မိုးကြက်သွန်အထွက်နှုန်းကောင်းမွန်သဖြင့် တောင်သူများအဆင်ပြေနေ
ယခုနှစ်အတွင်း မိုးကြက်သွန် စိုက်ပျိုးသူအများစုမှာ အထွက်နှုန်းကောင်းမွန်သဖြင့် စိုက်ပျိုးရကျိုးနပ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကြက်သွန်စိုက်ပျိုးသူများထံမှ သိရသည်။
"မိုးကြက်သွန်တွေက တူးတဲ့လူတွေတူးကုန်ကြပြီ။ ဒီနေ့စတူးတဲ့သူလည်း ရှိတယ်၊ မနေ့ကမှ စတူးတဲ့သူလည်း ရှိတယ်။ ဇန်နဝါရီလကုန်လောက်မှ ပေါ်မယ့်သူတွေလည်း ရှိတာပေါ့နော်။ အခုပေါ်နေတဲ့ ကြက်သွန်တွေက စက်တင်ဘာလလယ်လောက်က စိုက်ထားတဲ့အခင်းတွေပါ။ အခုလောလောဆယ်အရပြောရရင် မိုးကြက်သွန်ဈေးက မဆိုးပါဘူး။ စိုက်ရကျိုးနပ်ပါတယ်။ ဈေးနှုန်းတွေက ဖြည်းဖြည်းချင်း တက်နေပါတယ်။ ဒီနှစ်မှာ ရာသီဥတုလည်း မဖောက်ပြန်တဲ့အတွက် ဆေးလည်း သိပ်မသုံးခဲ့ရဘူး။ အထွက်နှုန်းလည်း သိပ်မဆိုးဘူးပြောရမယ်။"
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ တည်တောရွာမှ သီးနှံစုံစိုက်ပျိုးသူ ကိုလွှမ်းမိုးအောင် က ပြောသည်။
လက်ရှိဈေးကွက်အတွင်း အရည်အသွေးကောင်း ပခုက္ကူကြက်သွန်တစ်ပိဿာလျှင် ၅၅၀ ကျပ်မှ ၆၀၀ ကျပ်၊ ရွှေဘိုကြက်သွန် တစ်ပိဿာလျှင် ၆၅၀ ကျပ်မှ ၇၀၀ ကျပ်၊ မြစ်သားကြက်သွန် တစ်ပိဿာလျှင် ၉၀၀ ကျပ်မှ ၉၅၀ ကျပ် ဈေးနှုန်းများ အသီးသီးပေါက်ဈေး ရှိနေကြောင်း သိရသည်။
"ပုံမှန်ကတော့ ကြက်သွန်နီက စိုက်ပျိုးပြီး ၃ လခွဲအကြာမှာ တူးဖော်ရောင်းချကြပါတယ်။ ကြက်သွန်ဈေးတွေက အရည်အသွေးနဲ့ အလုံးလှမလှအပေါ်လည်း မူတည်တယ်။ ရွှေဘိုနယ်က ကြက်သွန်ထက် မြစ်သားကြက်သွန်က ပိုဈေးကောင်းရတယ်။ မြစ်သားကြက်သွန်က ဥလုံးလေးတွေ ပိုလှတယ်။ ကျွန်တော်တို့ ရွှေဘိုကြက်သွန်ကျတော့ မြစ်သားကြက်သွန်လောက်လည်း အသားမနုဘူး၊ ပခုက္ကူကြက်သွန်လောက်လည်း အသားမကြမ်းဘူး။ အလယ်အလတ်ပါပဲ။"
ဟု ၎င်းက ဆက်လက်ပြောသည်။
ကြက်သွန်နီကို မြန်မာနိုင်ငံအလယ်ပိုင်း (ဆိပ်ဖြူ၊ ပခုက္ကူ၊ မြင်းခြံ၊ မြစ်သား၊ ကျောက်ဆည်၊ ရွှေဘို) စသည့် ဒေသများတွင် အဓိကစိုက်ပျိုးကြပြီး၊ သွင်းအားစုစရိတ် အတက်အကျနှင့် ရာသီဥတုအခြေအနေတို့အပေါ်မူတည်၍ တစ်ဧကစိုက်ပျိုးစရိတ်စုစုပေါင်း ကျပ်(၆)သိန်းမှ ကျပ်(၈)သိန်းဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရှိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကြက်သွန်နီဈေးကွက်
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022