေါင်း ၁၀၀ ကျော်ကို စီးပွားဖြစ် အသုံးပြုရန် စိုက်ပျိုးထုတ်လုပ်နေကြသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....